[Zawgyi]

လာမယ့္ မတ္လ ၂၅ ရက္ေန႔မွာ Apple ဟာ မီဒီယာေတြနဲ႔ ေတြ႕ဆုံမႈပြဲတစ္ပြဲကို က်င္းပမွာျဖစ္ပါတယ္။ ဒီပြဲမွာ Subscription အေျခခံ Apple သတင္းဝန္ေဆာင္မႈသစ္တစ္ခုကို မိတ္ဆက္ေပးဖို႔ ႀကိဳးစားေနတဲ့အေၾကာင္းကိုလည္း ေဖာ္ျပခဲ့ဖူးပါတယ္။

ပြဲမတိုင္မီ ထြက္လာတဲ့ ေကာလာဟလထဲမွာ 10-inch မ်က္ႏွာျပင္နဲ႔ မ်ိဳးဆက္သစ္ iPad ထြက္လာမယ္ဆိုတဲ့အေၾကာင္းက ေရပန္းအစားဆုံး ျဖစ္ေနပါတယ္။ ဒီအေၾကာင္းကို လြန္ခဲ့တဲ့ သုံးရက္ေလာက္က ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။

ဒါေပမယ့္ အခုထြက္ေပၚလာတဲ့ သတင္းမွာေတာ့ Apple ဟာ 10.2-inch “iPad 7” နဲ႔ နည္းနည္းပိုႀကီးတဲ့ 10.5-inch ေမာ္ဒယ္ကို ထုတ္လုပ္လာမယ္လို႔ အခိုင္အမာ ေဖာ္ျပထားပါတယ္။ အခုလို ေရးသားေဖာ္ျပထားတဲ့ မီဒီယာက သတင္းရင္းျမစ္ရဲ႕ အမည္ကို မထုတ္ေဖာ္ထားေပမယ့္လည္း ခိုင္မာတဲ့ သတင္းရင္းျမစ္ျဖစ္တယ္လို႔ေတာ့ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က 9.7-inch tablet ေတြရဲ႕ ေနာက္မ်ိဳးဆက္အျဖစ္ 10.2-inch နဲ႔ 10.5-inch ေတြကို ထုတ္လုပ္မယ္ဆိုတာကို ေပါက္ၾကားသတင္းေတြနဲ႔ ပတ္သက္လာရင္ ခိုင္မာတဲ့ရင္းျမစ္ေတြက အခိုင္အမာ ေျပာဆိုေနၾကလို႔သာ လက္ခံလိုက္ရေပမယ့္ အေတာ္ေလးကို ထူးဆန္းတယ္လို႔ ဆိုရမွာပါ။

ဟုတ္ပါတယ္။ Pro မဟုတ္တဲ့ ဗားရွင္းေတြကို အခုလိုမ်ိဳး အ႐ြယ္အစား မတိမ္းမယိမ္းနဲ႔ ႏွစ္မ်ိဳးထုတ္မယ္ဆိုတာ အံ့အားသင့္စရာပါ။ ဒါေပမယ့္လည္း တစ္ဘက္က ျပန္ၾကည့္ရင္ Apple ဟာ ဒီလိုအ႐ြယ္အစားေတြ ထုတ္လုပ္ၿပီး Budget tablets နဲ႔ တန္ဖိုးျမင့္ iPad Pro ေတြၾကားက ကြာဟမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ႏိုင္ပါတယ္။

အသုံးျပဳသူေတြဟာ ပုံမွန္ iPad အတြက္ $329 ေပးေခ်ရၿပီး iPad Mini 4 အတြက္ $399 ေပးေခ်ရပါတယ္။ ဒါေပမယ့္ iPad Pro ေတြရဲ႕ ေဈးႏႈန္းနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ထက္ဝက္နီးပါးကို ကြာျခားသြားပါၿပီ။ 11-inch iPad Pro ဆိုရင္ $799 ျဖစ္ေနပါၿပီ။ ဒီေတာ့ Apple အေနနဲ႔ ၾကားထဲကေဈးျဖစ္တဲ့ $500 ကေန $550 တန္ ကုန္ပစၥည္းကို ထုတ္လုပ္ခ်င္ေနတယ္လို႔လည္း ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

ခန႔္မွန္းခ်က္ေတြကေတာ့ Apple ဟာ 10.2-inch နဲ႔ 10.5-inch ႏွစ္မ်ိဳးကို တစ္ၿပိဳင္နက္ မိတ္ဆက္ဖြယ္မရွိဘူးလို႔ ဆိုပါတယ္။ iPad Mini 5 နဲ႔ 10.2-inch ကို အရင္ေၾကညာၿပီး ေနာက္ထပ္ လအနည္းငယ္ၾကာမွ 10.5-inch ကိုေၾကညာဖြယ္ရွိတယ္လို႔လည္း သုံးသပ္ၾကပါတယ္။

Ref: Phone Arena

[Unicode]

10.2-inch iPad 7 နဲ့ 10.5-inch iPad တွေဟာ $500 ဝန်းကျင် အမျိုးအစားတွေ ဖြစ်လာနိုင်သလား

လာမယ့် မတ်လ ၂၅ ရက်နေ့မှာ Apple ဟာ မီဒီယာတွေနဲ့ တွေ့ဆုံမှုပွဲတစ်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲမှာ Subscription အခြေခံ Apple သတင်းဝန်ဆောင်မှုသစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတဲ့အကြောင်းကိုလည်း ဖော်ပြခဲ့ဖူးပါတယ်။

ပွဲမတိုင်မီ ထွက်လာတဲ့ ကောလာဟလထဲမှာ 10-inch မျက်နှာပြင်နဲ့ မျိုးဆက်သစ် iPad ထွက်လာမယ်ဆိုတဲ့အကြောင်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ သုံးရက်လောက်က ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းမှာတော့ Apple ဟာ 10.2-inch “iPad 7” နဲ့ နည်းနည်းပိုကြီးတဲ့ 10.5-inch မော်ဒယ်ကို ထုတ်လုပ်လာမယ်လို့ အခိုင်အမာ ဖော်ပြထားပါတယ်။ အခုလို ရေးသားဖော်ပြထားတဲ့ မီဒီယာက သတင်းရင်းမြစ်ရဲ့ အမည်ကို မထုတ်ဖော်ထားပေမယ့်လည်း ခိုင်မာတဲ့ သတင်းရင်းမြစ်ဖြစ်တယ်လို့တော့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က 9.7-inch tablet တွေရဲ့ နောက်မျိုးဆက်အဖြစ် 10.2-inch နဲ့ 10.5-inch တွေကို ထုတ်လုပ်မယ်ဆိုတာကို ပေါက်ကြားသတင်းတွေနဲ့ ပတ်သက်လာရင် ခိုင်မာတဲ့ရင်းမြစ်တွေက အခိုင်အမာ ပြောဆိုနေကြလို့သာ လက်ခံလိုက်ရပေမယ့် အတော်လေးကို ထူးဆန်းတယ်လို့ ဆိုရမှာပါ။

ဟုတ်ပါတယ်။ Pro မဟုတ်တဲ့ ဗားရှင်းတွေကို အခုလိုမျိုး အရွယ်အစား မတိမ်းမယိမ်းနဲ့ နှစ်မျိုးထုတ်မယ်ဆိုတာ အံ့အားသင့်စရာပါ။ ဒါပေမယ့်လည်း တစ်ဘက်က ပြန်ကြည့်ရင် Apple ဟာ ဒီလိုအရွယ်အစားတွေ ထုတ်လုပ်ပြီး Budget tablets နဲ့ တန်ဖိုးမြင့် iPad Pro တွေကြားက ကွာဟမှုကို လျှော့ချဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်။

အသုံးပြုသူတွေဟာ ပုံမှန် iPad အတွက် $329 ပေးချေရပြီး iPad Mini 4 အတွက် $399 ပေးချေရပါတယ်။ ဒါပေမယ့် iPad Pro တွေရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ ထက်ဝက်နီးပါးကို ကွာခြားသွားပါပြီ။ 11-inch iPad Pro ဆိုရင် $799 ဖြစ်နေပါပြီ။ ဒီတော့ Apple အနေနဲ့ ကြားထဲကဈေးဖြစ်တဲ့ $500 ကနေ $550 တန် ကုန်ပစ္စည်းကို ထုတ်လုပ်ချင်နေတယ်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။

ခန့်မှန်းချက်တွေကတော့ Apple ဟာ 10.2-inch နဲ့ 10.5-inch နှစ်မျိုးကို တစ်ပြိုင်နက် မိတ်ဆက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ iPad Mini 5 နဲ့ 10.2-inch ကို အရင်ကြေညာပြီး နောက်ထပ် လအနည်းငယ်ကြာမှ 10.5-inch ကိုကြေညာဖွယ်ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။

Ref: Phone Arena