[Zawgyi]

Apple ဟာ ျပည္တြင္းအခြန္ေလွ်ာ့ခ်ေရးမူဝါဒ ေနာက္ပိုင္းမွာ သူ႔ရဲ႕ထုတ္ကုန္ေတြကို ေဈးႏႈန္းေတြ ထပ္မံေလွ်ာ့ခ်ခဲ့ျပန္ပါတယ္။ တစ္ခ်ိန္က ေဈးႏႈန္းအျမင့္မားဆုံးျဖစ္ခဲ့တဲ့ iPhone XR, iPhone XS နဲ႔ iPhone XS Max ေတြဟာ အခုအခ်ိန္မွာေတာ တျဖည္းျဖည္းနဲ႔ ေဈးႏႈန္းေတြ ေလ်ာ့က်လာခဲ့ၿပီ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ ထပ္ၿပီးေလွ်ာ့ခ်လိုက္တာဟာ တ႐ုတ္ယြမ္ေငြ၅၀၀ နဲ႔အထက္ ($75) ေလာက္ျဖစ္ပါတယ္။ ဒါေပမယ့္ iPhone ေတြရဲ႕ ေဈးႏႈန္းဟာ ၿပိဳင္ဘက္စမတ္ဖုန္းေတြရဲ႕ အထက္မွာ ရွိေနတုန္းပါပဲ။ Apple ရဲ႕ ေဈးႏႈန္းေျပာင္းလဲမႈက အနည္းငယ္မွ်သာျဖစ္ၿပီး ေလ့လာဆန္းစစ္သူေတြကေတာ့ Huawei ကသာ ေဈးကြက္ကို ႀကီးစိုးထားဦးမယ္လို႔ အခိုင္အမာ ဆိုေနၾကပါတယ္။

iPhone XS ဟာ လက္ရွိအခ်ိန္မွာ CNY8,199 ($1200) ဝန္းက်င္ကေန စတင္ပါတယ္။ ႏႈိင္းယွဥ္မယ္ဆိုရင္ Mate 20 ရဲ႕ ေဈးႏႈန္းက Apple flagship ထက္ အေတာ္မ်ားမ်ားသက္သာေနပါေသးတယ္။ ေဈးႀကီးတယ္လို႔ ေျပာႏိုင္တဲ့ 8/256GB နဲ႔ Mate 20 Pro ရဲ႕ေဈးႏႈန္းကေတာင္ CYN6,299 ($950) ေအာက္မွာ ရွိေနပါတယ္။ Huawei P30 Pro ရဲ႕ တ႐ုတ္ျပည္တြင္းေဈးႏႈန္းကို မသိရေသးေပမယ့္လည္း iPhone ေတြထက္ေတာ့ သက္သာေနမွာ အေသအခ်ာပါပဲ။

MyDrivers ရဲ႕ ထုတ္ျပန္မႈအရ Huawei ဟာ Mate 20 ေတြကို စတင္ေၾကညာၿပီးေနာက္ ေလးလခြဲအတြင္း အလုံးေရေပါင္း ၁၀ သန္းေက်ာ္ ေရာင္းခ်ခဲ့ရၿပီး ျဖစ္ပါတယ္။ ဒီပမာဏဟာ Mate 10 ရဲ႕ ေရာင္းခ်ႏႈန္းစံခ်ိန္ကို ေက်ာ္ျဖတ္သြားတာပါ။ Mate 20 ကို ဝယ္ယူသူေတြက အသက္ ၃၅ ႏွစ္ေအာက္ သုံးစြဲသူေတြျဖစ္တယ္လို႔လည္း MyDrivers ရဲ႕ ေဖာ္ျပခ်က္မွာ ေတြ႕ျမင္ရပါတယ္။

ဒီအခ်က္ေတြကို ၾကည့္ျခင္းအားျဖင့္ iPhone ေတြရဲ႕ တ႐ုတ္ႏိုင္ငံေဈးကြက္တြင္း ေအာင္ျမင္မႈမရျခင္းဟာ ႏိုင္ငံေရးပေယာဂ၊ ကုန္သြယ္ေရးစစ္ပြဲ႐ိုက္ခတ္မႈဆိုတာေတြထက္ သုံးစြဲသူေတြရဲ႕ လိုလားခ်က္၊လိုအပ္ခ်က္ေတြကို မထိေတြ႕ႏိုင္မႈ၊ ေဒသတြင္း ၿပိဳင္ဘက္ေတြနဲ႔ ေဈးႏႈန္းခ်င္း မယွဥ္ႏိုင္မႈေတြေၾကာင့္လို႔ပဲ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

ဈေးထပ်လျှော့လိုက်ပေမယ့် ပြိုင်ဘက်တွေထက် ဈေးပိုများနေတုန်းဖြစ်တဲ့ iPhone

Apple ဟာ ပြည်တွင်းအခွန်လျှော့ချရေးမူဝါဒ နောက်ပိုင်းမှာ သူ့ရဲ့ထုတ်ကုန်တွေကို ဈေးနှုန်းတွေ ထပ်မံလျှော့ချခဲ့ပြန်ပါတယ်။ တစ်ချိန်က ဈေးနှုန်းအမြင့်မားဆုံးဖြစ်ခဲ့တဲ့ iPhone XR, iPhone XS နဲ့ iPhone XS Max တွေဟာ အခုအချိန်မှာတော တဖြည်းဖြည်းနဲ့ ဈေးနှုန်းတွေ လျော့ကျလာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန် ထပ်ပြီးလျှော့ချလိုက်တာဟာ တရုတ်ယွမ်ငွေ၅၀၀ နဲ့အထက် ($75) လောက်ဖြစ်ပါတယ်။ ဒါပေမယ့် iPhone တွေရဲ့ ဈေးနှုန်းဟာ ပြိုင်ဘက်စမတ်ဖုန်းတွေရဲ့ အထက်မှာ ရှိနေတုန်းပါပဲ။ Apple ရဲ့ ဈေးနှုန်းပြောင်းလဲမှုက အနည်းငယ်မျှသာဖြစ်ပြီး လေ့လာဆန်းစစ်သူတွေကတော့ Huawei ကသာ ဈေးကွက်ကို ကြီးစိုးထားဦးမယ်လို့ အခိုင်အမာ ဆိုနေကြပါတယ်။

iPhone XS ဟာ လက်ရှိအချိန်မှာ CNY8,199 ($1200) ဝန်းကျင်ကနေ စတင်ပါတယ်။ နှိုင်းယှဉ်မယ်ဆိုရင် Mate 20 ရဲ့ ဈေးနှုန်းက Apple flagship ထက် အတော်များများသက်သာနေပါသေးတယ်။ ဈေးကြီးတယ်လို့ ပြောနိုင်တဲ့ 8/256GB နဲ့ Mate 20 Pro ရဲ့ဈေးနှုန်းကတောင် CYN6,299 ($950) အောက်မှာ ရှိနေပါတယ်။ Huawei P30 Pro ရဲ့ တရုတ်ပြည်တွင်းဈေးနှုန်းကို မသိရသေးပေမယ့်လည်း iPhone တွေထက်တော့ သက်သာနေမှာ အသေအခြာပါပဲ။

MyDrivers ရဲ့ ထုတ်ပြန်မှုအရ Huawei ဟာ Mate 20 တွေကို စတင်ကြေညာပြီးနော လေးလခွဲအတွင်း အလုံးရေပေါင်း ၁၀ သန်းကျော် ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။ ဒီပမာဏဟာ Mate 10 ရဲ့ ရောင်းချနှုန်းစံချိန်ကို ကျော်ဖြတ်သွားတာပါ။ Mate 20 ကို ဝယ်ယူသူတွေက အသက် ၃၅ နှစ်အောက် သုံးစွဲသူတွေဖြစ်တယ်လို့လည်း MyDrivers ရဲ့ ဖော်ပြချက်မှာ တွေ့မြင်ရပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် iPhone တွေရဲ့ တရုတ်နိုင်ငံဈေးကွက်တွင်း အောင်မြင်မှုမရခြင်းဟာ နိုင်ငံရေးပယောဂ၊ ကုန်သွယ်ရေးစစ်ပွဲရိုက်ခတ်မှုဆိုတာတွေထက် သုံးစွဲသူတွေရဲ့ လိုလားချက်၊လိုအပ်ချက်တွေကို မထိတွေ့နိုင်မှု၊ ဒေသတွင်း ပြိုင်ဘက်တွေနဲ့ ဈေးနှုန်းချင်း မယှဉ်နိုင်မှုတွေကြောင့်လို့ပဲ ဆိုရမှာပါ။

Ref: GSMArena