Zawgyi

Huawei ကေန ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒုတိယ ၃ လပတ္တုန္းက တကမာၻလုံးစမတ္ဖုန္းေရာင္းခ်ရမႈေတြမွာ Apple ကို ပထမဆုံးအေနနဲ႔ ေက်ာ္တက္ႏိုင္ခဲ့ၿပီး ေစ်းကြက္ေရာင္းအားအေကာင္းဆုံး ဒုတိယေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္ထဲမွာ Google ရဲ႕ ပိတ္ပင္မႈေတြကို ခံခဲ့ရၿပီးေနာက္ပိုင္းမွာေတာ့ Huawei က အေျခအေနေကာင္းတဲ့ပုံမေပၚေတာ့ပါဘူး။

မႏွစ္တုန္းကေတာ့ Huawei က P20 Series နဲ႔ Mate 20 Series ဖုန္းေတြအျပင္ Honor Brand ကလည္း ေအာင္ျမင္လာတာေၾကာင့္အခုလိုမ်ိဳး ဒုတိယေနရာကို ရရွိေတာ့မွာျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ Apple ကေန Huawei ကို ျပန္ၿပီး ေက်ာ္တက္ဖို႔က နီးစပ္ေနၿပီလို႔သိရပါတယ္။ ဒါကလည္း ဒီႏွစ္ထဲမွာ Google အပါအဝင္ US ကုမၸဏီေတြရဲ႕ ပိတ္ပင္မႈေၾကာင့္ အဓိက ပါဝင္ေနတာျဖစ္ပါတယ္။

Huawei အေနနဲ႔ မၾကာေသးခင္တုန္းက Huawei Mate 30 နဲ႔ Mate 30 Pro စမတ္ဖုန္းေတြကို မိတ္ဆက္ထားတယ္ဆိုေပမယ့္ Google Service နဲ႔ Apps ေတြကို အသုံးျပဳႏိုင္ျခင္းမရွိတဲ့အတြက္ တ႐ုတ္ႏိုင္ငံျပင္ပ ႏိုင္ငံႀကီးေတြမွာ အခုအခ်ိန္အထိ ေရာင္းခ်ႏိုင္ျခင္းမရွိေသးပါဘူး။ Digitimes ကေတာင္ Apple က ဒီႏွစ္မကုန္ခင္မွာတင္ Huawei ကို ျပန္ၿပီး ေက်ာ္တက္သြားႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ Taiwan-based ေန႔စဥ္သတင္းစာေတြက သုံးသပ္သူေတြကလည္း Apple က လာမယ့္ ေအာက္တိုဘာနဲ႔ ဒီဇင္ဘာလအတြင္းမွာတင္ Huawei ကို ျပန္လည္ေက်ာ္တက္ႏိုင္မယ္လို႔ ခန္႔မွန္းေနၾကတာပါ။ Huawei အေနနဲ႔အခုလိုမ်ိဳး Google ေၾကာင့္ အခက္ႀကဳံေနရတဲ့အခ်ိန္မွာ Apple အေနနဲ႔ iPhone 11 Series ေတြကို ထင္ထားတာထက္ ပိုေရာင္းခ်ရေနတာကလည္း အခုလိုမ်ိဳး ေက်ာ္တက္ႏိုင္ဖို႔ အေထာက္အကူျဖစ္ေနတာျဖစ္ပါတယ္။

ေနာက္ဆုံး ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဧၿပီလကေန ဇြန္လအတြင္း ေရာင္းအားမွာေတာ့ Apple နဲ႔ Huawei ဖုန္းေတြက အလုံးေရ ၂၅ သန္းေလာက္ကြာဟေနေပမယ့္ iPhone 11 Series ေတြက ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ ထြက္ရွိထားေတာ့ မၾကာခင္ ကြာဟမႈက ပိုၿပီးေသးငယ္သြားေတာ့မွာပါ။

Ref – Phone Arena

Unicode

Huawei ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်တုန်းက တကမ္ဘာလုံးစမတ်ဖုန်းရောင်းချရမှုတွေမှာ Apple ကို ပထမဆုံးအနေနဲ့ ကျော်တက်နိုင်ခဲ့ပြီး စျေးကွက်ရောင်းအားအကောင်းဆုံး ဒုတိယနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ Google ရဲ့ ပိတ်ပင်မှုတွေကို ခံခဲ့ရပြီးနောက်ပိုင်းမှာတော့ Huawei က အခြေအနေကောင်းတဲ့ပုံမပေါ်တော့ပါဘူး။

မနှစ်တုန်းကတော့ Huawei က P20 Series နဲ့ Mate 20 Series ဖုန်းတွေအပြင် Honor Brand ကလည်း အောင်မြင်လာတာကြောင့်အခုလိုမျိုး ဒုတိယနေရာကို ရရှိတော့မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ Apple ကနေ Huawei ကို ပြန်ပြီး ကျော်တက်ဖို့က နီးစပ်နေပြီလို့သိရပါတယ်။ ဒါကလည်း ဒီနှစ်ထဲမှာ Google အပါအဝင် US ကုမ္ပဏီတွေရဲ့ ပိတ်ပင်မှုကြောင့် အဓိက ပါဝင်နေတာဖြစ်ပါတယ်။

Huawei အနေနဲ့ မကြာသေးခင်တုန်းက Huawei Mate 30 နဲ့ Mate 30 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ထားတယ်ဆိုပေမယ့် Google Service နဲ့ Apps တွေကို အသုံးပြုနိုင်ခြင်းမရှိတဲ့အတွက် တရုတ်နိုင်ငံပြင်ပ နိုင်ငံကြီးတွေမှာ အခုအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ Digitimes ကတောင် Apple က ဒီနှစ်မကုန်ခင်မှာတင် Huawei ကို ပြန်ပြီး ကျော်တက်သွားနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် Taiwan-based နေ့စဥ်သတင်းစာတွေက သုံးသပ်သူတွေကလည်း Apple က လာမယ့် အောက်တိုဘာနဲ့ ဒီဇင်ဘာလအတွင်းမှာတင် Huawei ကို ပြန်လည်ကျော်တက်နိုင်မယ်လို့ ခန့်မှန်းနေကြတာပါ။ Huawei အနေနဲ့အခုလိုမျိုး Google ကြောင့် အခက်ကြုံနေရတဲ့အချိန်မှာ Apple အနေနဲ့ iPhone 11 Series တွေကို ထင်ထားတာထက် ပိုရောင်းချရနေတာကလည်း အခုလိုမျိုး ကျော်တက်နိုင်ဖို့ အထောက်အကူဖြစ်နေတာဖြစ်ပါတယ်။

နောက်ဆုံး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလကနေ ဇွန်လအတွင်း ရောင်းအားမှာတော့ Apple နဲ့ Huawei ဖုန်းတွေက အလုံးရေ ၂၅ သန်းလောက်ကွာဟနေပေမယ့် iPhone 11 Series တွေက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ထွက်ရှိထားတော့ မကြာခင် ကွာဟမှုက ပိုပြီးသေးငယ်သွားတော့မှာပါ။

Ref – Phone Arena