Apple ဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် သုံးလတစ်ကြိမ်လမ်းညွှန်ချက်နဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ဇန်နဝါရီကနေ စတင်ပြီး တင်ခဲ့ပါတယ်။ ဒီထဲမှာ အသိပေးရေးသားထားတာကတော့ iPhone စီးပွားရေးနှေးကွေးလာဖွယ်ရှိသလို၊ ဝင်ငွေလည်း လျော့နည်းလာမယ်လို့ မျှော်လင့်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (Covid 19) ပျံ့ပွားနေမှုကြောင့် လူထုကျန်းမာရေးအခြေအနေအရ လုပ်ငန်းခွင်တွေမှာလည်း အကန့်အသတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် iPhone ထုတ်လုပ်တဲ့ စက်ရုံတွေလည်း ပုံမှန်ထက် နှေးကွေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

လက်ရှိအချိန်မှာ စက်ရုံတွေ ပြန်ဖွင့်ထားပေမယ့်လည်း Apple ရဲ့ iPhone တွေကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချမယ့် မူလအစီအစဉ်အတိုင်း အလျဉ်မီဖို့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ရလဒ်အနေနဲ့ လက်ရှိစမတ်ဖုန်းတွေအပါအဝင် လာမယ့် iPhone 9 နဲ့တကွ iPhone Stock ကို သက်ရောက်မှုက ကြီးမားမှာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံတွင်းက Apple နဲ့ မိတ်ဖက်စတိုးဆိုင်တွေအနေနဲ့လည်း အချိန်အကန့်အသတ်နဲ့သာ လုပ်ကိုင်နေကြရတာဖြစ်သလို၊ ဖောက်သည်အရေအတွက်ကလည်း အကန့်အသတ်နဲ့သာ လက်ခံရရှိနေတော့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် Apple အနေနဲ့ မတ်လအထိရောင်းချရမှု ပထမသုံးလပတ်ဝင်ငွေဟာ မူလကမျှော်မှန်းထားတဲ့ အတိုင်းအတာထိကို ရောက်မှာမဟုတ်တော့ဘူးလို့ ယုံကြည်ရပါတယ်။ ဒါပေမယ့်လည်း Apple ဟာ အခြေခံအားဖြင့် ခိုင်မာပြီးသားဖြစ်တာကြောင့် အခုလိုမျိုး စီးပွားရေးကို အနှောင့်အယှက်ဖြစ်လာမှုဟာ ယာယီသာဖြစ်တယ်လို့ အားပေးစကားပြောကြားထားပါတယ်။

Ref: GSM Arena