[Zawgyi]

႐ုရွားပါလီမန္ ေအာက္လႊတ္ေတာ္ဟာ ႐ုရွား ေဆာ့ဖ္ဝဲေတြကို Pre-installed လုပ္မထားတဲ့ Devices အခ်ိဳ႕ကို ႏိုင္ငံတြင္း တင္သြင္းေရာင္းခ်ျခင္းကို တားျမစ္ဖို႔ ဥပေဒတစ္ရပ္ အေကာင္အထည္ေပၚေပါက္လာဖို႔ ႀကိဳးပမ္းေနပါတယ္။ BBC ရဲ႕ သတင္းေဖာ္ျပခ်က္အရ ဒီဥပေဒဟာ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လမွာ စတင္ၿပီး အသက္ဝင္လာမယ္လို႔လည္း သိရပါတယ္။

ဒီမတိုင္မီမွာေတာ့ ႐ုရွားအစိုးရဟာ မျဖစ္မေနထည့္သြင္းရမယ့္ Software ေတြနဲ႔ Gadgets ေတြကို ထုတ္ျပန္ေၾကညာမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Apple ရဲ႕ iPhone အပါအဝင္ စမတ္ဖုန္းအခ်ိဳ႕ဟာ လာမယ့္ႏွစ္ဝက္ေလာက္ကစၿပီး ရရွားေဈးကြက္မွာ ေရာင္းခ်ျခင္းကေန ပိတ္ပင္ခံရႏိုင္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ဒီဥပေဒကို ပူးတြဲေရးဆြဲသူတစ္ဦးျဖစ္တဲ့ Oleg Nikolayev ကေတာ့ အခုလိုျပဳလုပ္ရျခင္းဟာ ႐ုရွားျပည္သူေတြအေနနဲ႔ ေ႐ြးခ်ယ္စရာ Software ေတြရွိေနတယ္ဆိုတာကို ပိုၿပီး သိလာေစဖို႔ ျဖစ္တယ္လို႔ ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ ႐ုရွားလူမ်ိဳးအမ်ားစုဟာ စမတ္ဖုန္းနဲ႔ Device ေတြမွာ ႀကိဳတင္ထည့္သြင္းေပးထားတဲ့ Software ေတြကိုပဲ သုံးေလ့ရွိၾကၿပီး ေ႐ြးခ်ယ္စရာမရွိဘူးလို႔ ထင္မွတ္ေနၾကေၾကာင္း၊ ျပည္တြင္းထုတ္ Software မ်ားစြာကို ေ႐ြးခ်ယ္ႏိုင္မွန္း မသိၾကတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း Google ဟာ Android စမတ္ဖုန္း ထုတ္လုပ္ေရးလုပ္ငန္းေတြကို Google Search နဲ႔ Chrome ေတြ ႀကိဳတင္ထည့္သြင္းေပးထားဖို႔ ဖိအားေပးခဲ့ေၾကာင္း EU ကေတြ႕ရွိခဲ့တာေၾကာင့္ ဒဏ္ေၾကးေငြ ၅ ဘီလီယံခ်မွတ္ျခင္း ခံခဲ့ရပါတယ္။ ဒီလိုႀကိဳတင္ထည့္သြင္းထားတာေၾကာင့္ လူအမ်ားစုဟာ ေ႐ြးခ်ယ္စရာမရွိဘူးလို႔ ထင္မွတ္ကုန္ၾကတယ္လို႔လည္း ဆိုပါတယ္။

ဒါေပမယ့္လည္း ဒီဥပေဒကို ႐ုရွားျပည္သူလူထုအားလုံးကေတာ့ ေထာက္ခံၾကဖြယ္မရွိဘူးလို႔လည္း ယူဆရပါတယ္။ အေၾကာင္းက ျပည္တြင္းထုတ္ Software ေတြကို အသုံးခ်ၿပီး စုံစမ္းေထာက္လွမ္းျခင္းေတြ ျပဳလုပ္လာမွာ စိုးရိမ္ၾကတာပဲ ျဖစ္ပါတယ္။ ကုန္သြယ္ေရ:ကုမၸဏီမ်ားႏွင့္ အိမ္သုံးလွ်ပ္စစ္ႏွင့္ ကြန္ပ်ဴတာထုတ္လုပ္သူမ်ားအသင္း (RATEK) ကလည္း ႐ုရွားလုပ္ Software ေတြကို ႀကိဳတင္ထည့္သြင္းထားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

Apple ရဲ႕ iOS စနစ္ဟာ သီးသန႔္ျဖစ္ၿပီး Closed system ျဖစ္တာေၾကာင့္ ခြင့္ျပဳထားျခင္းမရွိတဲ့၊ အတည္ျပဳထားျခင္းမရွိတဲ့ ႐ုရွား Software ေတြကို ႀကိဳတင္ထည့္သြင္းထားဖြယ္ မရွိဘူးလို႔ ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ အျခားထုတ္လုပ္မႈလုပ္ငန္းေတြကလည္း ႐ုရွားေဈးကြက္ကေန ထြက္ခြာသြားတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။

Ref: Phone Arena

[Unicode]

လာမယ့်နှစ်အတွင်း ရုရှားမှာ iPhone ရောင်းချခွင့် ပိတ်ပင်ခံရဖွယ်ရှိနေတဲ့ Apple

ရုရှားပါလီမန် အောက်လွှတ်တော်ဟာ ရုရှား ဆော့ဖ်ဝဲတွေကို Pre-installed လုပ်မထားတဲ့ Devices အချို့ကို နိုင်ငံတွင်း တင်သွင်းရောင်းချခြင်းကို တားမြစ်ဖို့ ဥပဒေတစ်ရပ် အကောင်အထည်ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေပါတယ်။ BBC ရဲ့ သတင်းဖော်ပြချက်အရ ဒီဥပဒေဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ စတင်ပြီး အသက်ဝင်လာမယ်လို့လည်း သိရပါတယ်။

ဒီမတိုင်မီမှာတော့ ရုရှားအစိုးရဟာ မဖြစ်မနေထည့်သွင်းရမယ့် Software တွေနဲ့ Gadgets တွေကို ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။ ဒါကြောင့် Apple ရဲ့ iPhone အပါအဝင် စမတ်ဖုန်းအချို့ဟာ လာမယ့်နှစ်ဝက်လောက်ကစပြီး ရရှားဈေးကွက်မှာ ရောင်းချခြင်းကနေ ပိတ်ပင်ခံရနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဒီဥပဒေကို ပူးတွဲရေးဆွဲသူတစ်ဦးဖြစ်တဲ့ Oleg Nikolayev ကတော့ အခုလိုပြုလုပ်ရခြင်းဟာ ရုရှားပြည်သူတွေအနေနဲ့ ရွေးချယ်စရာ Software တွေရှိနေတယ်ဆိုတာကို ပိုပြီး သိလာစေဖို့ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုရှားလူမျိုးအများစုဟာ စမတ်ဖုန်းနဲ့ Device တွေမှာ ကြိုတင်ထည့်သွင်းပေးထားတဲ့ Software တွေကိုပဲ သုံးလေ့ရှိကြပြီး ရွေးချယ်စရာမရှိဘူးလို့ ထင်မှတ်နေကြကြောင်း၊ ပြည်တွင်းထုတ် Software များစွာကို ရွေးချယ်နိုင်မှန်း မသိကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Google ဟာ Android စမတ်ဖုန်း ထုတ်လုပ်ရေးလုပ်ငန်းတွေကို Google Search နဲ့ Chrome တွေကို ကြိုတင်ထည့်သွင်းပေးထားဖို့ ဖိအားပေးခဲ့ကြောင်း EU ကတွေ့ရှိခဲ့တာကြောင့် ဒဏ်ကြေးငွေ ၅ ဘီလီယံချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုကြိုတင်ထည့်သွင်းထားတာကြောင့် လူအများစုဟာ ရွေးချယ်စရာမရှိဘူးလို့ ထင်မှတ်ကုန်ကြတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီဥပဒေကို ရုရှားပြည်သူလူထုအားလုံးကတော့ ထောက်ခံကြဖွယ်မရှိဘူးလို့လည်း ယူဆရပါတယ်။ အကြောင်းက ပြည်တွင်းထုတ် Software တွေကို အသုံးချပြီး စုံစမ်းထောက်လှမ်းခြင်းတွေ ပြုလုပ်လာမှာ စိုးရိမ်ကြတာပဲ ဖြစ်ပါတယ်။ ကုန်သွယ်ရေ:ကုမ္ပဏီများနှင့် အိမ်သုံးလျှပ်စစ်နှင့် ကွန်ပျူတာထုတ်လုပ်သူများအသင်း (RATEK) ကလည်း ရုရှားလုပ် Software တွေကို ကြိုတင်ထည့်သွင်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Apple ရဲ့ iOS စနစ်ဟာ သီးသန့်ဖြစ်ပြီး Closed system ဖြစ်တာကြောင့် ခွင့်ပြုထားခြင်းမရှိတဲ့၊ အတည်ပြုထားခြင်းမရှိတဲ့ ရုရှား Software တွေကို ကြိုတင်ထည့်သွင်းထားဖွယ် မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အခြားထုတ်လုပ်မှုလုပ်ငန်းတွေကလည်း ရုရှားဈေးကွက်ကနေ ထွက်ခွာသွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

Ref: Phone Arena