Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက $399 တန် iPhone SE (2020) ကို မိတ်ဆက်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ အဆိုပါ iPhone SE (2020) ဟာ iPhone 8 ကိုယ်ထည်အတိုင်းပြုလုပ်ထားတာဖြစ်ပြီး Chipset ကိုပဲ A13 Bionic Chip ထည့်သွင်းပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Apple အနေနဲ့ အခုနှစ်မှာလည်း iPhone SE ဖုန်းတွေကို အသစ်မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပြီးတော့ iPhone SE အပြင် iPhone SE Plus ဆိုပြီး ၂ မျိုး မိတ်ဆက်လာမှာပါ။ အခုလည်း iPhone SE Plus လို့ ယူဆရတဲ့စမတ်ဖုန်းရဲ့ သတင်းအချက်အလက်အချို့က ပေါက်ကြားလာခဲ့ပါပြီ။

iPhone SE Plus စမတ်ဖုန်းဟာ 6.1″ LCD Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး လက်ရှိ iPhone 12 Series ဖုန်းတွေလိုမျိုးပဲ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာ ယခင် iPhone SE ထက်ပိုကောင်းမယ့်အပြင် 5G Support လည်းပါဝင်မှာဖြစ်ပါတယ်။

6.1″ LCD Display ကို အသုံးပြုမှာဖြစ်တဲ့အတွက် ဖြစ်နိုင်တာက iPhone XR ကိုယ်ထည်နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး နောက်ဖက်မှာလည်း 12MP Single Camera ပဲ ပါဝင်ဖွယ်ရှိနေပါတယ်။ Selfie Camera အနေနဲ့ကတော့ 7MP Sensor ပါဝင်မှာဖြစ်ပြီး Face ID စနစ်လည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။

ကျန်တဲ့အချက်အလက်တွေအနေနဲ့ကတော့ IP67 Rating ၊ Stereo Speaker တွေပါဝင်မှာဖြစ်ပြီး အနည်းဆုံး Black နဲ့ Red ဆိုပြီး အရောင် ၂ မျိုးနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ iPhone SE Plus ကို $499 (မြန်မာငွေ ၆ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China