Apple ရဲ့ တစ်ခုထဲသော All-in-one PC မဟုတ်တဲ့ Desktop ကွန်ပျူတာဖြစ်တဲ့ Mac Pro ဟာ အခုဆိုရင် နောက်ဆုံးထွက်ရှိခဲ့တဲ့အချိန်က ၅ နှစ်တောင်ရှိသွားပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Apple ကနေ လာမယ့်နှစ်မှာ Mac Pro ကွန်ပျူတာအသစ်ကို ထုတ်ပေးတော့မယ်လို့ သိရပါတယ်။

Source : Apple

အခုသတင်းကို Apple ကနေ ထိပ်တန်းမီဒီယာအချို့နဲ့ပဲ ပြုလုပ်ခဲ့တဲ့ Meeting မှာပြောကြားခဲ့တာဖြစ်ပြီးတော့ လက်ရှိ Mac ကွန်ပျူတာတွေထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံးဖြစ်လာမယ့် Mac Pro ကွန်ပျူတာကို ၂၀၁၉ မှာ စတင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။

Source : Apple

Source : Apple

နောက်ဆုံးထွက်ရှိခဲ့တဲ့ Mac Pro ကွန်ပျူတာက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအချိန်တုန်းက Professional Photo & Video Editors တေတွ၊ အခြားသော လုပ်ငန်းတွေအကုန်လုံးက အသုံးပြုခဲ့ကြတဲ့ ကွန်ပျူတာတစ်ခုလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Mac Pro ကွန်ပျူတာတွေကို ဆက်မထုတ်ဖြစ်တော့ပဲ Apple က All-in-One iMac တွေကိုပဲ အာရုံစိုက်လာခဲ့တာပါ။

အဲ့ဒီအတွက် အခုအသစ်ထွက်လာဦးမယ့် Mac Pro ကွန်ပျူတာကရော လက်ရှိ Apple အပါအဝင် အခြားသော ကွန်ပျူတာတွေထက် ဘယ်လောက်ထိ စွမ်းဆောင်ရည်မြင့်မားလာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။