[Zawgyi]

Apple အေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Mac Pro အသစ္ မိတ္ဆက္ခဲ့တာကို အားလုံး သိၾကၿပီးသား ျဖစ္မွာပါ။ အဲ့ဒီအခ်ိန္တုန္းက Apple ဟာ Mac Pro (Base) ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္ စြမ္းေဆာင္ရည္ အျမင့္ဆုံးျဖစ္တဲ့ Mac Pro (Top-of-the-line) ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းကိုေတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိပါဘူး။

Mac Pro (Base) ေမာ္ဒယ္မွာ 8-Core (Intel Xeon W) Processor , AMD Radeon Pro 508X GPU, 32GB RAM ( 4 x 8GB DIMMs) နဲ႔ 256GB SSD ေတြ ပါဝင္ၿပီး ကန္ေဒၚလာ ၅,၉၉၉ ( ျမန္မာေငြ သိန္း ၉၀ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။ ဒါက Mac Pro ရဲ႕ အနိမ့္ဆုံး Specs နဲ႔ ေစ်းႏႈန္းပါ။ အျမင့္ဆုံးကို ရခ်င္တယ္ဆိုရင္ 28-Core Processor , 1.5TB (1500GB) RAM (12 x 128GB DIMMs) နဲ႔ 4TB (4000GB) SSD ေတြ ပါဝင္တဲ့ Mac Pro ကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ အဆိုပါ Mac Pro ရဲ႕ ေစ်းႏႈန္းကို Apple က တရားဝင္ေဖာ္ျပထားျခင္း မရွိေသးေပမယ့္ The Verge ကေတာ့ သူရဲ႕ ျဖစ္ႏိုင္ေခ်ရွိတဲ့ ခန္႔မွန္းေစ်းႏႈန္းကို ေလ့လာတြက္ခ်က္ျပလိုက္ပါတယ္။

The Verge ရဲ႕ ေဖာ္ျပခ်က္မ်ားအရ အဆိုပါ Mac Pro ရဲ႕ ေစ်းႏႈန္းဟာ အနည္းဆုံး ကန္ေဒၚလာ ၃၃,၇၂၀ ( ျမန္မာေငြ သိန္း ၅၀၀ ဝန္းက်င္ ) က်သင့္တယ္လို႔ သိရပါတယ္။ ဒါေတာင္ GPUs ၄လုံးရဲ႕ ကုန္က်စရိတ္ မပါေသးဘူးလို႔ ဆိုပါတယ္။ AMD Radeon Pro Vega II GPUs ၄လုံးဖိုးပါ ထပ္ေပါင္းလိုက္မယ္ဆိုရင္ ကန္ေဒၚလာ ၄၅,ဝ၀၀ ( ျမန္မာေငြ သိန္း ၆၈၀ ဝန္းက်င္ ) ေလာက္ကေတာ့ အသာေလး ကုန္ႏိုင္ပါတယ္။ (The Verge အေနနဲ႔ AMD Radeon Vega II GPUs ၄လုံးရဲ႕ ကုန္က်စရိတ္ကို အတိအက် မသိရေပမယ့္ အနည္းဆုံး ကန္ေဒၚလာ ၁၂,၀၀၀ ( ျမန္မာေငြ သိန္း ၁၈၀ ဝန္းက်င္) ရွိႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားပါတယ္ )

တကယ္လို႔ သင္ဟာ Apple Crazy တစ္ေယာက္ဆိုရင္ Pro Display XDR monitor နဲ႔ Pro Stand ေတြကိုလည္း လိုအပ္ဦးမွာပါ။ အဆိုပါ ပစၥည္းေတြပါ ထပ္ေပါင္းလိုက္မယ္ဆိုရင္ေတာ့ ကန္ေဒၚလာ ၅၀,၀၀၀ ( ျမန္မာေငြ သိန္း ၇၆၀ ဝန္းက်င္ ) ကုန္မွာ အေသအခ်ာပါ။ ေဖာ္ျပပါ ေစ်းႏႈန္းေတြဟာ လက္ရွိေစ်းကြက္ထဲမွာ ေရာင္းခ်ေနတဲ့ ပစၥည္းေတြရဲ႕ ေစ်းႏႈန္းနဲ႔ ႏႈိင္းယွဥ္တြက္ခ်က္ထားတာျဖစ္ၿပီး၊ Apple ဆီက တရားဝင္ ထြက္ရွိလာရင္ ဒီထက္ပိုၿပီး ေစ်းမ်ားႏိုင္ေၾကာင္း The Verge က ေျပာဆိုထားပါတယ္။

Ref : The Verge

[Unicode]

ငွေကျပ် သိန်းပေါင်း ၆၈၀ အထိ တန်ကြေးရှိနိုင်တဲ့ Apple Mac Pro အမြင့်ဆုံးမော်ဒယ်

Apple အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Mac Pro အသစ် မိတ်ဆက်ခဲ့တာကို အားလုံး သိကြပြီးသား ဖြစ်မှာပါ။ အဲ့ဒီအချိန်တုန်းက Apple ဟာ Mac Pro (Base) မော်ဒယ်ရဲ့ စျေးနှုန်းကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်တဲ့ Mac Pro (Top-of-the-line) မော်ဒယ်ရဲ့ စျေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

Mac Pro (Base) မော်ဒယ်မှာ 8-Core (Intel Xeon W) Processor , AMD Radeon Pro 508X GPU, 32GB RAM ( 4 x 8GB DIMMs) နဲ့ 256GB SSD တွေ ပါဝင်ပြီး ကန်ဒေါ်လာ ၅,၉၉၉ ( မြန်မာငွေ သိန်း ၉၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ ဒါက Mac Pro ရဲ့ အနိမ့်ဆုံး Specs နဲ့ စျေးနှုန်းပါ။ အမြင့်ဆုံးကို ရချင်တယ်ဆိုရင် 28-Core Processor , 1.5TB (1500GB) RAM (12 x 128GB DIMMs) နဲ့ 4TB (4000GB) SSD တွေ ပါဝင်တဲ့ Mac Pro ကို ရွေးချယ်နိုင်ပါတယ်။ အဆိုပါ Mac Pro ရဲ့ စျေးနှုန်းကို Apple က တရားဝင်ဖော်ပြထားခြင်း မရှိသေးပေမယ့် The Verge ကတော့ သူရဲ့ ဖြစ်နိုင်ရှိတဲ့ ခန့်မှန်းစျေးနှုန်းကို လေ့လာတွက်ချက်ပြလိုက်ပါတယ်။

The Verge ရဲ့ ဖော်ပြချက်များအရ အဆိုပါ Mac Pro ရဲ့ စျေးနှုန်းဟာ အနည်းဆုံး ကန်ဒေါ်လာ ၃၃,၇၂၀ ( မြန်မာငွေ သိန်း ၅၀၀ ဝန်းကျင် ) ကျသင့်တယ်လို့ သိရပါတယ်။ ဒါတောင် GPUs ၄လုံးရဲ့ ကုန်ကျစရိတ် မပါသေးဘူးလို့ ဆိုပါတယ်။ AMD Radeon Pro Vega II GPUs ၄လုံးဖိုးပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ကန်ဒေါ်လာ ၄၅,ဝ၀၀ ( မြန်မာငွေ သိန်း ၆၈၀ ဝန်းကျင် ) လောက်ကတော့ အသာလေး ကုန်နိုင်ပါတယ်။ (The Verge အနေနဲ့ AMD Radeon Vega II GPUs ၄လုံးရဲ့ ကုန်ကျစရိတ်ကို အတိအကျ မသိရပေမယ့် အနည်းဆုံး ကန်ဒေါ်လာ ၁၂,၀၀၀ ( မြန်မာငွေ သိန်း ၁၈၀ ဝန်းကျင်) ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ် )

တကယ်လို့ သင်ဟာ Apple Crazy တစ်ယောက်ဆိုရင် Pro Display XDR monitor နဲ့ Pro Stand တွေကိုလည်း လိုအပ်ဦးမှာပါ။ အဆိုပါ ပစ္စည်းတွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၅၀,၀၀၀ ( မြန်မာငွေ သိန်း ၇၆၀ ဝန်းကျင် ) ကုန်မှာ အသေအချာပါ။ ဖော်ပြပါ စျေးနှုန်းတွေဟာ လက်ရှိစျေးကွက်ထဲမှာ ရောင်းချနေတဲ့ ပစ္စည်းတွေရဲ့ စျေးနှုန်းနဲ့ နှိုင်းယှဥ်တွက်ချက်ထားတာဖြစ်ပြီး၊ Apple ဆီက တရားဝင် ထွက်ရှိလာရင် ဒီထက်ပိုပြီး စျေးများနိုင်ကြောင်း The Verge က ပြောဆိုထားပါတယ်။

Ref : The Verge