[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းေလာက္က AT&T ဟာ Android ဖုန္းေတြမွာ 4G လို႔ ေပၚရမယ့္အစား 5G E လို႔ ေပၚေအာင္လို႔ လုပ္ခဲ့ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ လာမယ့္ 5G ကြန္ရက္အတြက္ ႀကိဳတင္ၿပီး ေၾကာ္ျငာဝင္ထားတာလို႔ ဆိုရမွာပါ။

တကယ္တမ္းေတာ့ Android ေတြမွာ ေပၚေနတဲ့ 5G E ဟာ 4×4 MIMO နဲ႔ 256 QAM 4G ကြန္ရက္ပဲျဖစ္တာကို အားလုံးသိၾကပါတယ္။ 3G ကေန 4G ကြန္ရက္ကို တစ္ဆင့္ျမင့္လာတုန္းကလည္း T-Mobile က 3G HSPA+ ကြန္ရက္ကို 4G အျဖစ္ သုံးႏႈန္းခဲ့ဖူးတဲ့ ျဖစ္ရပ္လည္း ရွိခဲ့ပါေသးတယ္။

အခုေတာ့ AT&T ရဲ႕ 5G E icon ေတြက iPhone ေတြေပၚမွာလည္း ျမင္ေတြ႕ေနရၿပီျဖစ္ပါတယ္။ AT&T ကို အသုံးျပဳတဲ့ iPhone user ေတြဟာ iOS 12.2 Beta ကို ထည့္သြင္းလိုက္ၿပီးခ်ိန္မွာေတာ့ အဆိုပါ 5G E icon ေတြကို ျမင္ေတြ႕လာရတာ ျဖစ္ပါတယ္။ တကယ္ေတာ့ လက္ရွိအသုံးျပဳေနတဲ့ iPhone ေတြဟာ 5G ကြန္ရက္ကို ခ်ိတ္ဆက္ႏိုင္ျခင္း မရွိသလို AT&T ကလည္း 5G ကြန္ရက္ကို အသုံးျပဳသူေတြဆီ ျဖန႔္က်က္ထားျခင္း မရွိေသးပါဘူး။

AT&T ဟာ အေမရိကန္ရဲ႕ ၿမိဳ႕ႀကီး ၁၂ ၿမိဳ႕မွာ 5G ကြန္ရက္ေတြကို ျဖန႔္က်က္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ 5G ကြန္ရက္ကို Sub-6GHz နဲ႔ mmWave ဆိုၿပီး ႏွစ္မ်ိဳးခြဲျခားထားမယ္လို႔ သိရပါတယ္။ mmWave ကေတာ့ လူဦးေရထူထပ္ၿပီး အသုံးမ်ားတဲ့ေနရာေတြမွာ ျမင့္မားတဲ့ Bandwidth ကို Limited Coverage အေနနဲ႔ သယ္ေဆာင္ ေပးမွာျဖစ္ပါတယ္။ Sub-6GHz ကေတာ့ ပိုေကာင္းတဲ့ Coverage ကိုသယ္ေဆာင္ေပးေပမယ့္ Speed ကေတာ့ အနည္းငယ္ ေႏွးမယ္လို႔ သိရပါတယ္။

Ref: The Verge

[Unicode]

iPhone တွေပေါ်မှာလည်း AT&T ရဲ့ 5G E Icon တွေကို မြင်တွေ့လာရပြီ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်က AT&T ဟာ Android ဖုန်းတွေမှာ 4G လို့ ပေါ်ရမယ့်အစား 5G E လို့ ပေါ်အောင်လို့ လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လာမယ့် 5G ကွန်ရက်အတွက် ကြိုတင်ပြီး ကြော်ငြာဝင်ထားတာလို့ ဆိုရမှာပါ။

တကယ်တမ်းတော့ Android တွေမှာ ပေါ်နေတဲ့ 5G E ဟာ 4×4 MIMO နဲ့ 256 QAM 4G ကွန်ရက်ပဲဖြစ်တာကို အားလုံးသိကြပါတယ်။ 3G ကနေ 4G ကွန်ရက်ကို တစ်ဆင့်မြင့်လာတုန်းကလည်း T-Mobile က 3G HSPA+ ကွန်ရက်ကို 4G အဖြစ် သုံးနှုန်းခဲ့ဖူးတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါသေးတယ်။

အခုတော့ AT&T ရဲ့ 5G E icon တွေက iPhone တွေပေါ်မှာလည်း မြင်တွေ့နေရပြီဖြစ်ပါတယ်။ AT&T ကို အသုံးပြုတဲ့ iPhone user တွေဟာ iOS 12.2 Beta ကို ထည့်သွင်းလိုက်ပြီးချိန်မှာတော့ အဆိုပါ 5G E icon တွေကို မြင်တွေ့လာရတာ ဖြစ်ပါတယ်။ တကယ်တော့ လက်ရှိအသုံးပြုနေတဲ့ iPhone တွေဟာ 5G ကွန်ရက်ကို ချိတ်ဆက်နိုင်ခြင်း မရှိသလို AT&T ကလည်း 5G ကွန်ရက်ကို အသုံးပြုသူတွေဆီ ဖြန့်ကျက်ထားခြင်း မရှိသေးပါဘူး။

AT&T ဟာ အမေရိကန်ရဲ့ မြို့ကြီး ၁၂ မြို့မှာ 5G ကွန်ရက်တွေကို ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ 5G ကွန်ရက်ကို Sub-6GHz နဲ့ mmWave ဆိုပြီး နှစ်မျိုးခွဲခြားထားမယ်လို့ သိရပါတယ်။ mmWave ကတော့ လူဦးရေထူထပ်ပြီး အသုံးများတဲ့နေရာတွေမှာ မြင့်မားတဲ့ Bandwidth ကို Limited Coverage အနေနဲ့ သယ်ဆောင် ပေးမှာဖြစ်ပါတယ်။ Sub-6GHz ကတော့ ပိုကောင်းတဲ့ Coverage ကိုသယ်ဆောင်ပေးပေမယ့် Speed ကတော့ အနည်းငယ် နှေးမယ်လို့ သိရပါတယ်။

Ref: The Verge