[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္က ေၾကညာခဲ့တဲ့ iPhone XR ဟာ Apple ရဲ႕ နာမည္ႀကီး ဖုန္း တစ္လံုး ျဖစ္ပါတယ္။ အခုေတာ့ အိႏၵိယမွာ အဲဒီဖုန္းကို ထုတ္လုပ္ေရာင္းခ်ေနၿပီလို႔ သိရပါတယ္။  “Assembled in India” စာသားပါတဲ့ iPhone XR ဘူးေတြကို Croma အပါအ၀င္ အီလက္ထေရာနစ္ ပစၥည္းေရာင္းတဲ့ ဆိုင္မ်ားစြာမွာ တင္ထားၾကပါတယ္။ 64GB Model ကို ရူပီး ၄၉,၉၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၀ သိန္းေလာက္ရွိပါတယ္။

Apple ဟာ ကမာၻ႕ ဒုတိယအႀကီးမားဆံုး စမတ္ဖုန္းေစ်းကြက္ ျဖစ္တဲ့ အိႏၵိယမွာ ေရာင္းအားပိုေကာင္းေအာင္ ျပဳလုပ္ေနပံုရပါတယ္။ iPhone ေတြ ေစ်းႀကီးတာေၾကာင့္ ကုမၸဏီဟာ အဲဒီ ႏုိင္ငံမွာ ရုန္းကန္ေနရပါတယ္။ အိႏၵိယမွာေတာ့ ေစ်းခ်ိဳတဲ့ တရုတ္ ဖုန္းေတြဟာ အရမ္းကို ေအာင္ျမင္ေနပါတယ္။

ဒီသတင္းသာ မွန္မယ္ဆိုရင္ iPhone XR ကို Apple ရဲ႕ လက္တြဲေဖာ္ ျဖစ္တဲ့ Foxconn ရဲ႕ Chennai က စက္ရံုမွာ ထုတ္လုပ္ေနတာ ျဖစ္ႏုိင္ပါတယ္။ ဒီလို အိႏၵိယမွာ ဖုန္း ထုတ္တာဟာ အခြန္ႀကီးျမင့္တာကို ေရွာင္ရွားခ်င္တာနဲ႔ အဲဒီ ႏုိင္ငံမွာ ကိုယ္ပိုင္ စတိုးဆိုင္ေတြ ဖြင့္ခ်င္တာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

အိႏၵိယမွာ ဖုန္း ထုတ္တဲ့အတြက္ အခြန္ ၂၀ ရာခုိင္ႏႈန္းေက်ာ္ေလာက္ သက္သာသြားမယ္လို႔ ကုမၸဏီက ေမွ်ာ္လင့္ထားပါတယ္။ တရုတ္နဲ႔ အေမရိကန္တို႔ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ Apple ဟာ တရုတ္ ျပင္ပမွာ ဖုန္းထုတ္လုပ္ဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။ ဒီႏွစ္ အေစာပိုင္းက Apple ဟာ အိႏၵိယမွာ စြမ္းရည္ျမင့္ iPhones ေတြ စတင္ ထုတ္လုပ္ေတာ့မယ္လို႔ Reuters က ေျပာပါတယ္။

Ref : gizmochina

[Unicode]

အိန္ဒိယနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်တဲ့ iPhone XR တွေကို Apple စတင်ရောင်းချ

ပြီးခဲ့တဲ့ နှစ်က ကြေညာခဲ့တဲ့ iPhone XR ဟာ Apple ရဲ့ နာမည်ကြီး ဖုန်း တစ်လုံး ဖြစ်ပါတယ်။ အခုတော့ အိန္ဒိယမှာ အဲဒီ ဖုန်းကို ထုတ်လုပ်ရောင်းချနေပြီလို့ သိရပါတယ်။ “Assembled in India” စာသားပါတဲ့ iPhone XR ဘူးတွေကို Croma အပါအဝင် အီလက်ထရောနစ် ပစ္စည်းရောင်းတဲ့ ဆိုင်များစွာမှာ တင်ထားကြပါတယ်။ 64GB Model ကို ရူပီး ၄၉,၉၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းလောက်ရှိပါတယ်။

Apple ဟာ ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စမတ်ဖုန်းဈေးကွက် ဖြစ်တဲ့ အိန္ဒိယမှာ ရောင်းအားပိုကောင်းအောင် ပြုလုပ်နေပုံရပါတယ်။ iPhone တွေ ဈေးကြီးတာကြောင့် ကုမ္ပဏီဟာ အဲဒီ နိုင်ငံမှာ ရုန်းကန်နေရပါတယ်။ အိန္ဒိယမှာတော့ ဈေးချိုတဲ့ တရုတ် ဖုန်းတွေဟာ အရမ်းကို အောင်မြင်နေပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် iPhone XR ကို Apple ရဲ့ လက်တွဲဖော် ဖြစ်တဲ့ Foxconn ရဲ့ Chennai က စက်ရုံမှာ ထုတ်လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အိန္ဒိယမှာ ဖုန်း ထုတ်တာဟာ အခွန်ကြီးမြင့်တာကို ရှောင်ရှားချင်တာနဲ့ အဲဒီ နိုင်ငံမှာ ကိုယ်ပိုင် စတိုးဆိုင်တွေ ဖွင့်ချင်တာကြောင့် ဖြစ်နိုင်ပါတယ်။

အိန္ဒိယမှာ ဖုန်း ထုတ်တဲ့အတွက် အခွန် ၂၀ ရာခိုင်နှုန်းကျော်လောက် သက်သာသွားမယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေး စစ်ပွဲကြောင့် Apple ဟာ တရုတ် ပြင်ပမှာ ဖုန်းထုတ်လုပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းက Apple ဟာ အိန္ဒိယမှာ စွမ်းရည်မြင့် iPhones တွေ စတင် ထုတ်လုပ်တော့မယ်လို့ Reuters က ပြောပါတယ်။

Ref : gizmochina