ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကြောင် အမေရိကန်နိုင်ငံဟာ ထိခိုက်မှုတွေကြီးမားနေသလို အမေရိကန်ကုမ္ပဏီအတော်များများ ရုန်းကန်နေရပေမယ့်လည်း Apple ကတော့ အံ့အားသင့်ဖွယ်ကောင်းအောင် တရုတ်ဈေးကွက်မှာ ရောင်းအားမြင့်တက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကမ္ဘာ့ အကြီးမားဆုံးစမတ်ဖုန်းဈေးကွက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တရုတ်ဈေးကွက်ကလည်း ကပ်ရောဂါကြောင့် ပုံမှန်လည်ပတ်မှု ရပ်တန့်ခဲ့ရပေမယ့် စောစီးစွာနဲ့ ပြန်လည်ကုစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် မတ်လကတည်းကစလို့ ဈေးကွက်တွင်းရောင်းလိုအားတွေက ပြန်လည်တိုးတက်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် Apple ကလည်း  တရုတ်ဈေးကွက်ရဲ့ လည်ပတ်မှုကိုမှီပြီး ဧပြီလအတွင်းမှာ iPhone ရောင်းအား ပြန်လည်မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ ဧပြီလဟာ Apple အတွက်တော့ ၂၀၂၀ ပထမသုံးလပတ်တွင်းက ရှေ့သုံးလထက် သိသာတဲ့ ရောင်းအားမြင့်တက်မှု ကြုံတွေ့ရတယ်လို့ CNBC က ရေးသားဖော်ပြခဲ့ပါတယ်။

မတ်လအတွင်း နာလံပြန်ထူလာတဲ့ တရုတ်စီးပွားရေးနဲ့အတူ စမတ်ဖုန်းရောင်းဝယ်ဖောက်ကားမှုကလည်း ပြန်လည်ပတ်လာခဲ့ကြောင်း၊ ဧပြီလမှာ သိသိသာသာတိုးတက်လာခဲ့ပြီး စမတ်ဖုန်းတင်ပို့ရောင်းချမှု စုစုပေါင်း ၄၀.၇၈၂ သန်း ရှိခဲ့ကြောင်း တရုတ်သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာအင်စတီကျုက ဆိုပါတယ်။

CINNO သုတေသနရဲ့ အစီရင်ခံစာမှာလည်း Apple ဟာ ဧပြီလမှာ iPhone ၃.၉ သန်းရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ 160% MoM လည်း ဖြစ်ပါတယ်။ ဒီထဲမှာမှ ၂၄% ဟာ ပြီးခဲ့တဲ့လ နှောင်းပိုင်းမှ ရခဲ့တဲ့ iPhone SE 2020 ဖြစ်ခဲ့ပါတယ်။ နှိုင်းယှဉ်မှုအနေနဲ့ ကုမ္ပဏီဟာ မတ်လတွင်းမှာ iPhone ပေါင်း ၁.၉ သန်းပဲ ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။

Ref: Gizmochina