[Zawgyi]

Apple က ၂၀၁၆ ခုႏွစ္မွာ ၄ လက္မ iPhone SE ကို ေၾကညာခဲ့ပါတယ္။ အဲဒီ ဖုန္းရဲ႕ အစိတ္အပိုင္းေတြဟာ iPhone 6S နဲ႔တူၿပီး ဒီဇိုင္းပိုင္းမွာ iPhone 5 နဲ႔ ဆင္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာေတာ့ iPhone SE 2 ကို ခ်ျပမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ Apple က ၿပီးခဲ့တဲ့ လမွာ iPhone Series အသစ္ေတြကို ေၾကညာခဲ့ၿပီး iPhone SE 2 မပါလာခဲ့ပါဘူး။ အခုေတာ့ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က iPhone SE 2 ကို ၂၀၂၀ ခုႏွစ္ရဲ႕ ပထမ ၃ လအတြင္းမွာ ေၾကညာမယ္လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့လကလည္း Nikkei က iPhone SE 2 ကို အဲဒီ အခ်ိန္မွာ ခ်ျပမယ္လို႔ ေျပာခဲ့ပါတယ္။

Kuo က iPhone SE 2 ရဲ႕ ဒီဇိုင္းဟာ iPhone 8 နဲ႔ တူမယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ iPhone X မွာလို Notched Screen မပါလာႏုိင္ပါဘူး။ Screen ရဲ႕ ေဘးေဘာင္ေတြက ထူႏုိင္ပါတယ္။ ဒီဇိုင္းအျပင္ iPhone SE 2 ရဲ႕ Specs ေတြကလည္း iPhone 8 နဲ႔ တူမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးထုတ္ Apple A13 Chip နဲ႔ 3GB RAM ပါလာႏုိင္ပါတယ္။ ၄.၇ လက္မ LCD Display နဲ႔ Home Button အေျချပဳ Touch ID ထည့္ထားႏုိင္ပါတယ္။

Kuo က iPhone SE 2 ရဲ႕ ေစ်းႏႈန္းကိုေတာ့ မေျပာေသးပါဘူး။ ဒါေပမယ့္ သူက လာမယ့္ႏွစ္မွာ Apple က အလံုးေရ သန္း ၃၀ ကေန သန္း ၄၀ အတြင္း ေရာင္းခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာပါတယ္။ iPhone SE 2 ကို ေရာင္းခ်တာနဲ႔ iPhone 8 ေရာင္းတာကို ရပ္နားသြားႏုိင္ပါတယ္။ 32GB iPhone SE 2 ကို ၃၉၉ ေဒၚလာေလာက္နဲ႔ ေရာင္းႏိုင္ၿပီး ျမန္မာေငြ ၆ သိန္းေလာက္ရွိႏုိင္ပါတယ္။

Kuo က Apple ဟာ လက္ရွိ iPhone 6 ကိုင္ထားသူေတြအတြက္ iPhone SE 2 ကို ရည္ရြယ္ထုတ္လုပ္တာလို႔ ေျပာပါတယ္။ မၾကာခင္က ေၾကညာထားတဲ့ iOS 13 ကို iPhone 6 နဲ႔ 6 Plus မွာ မရရွိေတာ့ပါဘူး။ အဲဒီအတြက္ ကုမၸဏီက iPhone 6 ပိုင္ရွင္ေတြကို iPhone SE 2 ေျပာင္းကိုင္ေစခ်င္ေနပံုေပၚပါတယ္။

Ref : gizmochina

[Unicode]

Apple iPhone SE 2 ရဲ့ Design နဲ့ Key Specs တွေ ထွက်ပေါ်လာ

Apple က ၂၀၁၆ ခုနှစ်မှာ ၄ လက်မ iPhone SE ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ အစိတ်အပိုင်းတွေဟာ iPhone 6S နဲ့တူပြီး ဒီဇိုင်းပိုင်းမှာ iPhone 5 နဲ့ ဆင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ iPhone SE 2 ကို ချပြမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ Apple က ပြီးခဲ့တဲ့ လမှာ iPhone Series အသစ်တွေကို ကြေညာခဲ့ပြီး iPhone SE 2 မပါလာခဲ့ပါဘူး။ အခုတော့ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က iPhone SE 2 ကို ၂၀၂၀ ခုနှစ်ရဲ့ ပထမ ၃ လအတွင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း Nikkei က iPhone SE 2 ကို အဲဒီ အချိန်မှာ ချပြမယ်လို့ ပြောခဲ့ပါတယ်။

Kuo က iPhone SE 2 ရဲ့ ဒီဇိုင်းဟာ iPhone 8 နဲ့ တူမယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone X မှာလို Notched Screen မပါလာနိုင်ပါဘူး။ Screen ရဲ့ ဘေးဘောင်တွေက ထူနိုင်ပါတယ်။ ဒီဇိုင်းအပြင် iPhone SE 2 ရဲ့ Specs တွေကလည်း iPhone 8 နဲ့ တူမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးထုတ် Apple A13 Chip နဲ့ 3GB RAM ပါလာနိုင်ပါတယ်။ ၄.၇ လက်မ LCD Display နဲ့ Home Button အခြေပြု Touch ID ထည့်ထားနိုင်ပါတယ်။

Kuo က iPhone SE 2 ရဲ့ ဈေးနှုန်းကိုတော့ မပြောသေးပါဘူး။ ဒါပေမယ့် သူက လာမယ့်နှစ်မှာ Apple က အလုံးရေ သန်း ၃၀ ကနေ သန်း ၄၀ အတွင်း ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ iPhone SE 2 ကို ရောင်းချတာနဲ့ iPhone 8 ရောင်းတာကို ရပ်နားသွားနိုင်ပါတယ်။ 32GB iPhone SE 2 ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၆ သိန်းလောက်ရှိနိုင်ပါတယ်။

Kuo က Apple ဟာ လက်ရှိ iPhone 6 ကိုင်ထားသူတွေအတွက် iPhone SE 2 ကို ရည်ရွယ်ထုတ်လုပ်တာလို့ ပြောပါတယ်။ မကြာခင်က ကြေညာထားတဲ့ iOS 13 ကို iPhone 6 နဲ့ 6 Plus မှာ မရရှိတော့ပါဘူး။ အဲဒီအတွက် ကုမ္ပဏီက iPhone 6 ပိုင်ရှင်တွေကို iPhone SE 2 ပြောင်းကိုင်စေချင်နေပုံပေါ်ပါတယ်။

Ref : gizmochina