Zawgyi

ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ေစာင့္စားခဲ့ရတဲ့ iPhone XS Max ရဲ႕ ကင္မရာ Review ထြက္ရွိလို႔လာပါၿပီ။ မိုဘိုင္းဖုန္း ကင္မရာေတြရဲ႕ အရည္အေသြးေတြကို စမ္းသပ္စစ္ေဆးေပးေနတဲ့ DxOMark အေနနဲ႔ iPhone XS Max ရဲ႕ ကင္မရာ စမ္းသပ္ခ်က္ ရလဒ္ေတြကို မေန႔က ထုတ္ျပန္ေၾကျငာခဲ့တာပါ။

iPhone XS Max ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ Aperture f/1.8 ရွိတဲ့ 12MP Camera နဲ႔ Aperture f/2.4 ရွိတဲ့ 12MP Camera ေတြကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.2 ရွိတဲ့ 7MP Camera ကို တပ္ဆင္ထားပါတယ္။ iPhone XS နဲ႔ iPhone XS Max တို႔ရဲ႕ Camera Sensor ေတြက အတူတူဘဲ ျဖစ္တာေၾကာင့္ iPhone XS Max ရဲ႕ အမွတ္စာရင္းဟာလည္း iPhone XS ကို သက္ေရာက္ႏိုင္ပါတယ္။

DxOMark ရွိ အမွတ္ေပးဇယားအရ Apple iPhone XS Max ဟာ ရမွတ္ ၁၀၅မွတ္ ရရွိၿပီး ဒုတိယ ကင္မရာ အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ တတိယေနရာမွာ Samsung Galaxy Note 9 နဲ႔ HTC U12+ တို႔က ပူးတြဲရပ္တည္ေနၿပီး ဇယားထိပ္ဆုံး ပထမေနရာမွာေတာ့ Huawei P20 Pro က မင္းမူေနပါတယ္။

ေအာက္ပါပုံေတြကေတာ့ DxOMark ကေန Apple iPhone XS Max နဲ႔ႏႈိင္းယွဥ္ ႐ိုက္ကူးထားတဲ့ Apple iPhone X, Samsung Galaxy Note 9, Google Pixel 2, Huawei P20 Pro တို႔ရဲ႕ ဓာတ္ပုံမ်ား ျဖစ္ပါတယ္။

iPhone XS Max

Pixel 2

 

iPhone XS Max (Night Mode)

P20 Pro (Night Mode)

Galaxy Note 9 (Night Mode)

iPhone XS Max

iPhone X

P20 Pro

Ref: dxomark, gizmochina

Unicode

DxOMark ရဲ့ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် ဒုတိယနေရာမှာ ရပ်တည်သွားတဲ့ iPhone XS Max

နောက်ဆုံးမှာတော့ ကျွန်တော်တို့ မျှော်လင့်စောင့်စားခဲ့ရတဲ့ iPhone XS Max ရဲ့ ကင်မရာ Review ထွက်ရှိလို့လာပါပြီ။ မိုဘိုင်းဖုန်း ကင်မရာတွေရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးပေးနေတဲ့ DxOMark အနေနဲ့ iPhone XS Max ရဲ့ ကင်မရာ စမ်းသပ်ချက် ရလဒ်တွေကို မနေ့က ထုတ်ပြန်ကြေငြာခဲ့တာပါ။

iPhone XS Max ရဲ့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Aperture f/1.8 ရှိတဲ့ 12MP Camera နဲ့ Aperture f/2.4 ရှိတဲ့ 12MP Camera တွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.2 ရှိတဲ့ 7MP Camera ကို တပ်ဆင်ထားပါတယ်။ iPhone XS နဲ့ iPhone XS Max တို့ရဲ့ Camera Sensor တွေက အတူတူဘဲ ဖြစ်တာကြောင့် iPhone XS Max ရဲ့ အမှတ်စာရင်းဟာလည်း iPhone XS ကို သက်ရောက်နိုင်ပါတယ်။

DxOMark ရှိ အမှတ်ပေးဇယားအရ Apple iPhone XS Max ဟာ ရမှတ် ၁၀၅မှတ် ရရှိပြီး ဒုတိယ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာမှာ Samsung Galaxy Note 9 နဲ့ HTC U12+ တို့က ပူးတွဲရပ်တည်နေပြီး ဇယားထိပ်ဆုံး ပထမနေရာမှာတော့ Huawei P20 Pro က မင်းမူနေပါတယ်။

အောက်ပါပုံတွေကတော့ DxOMark ကနေ နှိုင်းယှဥ် ရိုက်ကူးထားတဲ့ Apple iPhone XS Max နဲ့ Huawei P20 Pro တို့ရဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။

iPhone XS Max

Pixel 2

iPhone XS Max (Night Mode)

P20 Pro (Night Mode)

Galaxy Note 9 (Night Mode)

iPhone XS Max

iPhone X

P20 Pro

Ref: dxomark, gizmochina