Internal Data Corporation (IDC) ရဲ့ စစ်တမ်းအရ ကမ္ဘာ့ တက်ဘလက် ရောင်းအားဟာ အရင်နှစ်ကထက် ၀.၁၅ ရာခိုင်နှုန်း  တိုးတက်လာပါတယ်။ ဒါပေမယ့် Chromebook ရောင်းအားက ကျဆင်းနေပြီး အရင်နှစ်ကထက် ၅၁.၄ ရာခိုင်နှုန်းတောင် ထိုးကျသွားပါတယ်။

Worldwide Tablet Shipments Q2 2022

တက်ဘလက် ကဏ္ဍကို ပြောရရင် Apple ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ တက်ဘလက် ၁၂.၆ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက် ဝေစု ၃၁ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ Samsung က နံပါတ် ၂ နေရာကို ရထားပြီး ၇.၃ သန်း ရောင်းချနိုင်ကာ ဈေးကွက်ဝေစု ၁၈.၁ ရာခိုင်နှုန်း ရထားပါတယ်။ Amazon ရဲ့ Kindle က ၅.၅ သန်း ရောင်းချထားနိုင်ပြီး နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ Lenovo က နံပါတ် ၄ နေရာကို ကျသွားပြီး ၃.၅ သန်း ရောင်းချထားနိုင်ပါတယ်။ နံပါတ် ၅ နေရာမှာ Huawei ရှိနေပြီး ၂.၁ သန်း ရောင်းချထားနိုင်ပါတယ်။

IDC က Xiaomi , realme , OPPO နဲ့ Vivo တို့ဟာ တက်ဘလက် နယ်ပယ်ကို ဝင်ရောက်လာကြတဲ့အတွက် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း Android တက်ဘလက် ဈေးကွက်ဟာ တိုးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ ပညာရေးမှာ တက်ဘလက်တွေကို အသုံးများလာတာနဲ့ တရုတ်က 618 ၊ အမေရိကန်က Prime Day တို့လို အထူး ဈေးရောင်းပွဲတွေကြောင့် တက်ဘလက် ဈေးကွက်ဟာ တိုးတက်လာတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Worldwide-Chromebook-Shipments-in-Q2-2022

Chromebook တွေကတော့ ကွာတားတိုင်း ရောင်းအားကျဆင်းနေပြီး ကုမ္ပဏီ အားလုံးရဲ့ ရောင်းအားတွေဟာ နှစ်တိုင်း ကျဆင်းနေပါတယ်။ ဒါပေမယ့် Dell က ကွာတား ၂ မှာ အလုံးရေ ၁.၅ သန်း ရောင်းချထားနိုင်ပြီး ဈေးကွက်ကို ဆက်လက်အုပ်စိုးထားနိုင်ပါတယ်။ Acer က နံပါတ် ၂ နေရာကို ၁.၃ သန်းနဲ့ရထားပြီး Lenovo က နံပါတ် ၃ နေရာကို ၁.၂ သန်းနဲ့ ပိုင်ဆိုင်ထားပါတယ်။ HP နဲ့ Samsung က နံပါတ် ၄ နဲ့ ၅ နေရာကို ၀.၉ နဲ့ ၀.၄ သန်းနဲ့ အသီးသီး ရထားပါတယ်။

Ref : gizmochina