[Unicode]
Apple က တရုတ် အခြေစိုက် BOE ကုမ္ပဏီကနေ OLED အမြောက်အများ မှာယူဖို့ စီစဉ်နေပြီး ၂၀၂၁ ခုနှစ်အတွက် ဒုတိယ အကြီးဆုံး OLED Supplier အဖြစ် BOE ကို ရည်ရွယ်ထားပါတယ်။ တောင်ကိုရီးယားကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး Apple ဟာ ၂၀၂၁ ခုနှစ်ထုတ် iPhone တွေအတွက် BOE ဆီကနေ OLED Display ပေါင်း ၄၅ သန်း မှာယူမယ်လို့ သိရပါတယ်။
ဒီသတင်းသာ မှန်မယ်ဆိုရင် BOE ဟာ Apple အတွက် ဒုတိယ အကြီးမားဆုံး OLED Display ထုတ်လုပ်သူ ဖြစ်လာမှာပါ။ Samsung ကတော့ Apple အတွက် OLED Display အများဆုံး ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီ အဖြစ် ဆက်လက်ရှိနေမှာပါ။ LG Display က တတိယ အများဆုံး ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Japan Display က Apple Watch အတွက် အရွယ်သေး OLED Display တွေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
Apple က iPhone 12 Series အားလုံးမှာ OLED Display တွေ သုံးမယ်ဆိုတဲ့ သတင်းသာ မှန်မယ်ဆိုရင် ၂၀၂၀ ခုနှစ်မှာ Apple ဟာ OLED Display တွေ ပိုလိုအပ်လာမှာပါ။ BOE က ထုတ်တဲ့ OLED တွေကို ၂၀၂၀ ခုနှစ်ထုတ် iPhone တွေမှာ သုံးမလားဆိုတာ မသိရသေးပါဘူး။ BOE ဟာ Huawei Mate Series တွေအတွက်လည်း OLED တွေ ထောက်ပံ့ခဲ့ပါတယ်။
Ref : gsmarena
[Zawgyi]
Apple က ၂၀၂၁ ခုႏွစ္အတြက္ ဒုတိယ အႀကီးဆံုး OLED Supplier အျဖစ္ BOE ကို ရည္ရြယ္ထား
Apple က တရုတ္ အေျခစုိက္ BOE ကုမၸဏီကေန OLED အေျမာက္အမ်ား မွာယူဖို႔ စီစဥ္ေနၿပီး ၂၀၂၁ ခုႏွစ္အတြက္ ဒုတိယ အႀကီးဆံုး OLED Supplier အျဖစ္ BOE ကို ရည္ရြယ္ထားပါတယ္။ ေတာင္ကိုရီးယားကေန ဒီသတင္းထြက္လာတာ ျဖစ္ၿပီး Apple ဟာ ၂၀၂၁ ခုႏွစ္ထုတ္ iPhone ေတြအတြက္ BOE ဆီကေန OLED Display ေပါင္း ၄၅ သန္း မွာယူမယ္လို႔ သိရပါတယ္။
ဒီသတင္းသာ မွန္မယ္ဆိုရင္ BOE ဟာ Apple အတြက္ ဒုတိယ အႀကီးမားဆံုး OLED Display ထုတ္လုပ္သူ ျဖစ္လာမွာပါ။ Samsung ကေတာ့ Apple အတြက္ OLED Display အမ်ားဆံုး ထုတ္လုပ္ေပးတဲ့ ကုမၸဏီ အျဖစ္ ဆက္လက္ရွိေနမွာပါ။ LG Display က တတိယ အမ်ားဆံုး ထုတ္လုပ္ေပးမွာ ျဖစ္ၿပီး Japan Display က Apple Watch အတြက္ အရြယ္ေသး OLED Display ေတြ ထုတ္လုပ္ေပးမွာ ျဖစ္ပါတယ္။
Apple က iPhone 12 Series အားလံုးမွာ OLED Display ေတြ သံုးမယ္ဆိုတဲ့ သတင္းသာ မွန္မယ္ဆိုရင္ ၂၀၂၀ ခုႏွစ္မွာ Apple ဟာ OLED Display ေတြ ပိုလိုအပ္လာမွာပါ။ BOE က ထုတ္တဲ့ OLED ေတြကို ၂၀၂၀ ခုႏွစ္ထုတ္ iPhone ေတြမွာ သံုးမလားဆိုတာ မသိရေသးပါဘူး။ BOE ဟာ Huawei Mate Series ေတြအတြက္လည္း OLED ေတြ ေထာက္ပံ့ခဲ့ပါတယ္။
Ref : gsmarena