[Unicode]

လူတွေက Apple ရဲ့ တန်ဖိုးကြီး iPhone တွေထက် တန်ဖိုးသက်သာတဲ့ iPhone တွေကို ပိုကြိုက်လာကြပါတယ်။ Counterpoint Research ရဲ့ စစ်တမ်းအရ iPhone XR ဟာ ၂၀၁၉ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်သလို ကွာတားတိုင်းမှာလည်း ရောင်းအား အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

iPhone XR ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ကွာတား ၄ (အောက်တိုဘာလ ကနေ ဒီဇင်ဘာလ အထိ)ကစပြီး ၂၀၁၉ ခုနှစ်ရဲ့ ကွာတား ၃ (ဇူလိုင်လ ကနေ စက်တင်ဘာလ ) အထိ ရောင်းအား အလန်းဆုံး ဖြစ်ခဲ့ပါတယ်။ iPhone အသစ်တွေထွက်လာပေမယ့်လည်း iPhone XR ကတော့ ပန်းပန်ဆဲပဲ ဖြစ်ပါတယ်။

Counterpoint Research ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Samsung ရဲ့ ဖုန်း ၃ လုံးပါလာခဲ့ပါတယ်။ အားလုံးက A Series တွေ ဖြစ်ပြီး ဈေးချိုကြပါတယ်။ ဒီဇိုင်းနဲ့ Specs တွေက ပေးရတာထက် တန်နေပြီး Samsung ဟာ စွမ်းရည်သင့် ဖုန်း နယ်ပယ်မှာ အောင်မြင်အောင် လုပ်ပြနိုင်တယ်လို့ ပြောရမှာပါ။ Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းတွေတော့ စာရင်းထဲမှာ မပါပါဘူး။

OPPO ရဲ့ A Series ၃ လုံး စာရင်းထဲ ပါလာခဲ့ပြီး OPPO A9, A5s နဲ့ A5 တို့ ဖြစ်ပါတယ်။ Xiaomi ကတော့ Redmi 7A ၁ လုံးပဲပါလာပြီး နံပါတ် ၁၀ နေရာကို Huawei P30 က ရရှိသွားပါတယ်။ စာရင်းကို ကြည့်မယ်ဆိုရင် လူတွေဟာ ဈေးချိုပြီး Specs တွေ လန်းတဲ့ ဖုန်းတွေကို ပိုကြိုက်လာကြတာကို တွေ့ရပါတယ်။

Ref : gizmochina

[Zawgyi]

၂၀၁၉ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်လာတဲ့ Apple iPhone XR





Ref : gizmochina