[Zawgyi]

Apple နဲ႔ ပတ္သက္ၿပီး ထြက္ေပၚလာတဲ့ ေကာလာဟလ တစ္ခုကေတာ့ မ်က္ႏွာျပင္အ႐ြယ္အစား 4.7-inch နဲ႔ iPhone ကို လာမယ့္ ၂၀၂၀ မတ္လမွာ ေဈးကြက္ထဲကို ပို႔ေဆာင္မယ္ ဆိုတာပါပဲ။ ဒီ iPhone မွာ A13 chipset အသုံးျပဳထားမွာျဖစ္ၿပီး 128GB of Storage လည္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီသတင္းဟာ DigiTimes, Economic Daily Times စတဲ့ မီဒီယာေတြမွာလည္း ေဖာ္ျပထားတာေၾကာင့္ အေတာ္ေလးကို စိတ္ဝင္စားစရာ ေကာလာဟလလို႔ ဆိုရမွာပါ။ ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက ဒီ iPhone ရဲ႕ တန္ဖိုးက $650 (၉ သိန္း ၉ေသာင္းဝန္းက်င္) ဆိုတာပါပဲ။

မ်က္ႏွာျပင္အ႐ြယ္အစားေၾကာင့္ ဒီ iPhone ဟာ iPhone 8 ကို ျပန္ျပဳျပင္ထားတယ္လို႔ ဆိုၾကပါတယ္။ အခ်ိဳ႕ကလည္း iPhone SE ေနရာ အစားထိုးဖို႔ ဒီလို ထုတ္လုပ္တာလည္း ျဖစ္ႏိုင္ဖြယ္ ရွိတယ္လို႔သုံးသပ္ၾကပါတယ္။ iPhone 8S ဆိုတဲ့ အမည္နဲ႔လည္း ေဈးကြက္ထဲကို ေရာက္လာႏိုင္တယ္လို႔ ေကာလာဟလလည္း ထြက္ေနၿပီ ျဖစ္ပါတယ္။

Apple ဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ OLED မ်က္ႏွာျပင္နဲ႔ iPhone XI, XI Max ေတြကို ေက်ာဘက္ ကင္မရာသုံးလုံး(ultra-wide, regular and tele)နဲ႔အတူ ျဖန႔္ခ်ိသြားမယ္လို႔ သိရပါတယ္။ iPhone XR ေနာက္ဆက္ခံတဲ့ ဖုန္းကေတာ့ LCD မ်က္ႏွာျပင္နဲ႔ပဲ ျဖစ္ၿပီး (regular + either ultra-wide or tele) စတဲ့ေက်ာဘက္ ကင္မရာႏွစ္လုံးနဲ႔ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

4.7-inch Display နဲ့ iPhone ကို ၂၀၂၀ မှာ မိတ်ဆက်လာဦးမယ်လို့ သတင်းထွက်ပေါ်လာ

Apple နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလ တစ်ခုကတော့ မျက်နှာပြင်အရွယ်အစား 4.7-inch နဲ့ iPhone ကို လာမယ့် ၂၀၂၀ မတ်လမှာ ဈေးကွက်ထဲကို ပို့ဆောင်မယ် ဆိုတာပါပဲ။ ဒီ iPhone မှာ A13 chipset အသုံးပြုထားမှာဖြစ်ပြီး 128GB of Storage လည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းဟာ DigiTimes, Economic Daily Times စတဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားတာကြောင့် အတော်လေးကို စိတ်ဝင်စားစရာ ကောလာဟလလို့ ဆိုရမှာပါ။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဒီ iPhone ရဲ့ တန်ဖိုးက $650 (၉ သိန်း ၉သောင်းဝန်းကျင်) ဆိုတာပါပဲ။

မျက်နှာပြင်အရွယ်အစားကြောင့် ဒီ iPhone ဟာ iPhone 8 ကို ပြန်ပြုပြင်ထားတယ်လို့ ဆိုကြပါတယ်။ အချို့ကလည်း iPhone SE နေရာ အစားထိုးဖို့ ဒီလို ထုတ်လုပ်တာလည်း ဖြစ်နိုင်ဖွယ် ရှိတယ်လို့သုံးသပ်ကြပါတယ်။ iPhone 8S ဆိုတဲ့ အမည်နဲ့လည်း ဈေးကွက်ထဲကို ရောက်လာနိုင်တယ်လို့ ကောလာဟလလည်း ထွက်နေပြီ ဖြစ်ပါတယ်။

Apple ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ OLED မျက်နှာပြင်နဲ့ iPhone XI, XI Max တွေကို ကျောဘက် ကင်မရာသုံးလုံး(ultra-wide, regular and tele)နဲ့အတူ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ iPhone XR နောက်ဆက်ခံတဲ့ ဖုန်းကတော့ LCD မျက်နှာပြင်နဲ့ပဲ ဖြစ်ပြီး (regular + either ultra-wide or tele) စတဲ့ကျောဘက် ကင်မရာနှစ်လုံးနဲ့ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena