iPhone SE 2020 ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနဲ့ ထိုင်ဝမ် အပါအဝင် နိုင်ငံပေါင်း ၄၀ မှာ ပထမ အသုတ်အနေနဲ့ တရားဝင် ရောင်းချပေးလိုက်ပါတယ်။ အလုံးရေ ဘယ်လောက် ရောင်းပေးမလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် အကန့်အသတ်နဲ့ ရောင်းပေးမယ်လို့ ထင်ပါတယ်။ ဧပြီလ ၁၇  ရက်နေ့မှာ ကြိုတင်မှာယူထားသူတွေကို အစောဆုံး အနေနဲ့ မေလ ၁ ရက်ကနေ မေလ ၅ ရက်နေ့အတွင်း ပို့ဆောင်ပေးမှာ ဖြစ်ပြီး တချို့ကိုတော့ မေလ ၆ ရက်နေ့နောက်ပိုင်းကျမှ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတချို့မှာ ရောင်းချပေးထားတဲ့ iPhone SE 2020 ရဲ့ ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

iPhone SE 2020 ကို ဒုတိယ အသုတ် အနေနဲ့ မေလ ၅ ရက်နောက်ပိုင်းမှာ ရောင်းချပေးနိုင်ပါတယ်။

iPhone SE 2020 ဟာ iPhone 8 ကို အခြေပြု တည်ဆောက်ထားပြီး iPhone 11 မှာ ပါတဲ့ နောက်ဆုံးထုတ် A13 Chipset မောင်းနှင်ထားပါတယ်။ ကင်မရာ ဆော့ဖ်ဝဲ ပိုကောင်းလာပြီး အနက်၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

ref : gsmarena