Unicode

Apple ကနေ လက်ရှိ iOS Device အသုံးပြုနေတဲ့သူတွေကို ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နေ့စဥ် Daily Surprise Gift တွေပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ အခု Surprise Gift တွေကို App Store ကနေတစ်ဆင့် ပေးသွားမှာဖြစ်ပြီးတော့ ဖြစ်နိုင်တာက Paid Game ဒါမှမဟုတ် Paid App တွေကို အခမဲ့ပေးသွားဖို့များနေပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ နေ့စဥ် App Store ကို ဝင်ရောက်ပြီး စစ်ဆေးကြည့်လိုက်တာနဲ့ Apps ၊ Games ဒါမှမဟုတ် Today Tabs တွေမှာ Surprise Gift တွေကို ရရှိမှာဖြစ်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ ယခင်တုန်းကလည်း ဒီလိုမျိုး 12 Days of Christmas အမည်ရတဲ့ Paid App ၊ Digital Music ၊ Television Shows နဲ့ Movie တွေကို လက်ဆောင်ပေးတဲ့ အစီအစဥ်ကို ပြုလုပ်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ပြီးတော့ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အခု Apple ကနေ ပြုလုပ်နေတဲ့ Promotion ကို Australia နဲ့ Asia နိုင်ငံတွေက iPhone အသုံးပြုသူတွေဆီမှာ တွေ့ရပြီးတော့ Global Campaign တစ်ခုမဟုတ်တဲ့အတွက် တချို့သော အသုံးပြုသူတွေဆီမှာတော့ ရရှိမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် iOS Device တွေအသုံးပြုနေတယ်ဆိုရင် Apple ဆီက လက်ဆောင်တွေရရှိအောင် ဒီရက်ပိုင်း App Store ကို စစ်ကြည့်နေတာကတော့ အကောင်းဆုံးဖြစ်မှာပါ။

Ref – Phone Arena

Zawgyi

Apple ကေန လက္ရွိ iOS Device အသုံးျပဳေနတဲ့သူေတြကို ဒီဇင္ဘာလ ၂၄ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ေန႔စဥ္ Daily Surprise Gift ေတြေပးသြားမယ္လို႔ ေၾကညာလိုက္ပါတယ္။ အခု Surprise Gift ေတြကို App Store ကေနတစ္ဆင့္ ေပးသြားမွာျဖစ္ၿပီးေတာ့ ျဖစ္ႏိုင္တာက Paid Game ဒါမွမဟုတ္ Paid App ေတြကို အခမဲ့ေပးသြားဖို႔မ်ားေနပါတယ္။

Apple ရဲ႕ ေျပာၾကားခ်က္အရေတာ့ ေန႔စဥ္ App Store ကို ဝင္ေရာက္ၿပီး စစ္ေဆးၾကည့္လိုက္တာနဲ႔ Apps ၊ Games ဒါမွမဟုတ္ Today Tabs ေတြမွာ Surprise Gift ေတြကို ရရွိမွာျဖစ္တယ္လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ Apple အေနနဲ႔ ယခင္တုန္းကလည္း ဒီလိုမ်ိဳး 12 Days of Christmas အမည္ရတဲ့ Paid App ၊ Digital Music ၊ Television Shows နဲ႔ Movie ေတြကို လက္ေဆာင္ေပးတဲ့ အစီအစဥ္ကို ျပဳလုပ္ခဲ့ဖူးေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္က စတင္ၿပီးေတာ့ ရပ္ဆိုင္းခဲ့တာျဖစ္ပါတယ္။

အခု Apple ကေန ျပဳလုပ္ေနတဲ့ Promotion ကို Australia နဲ႔ Asia ႏိုင္ငံေတြက iPhone အသုံးျပဳသူေတြဆီမွာ ေတြ႕ရၿပီးေတာ့ Global Campaign တစ္ခုမဟုတ္တဲ့အတြက္ တခ်ိဳ႕ေသာ အသုံးျပဳသူေတြဆီမွာေတာ့ ရရွိမွာမဟုတ္ပါဘူး။

ဘာပဲျဖစ္ျဖစ္ iOS Device ေတြအသုံးျပဳေနတယ္ဆိုရင္ Apple ဆီက လက္ေဆာင္ေတြရရွိေအာင္ ဒီရက္ပိုင္း App Store ကို စစ္ၾကည့္ေနတာကေတာ့ အေကာင္းဆုံးျဖစ္မွာပါ။

Ref – Phone Arena