Zawgyi

Apple ကေန လက္ရွိမွာ အေကာင္းဆုံး Face Unlock နည္းပညာတစ္ခုျဖစ္တဲ့ Face ID စနစ္ကိုၿပီးခဲ့တဲ့ iPhone X ထဲကေန စတင္အသုံးျပဳလာတာ အခုေနာက္ဆုံးထြက္ရွိထားတဲ့ iPhone 11 Series ဖုန္းေတြအထိပဲျဖစ္ပါတယ္။ iPhone 11 ထဲက Face ID စနစ္က သိသိသာသာ Design ေျပာင္းလဲမႈမရွိေသးေပမယ္ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိလာမယ့္ iPhone အသစ္ေတြကေတာ့ Face ID နည္းပညာအသစ္ျဖစ္လာေတာ့မယ့္ပုံစံပါပဲ။

အခုသတင္းကိုေတာ့ ယခင္တုန္းက iPhone နဲ႔ တျခားေသာ စမတ္ဖုန္းေတြရဲ႕ Concept Design ေတြကို ျပဳလုပ္ေနၾကျဖစ္တဲ့ Ben Geskin ကေန Twitter Account မွာ ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ ေျပာၾကားခ်က္အရေတာ့ Apple ကေန အေပၚဘက္ Top Bezel မွာထည့္သြင္းလို႔ရတဲ့အထိကို ေသးငယ္တဲ့ Face ID Sensor ေတြကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ အခုလိုမ်ိဳး စမ္းသပ္ေနမႈဟာ လာမယ့္ ၂၀၂၀ မွာ မိတ္ဆက္လာမယ့္ iPhone အသစ္ေတြက လုံးဝ Notch မရွိေတာ့ဘဲ Top Bezel တစ္ခုပဲပါဝင္လာေတာ့မွာျဖစ္ႏိုင္သလို လက္ရွိ iPhone 11 Pro ထက္ ပိုၿပီး ေသးငယ္တဲ့ Notch လည္းျဖစ္လာႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေသခ်ာတာတစ္ခုကေတာ့ ေနာက္လာမယ့္ႏွစ္မွာထြက္ရွိလာမယ့္ iPhone အသစ္ေတြက လုံးဝကို Design ေျပာင္းလဲလာေတာ့မွာပါ။

ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္မွာထြက္ရွိလာမယ့္ iPhone 12 Pro ဟာ ခန္႔မွန္း 5.4″ OLED Display နဲ႔ iPhone 12 Pro Max ကေတာ့ 6.7″ OLED Display ေတြကို အသုံးျပဳလာႏိုင္ၿပီးေတာ့ Entry iPhone 12 ကိုလည္း LCD Panel အစား OLED Panel နဲ႔ အစားထိုးလာမယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။

က်န္တဲ့သတင္းေတြအေနနဲ႔ကေတာ့ 2020 iPhone အသစ္ေတြမွာ 5G Support ၊ Pro Model ေတြမွာ ToF Camera Sensor အသစ္နဲ႔ iPhone 12 မွာဆိုရင္လည္း Telephoto Lens ပါဝင္လာဖို႔မ်ားေနပါတယ္။

Ref – Phone Arena

Unicode

Apple ကနေ လက်ရှိမှာ အကောင်းဆုံး Face Unlock နည်းပညာတစ်ခုဖြစ်တဲ့ Face ID စနစ်ကိုပြီးခဲ့တဲ့ iPhone X ထဲကနေ စတင်အသုံးပြုလာတာ အခုနောက်ဆုံးထွက်ရှိထားတဲ့ iPhone 11 Series ဖုန်းတွေအထိပဲဖြစ်ပါတယ်။ iPhone 11 ထဲက Face ID စနစ်က သိသိသာသာ Design ပြောင်းလဲမှုမရှိသေးပေမယ် လာမယ့် ၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာမယ့် iPhone အသစ်တွေကတော့ Face ID နည်းပညာအသစ်ဖြစ်လာတော့မယ့်ပုံစံပါပဲ။

အခုသတင်းကိုတော့ ယခင်တုန်းက iPhone နဲ့ တခြားသော စမတ်ဖုန်းတွေရဲ့ Concept Design တွေကို ပြုလုပ်နေကြဖြစ်တဲ့ Ben Geskin ကနေ Twitter Account မှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Apple ကနေ အပေါ်ဘက် Top Bezel မှာထည့်သွင်းလို့ရတဲ့အထိကို သေးငယ်တဲ့ Face ID Sensor တွေကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုလိုမျိုး စမ်းသပ်နေမှုဟာ လာမယ့် ၂၀၂၀ မှာ မိတ်ဆက်လာမယ့် iPhone အသစ်တွေက လုံးဝ Notch မရှိတော့ဘဲ Top Bezel တစ်ခုပဲပါဝင်လာတော့မှာဖြစ်နိုင်သလို လက်ရှိ iPhone 11 Pro ထက် ပိုပြီး သေးငယ်တဲ့ Notch လည်းဖြစ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ နောက်လာမယ့်နှစ်မှာထွက်ရှိလာမယ့် iPhone အသစ်တွေက လုံးဝကို Design ပြောင်းလဲလာတော့မှာပါ။

နောက်လာမယ့် ၂၀၂၀ ခုနှစ်မှာထွက်ရှိလာမယ့် iPhone 12 Pro ဟာ ခန့်မှန်း 5.4″ OLED Display နဲ့ iPhone 12 Pro Max ကတော့ 6.7″ OLED Display တွေကို အသုံးပြုလာနိုင်ပြီးတော့ Entry iPhone 12 ကိုလည်း LCD Panel အစား OLED Panel နဲ့ အစားထိုးလာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ကျန်တဲ့သတင်းတွေအနေနဲ့ကတော့ 2020 iPhone အသစ်တွေမှာ 5G Support ၊ Pro Model တွေမှာ ToF Camera Sensor အသစ်နဲ့ iPhone 12 မှာဆိုရင်လည်း Telephoto Lens ပါဝင်လာဖို့များနေပါတယ်။

Ref – Phone Arena