[Zawgyi]

စမတ္ဖုန္းကင္မရာေတြဟာ တျဖည္းျဖည္းနဲ႔အဆင့္ျမင့္လာသလို စမတ္ဖုန္းနဲ႔ ဓါတ္ပုံ႐ိုက္ကူးမႈေတြကလည္း ပိုၿပီးလူႀကိဳက္မ်ားတဲ့ ယဥ္ေက်းမႈတစ္ရပ္လို ျဖစ္လာေနပါၿပီ။ ဒါေၾကာင့္ Google, Huawei တို႔နည္းတူ Apple အေနနဲ႔လည္း ကင္မရာပိုင္းနဲ႔ ဓါတ္ပုံ႐ိုက္ကူးမႈ အရည္အေသြးပိုင္းကို ပိုၿပီးေတာ့ ဂ႐ုစိုက္ျမႇင့္တင္လာတာကို ေတြ႕ရမွာပါ။

၂၀၁၉ iPhone ေတြမွာေတာ့ Apple ရဲ႕ ကင္မရာပိုင္းဆိုင္ရာ အဆင့္ျမႇင့္တင္မႈကို ထင္ထင္ရွားရွားေတြ႕ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ အဆင့္ျမင့္လာတဲ့ ကင္မရာဆင္ဆာအ႐ြယ္အစားေၾကာင့္ ဒီဇိုင္းပိုင္းမွာ အၿမဲလိုလိုဆရာတစ္ဆူျဖစ္ခဲ့တဲ့ ပန္းသီးေတြအတြက္ ကင္မရာေဘာင္ေတြက အက်ည္းတန္သလို ျဖစ္ေနခဲ့တာပါ။

တ႐ုတ္စမတ္ဖုန္းထုတ္လုပ္သူအခ်ိဳ႕ကေတာ့ ကင္မရာပိုင္းနဲ႔ပတ္သက္ၿပီး ေျခလွမ္းအနည္းငယ္ ေရွ႕ကို ႀကိဳေရာက္ႏွင့္ေနတာကို ေတြ႕ရမွာပါ။ ဥပမာအားျဖင့္ OPPO Reno 10X Zoom နဲ႔ Huawei P30 Pro တို႔ကို ျပရပါလိမ့္မယ္။ ဒီအတြက္ Apple ကလည္း အနာဂတ္ iPhone ေတြမွာ ကင္မရာအရည္အေသြးအျပင္ ႐ုပ္ပုံအရည္အေသြးပါ ပိုၿပီးေကာင္းမြန္လာဖို႔ ျပင္ဆင္ေနတာကို ေတြ႕ျမင္ရပါတယ္။

လတ္တေလာ ေတြ႕ရွိရတဲ့ Apple ရဲ႕ မူပိုင္ခြင့္ေလွ်ာက္လႊာပုံစံအရ “Refractive lenses” သုံးခု၊ ဒါမွမဟုတ္ ၅ ခုနဲ႔ “folded lens system” ကို ႀကိဳးစားေနေၾကာင္း သိႏိုင္ပါတယ္။ မွန္ဘီလူးေတြဟာ Prism ကတစ္ဆင့္ေရာင္ျပန္ဟပ္လာမွာျဖစ္တဲ့အတြက္ ေနရာက်ယ္က်ယ္ကို သိပ္ၿပီးမလိုအပ္ေတာ့ဘူးလို႔ ဆိုရမွာပါ။

မွန္ဘီလူးေတြကို ဒီလိုပုံစံေနရာခ်ထားလိုက္တာက ဆင္ဆာနဲ႔ မွန္ဘီလူးၾကားအကြာအေဝးကို ေလွ်ာ့ခ်ႏိုင္တာျဖစ္ၿပီး ေက်ာဘက္က ကင္မရာေဘာင္အ႐ြယ္အစားကိုလည္း ေလွ်ာ့ခ်ႏိုင္တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းအရေတြက အခုအခ်ိန္ထိေတာ့ မူပိုင္ခြင့္အေနနဲ႔ပဲ ေတြ႕ရေသးတာေၾကာင့္ တိုးတက္မႈျဖစ္စဥ္ေတြကို ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

ကျောဘက်ကင်မရာဘောင် ပိုပြီးပါးသွားစေမယ့်ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ Apple

စမတ်ဖုန်းကင်မရာတွေဟာ တဖြည်းဖြည်းနဲ့အဆင့်မြင့်လာသလို စမတ်ဖုန်းနဲ့ ဓါတ်ပုံရိုက်ကူးမှုတွေကလည်း ပိုပြီးလူကြိုက်များတဲ့ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်လာနေပါပြီ။ ဒါကြောင့် Google, Huawei တို့နည်းတူ Apple အနေနဲ့လည်း ကင်မရာပိုင်းနဲ့ ဓါတ်ပုံရိုက်ကူးမှု အရည်အသွေးပိုင်းကို ပိုပြီးတော့ ဂရုစိုက်မြှင့်တင်လာတာကို တွေ့ရမှာပါ။

၂၀၁၉ iPhone တွေမှာတော့ Apple ရဲ့ ကင်မရာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အဆင့်မြင့်လာတဲ့ ကင်မရာဆင်ဆာအရွယ်အစားကြောင့် ဒီဇိုင်းပိုင်းမှာ အမြဲလိုလိုဆရာတစ်ဆူဖြစ်ခဲ့တဲ့ ပန်းသီးတွေအတွက် ကင်မရာဘောင်တွေက အကျည်းတန်သလို ဖြစ်နေခဲ့တာပါ။

တရုတ်စမတ်ဖုန်းထုတ်လုပ်သူအချို့ကတော့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့ကို ကြိုရောက်နှင့်နေတာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် OPPO Reno 10X Zoom နဲ့ Huawei P30 Pro တို့ကို ပြရပါလိမ့်မယ်။ ဒီအတွက် Apple ကလည်း အနာဂတ် iPhone တွေမှာ ကင်မရာအရည်အသွေးအပြင် ရုပ်ပုံအရည်အသွေးပါ ပိုပြီးကောင်းမွန်လာဖို့ ပြင်ဆင်နေတာကို တွေ့မြင်ရပါတယ်။

လတ်တလော တွေ့ရှိရတဲ့ Apple ရဲ့ မူပိုင်ခွင့်လျှောက်လွှာပုံစံအရ “Refractive lenses” သုံးခု၊ ဒါမှမဟုတ် ၅ ခုနဲ့ “folded lens system” ကို ကြိုးစားနေကြောင်း သိနိုင်ပါတယ်။ မှန်ဘီလူးတွေဟာ Prism ကတစ်ဆင့်ရောင်ပြန်ဟပ်လာမှာဖြစ်တဲ့အတွက် နေရာကျယ်ကျယ်ကို သိပ်ပြီးမလိုအပ်တော့ဘူးလို့ ဆိုရမှာပါ။

မှန်ဘီလူးတွေကို ဒီလိုပုံစံနေရာချထားလိုက်တာက ဆင်ဆာနဲ့ မှန်ဘီလူးကြားအကွာအဝေးကို လျှော့ချနိုင်တာဖြစ်ပြီး ကျောဘက်က ကင်မရာဘောင်အရွယ်အစားကိုလည်း လျှော့ချနိုင်တာ ဖြစ်ပါတယ်။ ဒီအကြောင်းအရတွေက အခုအချိန်ထိတော့ မူပိုင်ခွင့်အနေနဲ့ပဲ တွေ့ရသေးတာကြောင့် တိုးတက်မှုဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena