Apple ဟာ Foldable ဖုန်း ၁ လုံးကို စတင် ဖန်တီးနေပြီ ဖြစ်ပြီး အခုတော့ Foldable iPhone မျက်နှာပြင် နမူနာမော်ဒယ်ကို စတင် ဖန်တီးနေပြီလို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ နှစ်အနည်းငယ် ကြာဦးမှာ ဖြစ်ပြီး Apple ဟာ လက်ရှိမှာ မျက်နှာပြင်ကိုပဲ ဖန်တီးနေတာပါ။

Apple Orders Foldable Displays from Samsung Suggesting Foldable iPhone Could Be in the Works

Apple ရဲ့ အစောပိုင်း နမူနာ မျက်နှာပြင်ဟာ Samsung , Motorola တို့ရဲ့ Foldable မျက်နှာပြင် ဒီဇိုင်းနဲ့ တူပါတယ်။ Apple ဟာ Hinge လုံးဝ မမြင်ရနိုင်တဲ့ ဒီဇိုင်းကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဖုန်းကို ဖြန့်ထားရင် အရွယ်အစားဟာ iPhone 12 Pro Max လောက်ရှိနိုင်ပါတယ်။ Apple ဟာ မျက်နှာပြင် အရွယ်အစား မျိုးစုံထဲက ရွေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Apple's foldable phone patent does not guarantee we will see (more) bending iPhones

Apple ကတော့ Foldable ဖုန်း ဖန်တီးဖို့ စိတ်ဝင်စားဟန် မပြသေးပါဘူး။ ပြိုင်ဖက် Samsung နဲ့ Motorola တို့ကတော့ Foldable ဖုန်း နယ်ပယ်ကို အစောဆုံး တာထွက်လာကြပြီး Samsung Galaxy Fold ကို ၂၀၁၉ ဧပြီလမှာ ကြေညာခဲ့တာပါ။

Bloomberg က Apple ဒီနှစ်ထုတ်မယ့် ပစ္စည်းတွေအကြောင်းကိုလည်း သတင်းပေးလာပါတယ်။ ဒီနှစ်ထွက်မယ့် iPhone မှာ တိုးတက်မှု အနည်းငယ်ပဲ ပါလာမှာ ဖြစ်ပေမယ့် အမိုက်ဆုံးက မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ Apple က Tile ပြိုင်ဖက် AirTags ကိုလည်း ဒီနှစ်ထဲ ချပြမယ်လို့ သိရပါတယ်။ iPad Pro မှာ Mini LED မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး ပါးလွှာတဲ့ တန်ဖိုးနည်း iPad ကိုလည်း Apple က ဖန်တီးနေတယ်လို့ ပြောပါတယ်။

Ref : theverge