[Zawgyi]

၂၀၁၈ မွာထုတ္လိုက္တဲ့ Apple ရဲ႕ iPhone XS, XS Max နဲ႔ XR အစရွိတာေတြဟာ ထင္သေလာက္ ေရာင္းအားမရွိခဲ့ဘဲ ထုတ္လုပ္မႈေတြကို ေလွ်ာ့ခ်ခဲ့ၾကရပါတယ္။ ဖုန္းအသစ္ေတြ ေရာင္းရမယ့္အစား အေဟာင္းေတြကို ဘက္ထရီအသစ္ ျပန္လဲေပးျခင္းနဲ႔ iPhone 8 ေတြကို ပိုၿပီးေရာင္းရျခင္းေတြသာ ျဖစ္ေပၚခဲ့ပါတယ္။

အခုေတာ့ Apple ဟာ သူတို႔ရဲ႕ မူလလက္ေဟာင္း ဒီဇိုင္းထဲက တစ္ခုျဖစ္တဲ့ iPhone SE ကို $249 (ျမန္မာေငြ သုံးသိန္းကိုးေသာင္းဝန္းက်င္) နဲ႔ ျပန္လည္ေရာင္းခ်ေနတာကို ေတြ႕ျမင္ရပါတယ္။ iPhone SE ဟာ iPhone ရဲ႕ အမ်ားနဲ႔မတူ သီးသန႔္ကြဲျပာျခားနားတဲ့ ဒီဇိုင္းလို႔ ေျပာလို႔ရတဲ့ လက္တစ္ဝါးစာသာသာ ေသးငယ္တဲ့ ႏွစ္သက္စရာ စမတ္ဖုန္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက iPhone XS, XS Max နဲ႔ XR ေတြထုတ္လုပ္ၿပီးခ်ိန္မွာ iPhone SE, 6s, 6s Plus စတဲ့ ေမာ္ဒယ္ေတြကို ဆက္လက္ေရာင္းခ်ေတာ့မွာ မဟုတ္ဘူးလို႔ Apple က ေၾကညာခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေဟာင္းေပမယ့္ ေတာင္းဆိုမႈရွိေနေသးတဲ့ ဒီေမာ္ဒယ္ေဟာင္းေတြကို လုံးဝ ပစ္ပယ္ထားလို႔မရေတာ့ဘဲ ျပန္လည္ေရာင္းခ်ခဲ့ရၿပီ ျဖစ္ပါတယ္။

အခုေရာင္းခ်ေပးေနတဲ့ iPhone SE ေတြဟာ လုံးဝ အသစ္ေတြျဖစ္ပါတယ္။ 32GB ကို အရင္တုန္းက $349 (ငါးသိန္းေလးေသာင္းနီးပါး) နဲ႔ ေရာင္းခ်ခဲ့ေပမယ့္ အခုေတာ့ ေလးသိန္းမျပည့္တဲ့ ေဈးႏႈန္းနဲ႔ ဝယ္ယူရရွိႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ 128GB ဆိုရင္ $299 နဲ႔ဆိုေတာ့ (ျမန္မာေငြ ေလးသိန္းေျခာက္ေသာင္းေက်ာ္) ေလာက္ပဲ က်သင့္ေတာ့မွာ ျဖစ္ပါတယ္။

iPhone SE ရဲ႕ မ်က္ႏွာျပင္ဟာ 4-inch ပဲ ရွိပါတယ္။ (640×1136 Pixel resolution) ျဖစ္ၿပီး Apple A9 Chipset နဲ႔ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာက 12MP ျဖစ္ၿပီး iOS 12 ကိုလည္း Update ျပဳလုပ္ အသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္ဟာ ျမန္မာေငြ ေလးသိန္းဝန္းက်င္နဲ႔ အသစ္စက္စက္ iPhone အစစ္အမွန္ကိုင္ဖို႔ စိတ္ဝင္စားသူေတြအတြက္ အခ်ိန္ေကာင္းပဲျဖစ္ပါတယ္။

Ref: The Verge

[Unicode]

iPhone SE တွေကို သုံးသိန်းကိုးသောင်း ဝန်းကျင်နဲ့ ပြန်ရောင်းနေတဲ့ Apple

၂၀၁၈ မှာထုတ်လိုက်တဲ့ Apple ရဲ့ iPhone XS, XS Max နဲ့ XR အစရှိတာတွေဟာ ထင်သလောက် ရောင်းအားမရှိခဲ့ဘဲ ထုတ်လုပ်မှုတွေကို လျှော့ချခဲ့ကြရပါတယ်။ ဖုန်းအသစ်တွေ ရောင်းရမယ့်အစား အဟောင်းတွေကို ဘက်ထရီအသစ် ပြန်လဲပေးခြင်းနဲ့ iPhone 8 တွေကို ပိုပြီးရောင်းရခြင်းတွေသာ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုတော့ Apple ဟာ သူတို့ရဲ့ မူလလက်ဟောင်း ဒီဇိုင်းထဲက တစ်ခုဖြစ်တဲ့ iPhone SE ကို $249 (မြန်မာငွေ သုံးသိန်းကိုးသောင်းဝန်းကျင်) နဲ့ ပြန်လည်ရောင်းချနေတာကို တွေ့မြင်ရပါတယ်။ iPhone SE ဟာ iPhone ရဲ့ အများနဲ့မတူ သီးသန့်ကွဲပြာခြားနားတဲ့ ဒီဇိုင်းလို့ ပြောလို့ရတဲ့ လက်တစ်ဝါးစာသာသာ သေးငယ်တဲ့ နှစ်သက်စရာ စမတ်ဖုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက iPhone XS, XS Max နဲ့ XR တွေထုတ်လုပ်ပြီးချိန်မှာ iPhone SE, 6s, 6s Plus စတဲ့ မော်ဒယ်တွေကို ဆက်လက်ရောင်းချတော့မှာ မဟုတ်ဘူးလို့ Apple က ကြေညာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဟောင်းပေမယ့် တောင်းဆိုမှုရှိနေသေးတဲ့ ဒီမော်ဒယ်ဟောင်းတွေကို လုံးဝ ပစ်ပယ်ထားလို့မရတော့ဘဲ ပြန်လည်ရောင်းချခဲ့ရပြီ ဖြစ်ပါတယ်။

အခုရောင်းချပေးနေတဲ့ iPhone SE တွေဟာ လုံးဝ အသစ်တွေဖြစ်ပါတယ်။ 32GB ကို အရင်တုန်းက $349 (ငါးသိန်းလေးသောင်းနီးပါး) နဲ့ ရောင်းချခဲ့ပေမယ့် အခုတော့ လေးသိန်းမပြည့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ 128GB ဆိုရင် $299 နဲ့ဆိုတော့ (မြန်မာငွေ လေးသိန်းခြောက်သောင်းကျော်) လောက်ပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။

iPhone SE ရဲ့ မျက်နှာပြင်ဟာ 4-inch ပဲ ရှိပါတယ်။ (640×1136 Pixel resolution) ဖြစ်ပြီး Apple A9 Chipset နဲ့ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာက 12MP ဖြစ်ပြီး iOS 12 ကိုလည်း Update ပြုလုပ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်ဟာ မြန်မာငွေ လေးသိန်းဝန်းကျင်နဲ့ အသစ်စက်စက် iPhone အစစ်အမှန်ကိုင်ဖို့ စိတ်ဝင်စားသူတွေအတွက် အချိန်ကောင်းပဲဖြစ်ပါတယ်။

Ref: The Verge