[Zawgyi]

Apple ဟာ iPhone 8 နဲ႔ 8 Plus တို႔ကို ေလွ်ာ့ေဈးနဲ႔ ေရာင္းခ်ေနတာကို ေတြ႕ရပါတယ္။ အခုအခ်ိန္ကစၿပီး သတ္မွတ္ထားတဲ့ ေလွ်ာ့ေဈးနဲ႔အတူ အြန္လိုင္းစတိုးမွာ လြယ္လြယ္ကူကူ ဝယ္ယူလို႔ ရေနၿပီျဖစ္ပါတယ္။

ေျပာင္းလဲလိုက္တဲ့ ေဈးႏႈန္းေတြအရ 64GB iPhone 8 ကို $499 နဲ႔ ဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။ အျခားအမ်ိဳးအစားျဖစ္တဲ့ iPhone 8 Plus ကိုေတာ့ $599 နဲ႔ ဝယ္ယူခြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္အမ်ိဳးအစားဝယ္ဝယ္ $100 သက္သာသြားမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေဈးေျပာင္းလိုက္တာဟာ Refurbished version ျဖစ္ေၾကာင္းကိုေတာ့ ေမ့လို႔မရပါဘူး။ အဓိပၸါယ္ကေတာ့ သူတို႔ေတြဟာ စမ္းသပ္ၿပီးသား၊ သန႔္ရွင္းၿပီးသား၊ အျပင္အခြံသစ္နဲ႔ ဘက္ထရီအသစ္ကို လဲလွယ္ၿပီးသားေတြျဖစ္ပါတယ္။ ဒီလိုေတြလုပ္ထားေပမယ့္ AppleCare+ နဲ႔အတူ တစ္ႏွစ္သက္တမ္း အာမခံပါဝင္ပါတယ္။

ဒီ iPhone 8 နဲ႔ 8 Plus ေတြကို အသစ္လို႔လည္း မွတ္ယူလို႔ရပါတယ္။ ဒါေၾကာင့္ iPhone အသစ္ေတြထဲမွာ သူတို႔ေလာက္ ေဈးသက္သာတာ မရွိဘူးလို႔ ေျပာရမွာပါ။ ေဈးအသက္သာဆုံး iPhone XR ေတာင္ သူ႔ေလာက္ ေဈးမသက္သာပါဘူး။ ဒါေပမယ့္ iPhone 8 နဲ႔ 8 Plus ေတြဟာ ဟိုတုန္းက ဒီဇိုင္းအေဟာင္းအတိုင္း ျဖစ္တာေၾကာင့္ အရမ္းႀကီးေတာ့ မလန္းဘူးလို႔ ခံစားရပါလိမ့္မယ္။

အခုေရာင္းခ်ေနတာေတြဟာ Refurbished ေတြျဖစ္တာေၾကာင့္ အေရအတြက္အကန႔္အသတ္နဲ႔ ျဖစ္သလို အခ်ိန္လည္း အကန႔္အသတ္နဲ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပစၥည္းလက္က်န္ရွိတဲ့အခ်ိန္ထိပဲ ေရာင္းခ်သြားမွာမို႔ စိတ္ဝင္စားရင္ေတာ့ ခပ္ျမန္ျမန္ဝယ္ထားရမွာပါ။

Ref: gsmarena

 

[Unicode]

Apple ဟာ iPhone 8 နဲ့ 8 Plus တို့ကို လျှော့ဈေးနဲ့ ရောင်းချနေတာကို တွေ့ရပါတယ်။ အခုအချိန်ကစပြီး သတ်မှတ်ထားတဲ့ လျှော့ဈေးနဲ့အတူ အွန်လိုင်းစတိုးမှာ လွယ်လွယ်ကူကူ ဝယ်ယူလို့ ရနေပြီဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့ ဈေးနှုန်းတွေအရ 64GB iPhone 8 ကို $499 နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ အခြားအမျိုးအစားဖြစ်တဲ့ iPhone 8 Plus ကိုတော့ $599 နဲ့ ဝယ်ယူခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အမျိုးအစားဝယ်ဝယ် $100 သက်သာသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဈေးပြောင်းလိုက်တာဟာ Refurbished version ဖြစ်ကြောင်းကိုတော့ မေ့လို့မရပါဘူး။ အဓိပ္ပါယ်ကတော့ သူတို့တွေဟာ စမ်းသပ်ပြီးသား၊ သန့်ရှင်းပြီးသား၊ အပြင်အခွံသစ်နဲ့ ဘက်ထရီအသစ်ကို လဲလှယ်ပြီးသားတွေဖြစ်ပါတယ်။ ဒီလိုတွေလုပ်ထားပေမယ့် AppleCare+ နဲ့အတူ တစ်နှစ်သက်တမ်း အာမခံပါဝင်ပါတယ်။

ဒီ iPhone 8 နဲ့ 8 Plus တွေကို အသစ်လို့လည်း မှတ်ယူလို့ရပါတယ်။ ဒါကြောင့် iPhone အသစ်တွေထဲမှာ သူတို့လောက် ဈေးသက်သာတာ မရှိဘူးလို့ ပြောရမှာပါ။ ဈေးအသက်သာဆုံး iPhone XR တောင် သူ့လောက် ဈေးမသက်သာပါဘူး။ ဒါပေမယ့် iPhone 8 နဲ့ 8 Plus တွေဟာ ဟိုတုန်းက ဒီဇိုင်းအဟောင်းအတိုင်း ဖြစ်တာကြောင့် အရမ်းကြီးတော့ မလန်းဘူးလို့ ခံစားရပါလိမ့်မယ်။

အခုရောင်းချနေတာတွေဟာ Refurbished တွေဖြစ်တာကြောင့် အရေအတွက်အကန့်အသတ်နဲ့ ဖြစ်သလို အချိန်လည်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းလက်ကျန်ရှိတဲ့အချိန်ထိပဲ ရောင်းချသွားမှာမို့ စိတ်ဝင်စားရင်တော့ ခပ်မြန်မြန်ဝယ်ထားရမှာပါ။

Ref: gsmarena