Apple ဟာ Watch Series 4 မှာ အမြင့်ကနေ ပြုတ်ကျတာကို အာရုံခံနိုင်တဲ့ လုပ်ဆောင်ချက် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က Acceleration ကို တွက်ချက်ကာ အမြင့်ကနေ ပြုတ်ကျတာကို အာရုံခံနိုင်ပြီး Emergency Contact တွေကို အလိုအလျှောက် ဖုန်းခေါ်ပေးနိုင်ပါတယ်။ အခု‌တော့ Apple ဟာ ကားတိုက်မှုအတွက် အလားတူ လုပ်ဆောင်ချက်မျိုးကို ၂၀၂၂ ထုတ် Watch မှာ ထည့်သွင်းပေးနိုင်တယ်လို့ The Wall Street Journal က သတင်းပေးလာပါတယ်။

The Apple Watch already supports fall detection

Apple ဟာ စမတ်နာရီတွေကနေ ကားတိုက်မှု အာရုံခံတာကို ပြီးခဲ့တဲ့ နှစ်ကတည်းက စတင် စမ်းသပ်နေတာလို့ သိရပါတယ်။ ကားတိုက်မှုလို့ ထင်ရတဲ့ ဖြစ်စဉ်ပေါင်း ၁၀ သန်းကို အာရုံခံနိုင်ခဲ့ပြီး ဖြစ်စဉ် ၅၀,၀၀၀ အတွက် Emergency Service တွေကို ဖုန်းဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။

Buy Apple Watch Series 7 - Apple (SG)

Google ကလည်း အလားတူ လုပ်ဆောင်ချက်မျိုးကို Pixel ဖုန်းတွေက Personal Safety App မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စမ်းသပ်ခဲ့ပါတယ်။ အဲဒီ App က User ရဲ့ တည်နေရာ၊ Motion Sensors နဲ့ မိုက်ကရိုဖုန်းက ဒေတာတွေကို အသုံးချပြီး ကားတိုက်မှု ဖြစ်သလားဆိုတာ စစ်ဆေးပေးနိုင်ပါတယ်။

The Wall Street Journal ရဲ့ သတင်းသာ မှန်မယ်ဆိုရင် လာမယ့်နှစ်ထုတ် Apple Watch တွေမှာ ကားတိုက်တာကို အာရုံခံနိုင်တဲ့ နည်းပညာပါလာနိုင်ပါတယ်။ Apple Watch လို စမတ်နာရီတွေဟာ လူ့အသက်တွေကို ကယ်တင်ခဲ့တဲ့ သတင်းများစွာ ကြားသိခဲ့ရပြီးပါပြီ။ အခုလည်း Apple က လူ့အသက်တွေကို ကယ်တင်မယ့် နည်းပညာအသစ်ကို လာမယ့်နှစ်ထုတ် စမတ်နာရီတွေမှာ ထည့်သွင်းပေးတော့မှာပါ။

Ref : gsmarena