Unicode

Apple ကနေ ထုတ်လုပ်တဲ့ Product အများစုဟာ အသုံးပြုသူတွေအနေနဲ့ ကိုယ်တိုင်ပြန်လည်ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒီအတွက်လည်း Apple ကနေ Certified ပြုလုပ်ပေးထားတဲ့ Service Center တွေမှာပဲ သွားရောက်ပြင်ဆင်ဖို့ Apple ကိုယ်တိုင်ကလည်း Recommend ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် Apple ရဲ့ Professional တွေအတွက် ရည်ရွယ်တဲ့ Mac Pro ကွန်ပျူတာကတော့ ယခင် Apple Product တွေနဲ့ မတူညီဘဲ Teardown Website ဖြစ်တဲ့ iFixit ကနေ အမြင့်ဆုံး Repairability Score ဖြစ်တဲ့ 9 out of 10 ရရှိသွားခဲ့ပါတယ်။ ဒါက လက်ရှိ Apple Product တွေထဲမှာ ပြန်လည်ပြင်ဆင်ဖို့အလွယ်ကူဆုံး Product တစ်ခုလည်း ဖြစ်လာတာပါ။

iFixit ကနေ ဒီ Apple Mac Pro မှာ Internal Compartment တွေကို Access လုပ်ဖို့ အလွန်လွယ်ကူတဲ့အပြင် Hardware Upgrade အများစုကိုလည်း Tool အသုံးပြုစရာမလိုဘဲ ဆောင်ရွက်နိုင်တဲ့အတွက် ချီးကျူးခဲ့ပါတယ်။

Apple Mac Pro ဟာ Housing Case ကို ဖယ်ရှားဖို့အတွက် အပေါ်က Handle ကနေ ဆွဲလိုက်ဖို့ပဲ လိုအပ်မှာဖြစ်ပြီး RAM Module တွေ Upgrade လုပ်ဖို့ Diagram ကိုပါ ထည့်သွင်းထားတဲ့အပြင် Tool တစ်ခုမှ မလိုဘဲ ပြုလုပ်နိုင်တာလည်းဖြစ်ပါတယ်။ ဒ့ါအပြင် Apple ကိုယ်တိုင်ကလည်း Repair ပြုလုပ်ဖို့အတွက် Guide တွေကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

အခုလိုမျိးပဲ Case အတွင်းက Compartment အများစုကလည်း Tools မလိုအပ်ဘဲ Thumb-screw တွေ၊ Eject Switch တွေကို အသုံးပြုပြီး ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ Tools လိုအပ်တဲ့နေရာတွေက အောက်ခြေကို ဖယ်ရှားဖို့ 4mm Hex Head ၊ Power Supply အတွက် Single T8 Torx Screw နဲ့ CPU အတွက် T15 Torx Plus Screw တွေပဲဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Apple Mac Pro မှာပါဝင်တဲ့ SSD Module တွေကတော့ Apple ကနေ Custom ပြုလုပ်ထားတာတွေဖြစ်တဲ့အတွက် Storage ကို Upgrade လုပ်ချင်တယ်ဆိုရင်တော့ Apple ကနေတစ်ဆင့် သို့မဟုတ် မှာယူတဲ့အချိန်ထဲက Storage ပမာဏများပြားတဲ့ Version ကို မှာယူဖို့လိုအပ်မှာဖြစ်ပါတယ်။ ဖြစ်နိုင်တာက အခုလိုမျိုး ဖြုတ်ရလွယ်နေတဲ့အတွက် Data ခိုးယူမှုကနေ ကာကွယ်နိုင်အောင် အခုလိုမျိုး ပြုလုပ်ထားတာဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ စျေးအကြီးဆုံး ကွန်ပျူတာလို့ ပြောလို့ရတဲ့ Mac Pro က အခုလိုမျိုး ပြင်ဆင်ရလွယ်ကူတာကတော့ အားသာချက်လို့ ပြောရမှာပါ။

Ref – GSM Arena

Zawgyi

Apple ကေန ထုတ္လုပ္တဲ့ Product အမ်ားစုဟာ အသုံးျပဳသူေတြအေနနဲ႔ ကိုယ္တိုင္ျပန္လည္ျပင္ဆင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲ့ဒီအတြက္လည္း Apple ကေန Certified ျပဳလုပ္ေပးထားတဲ့ Service Center ေတြမွာပဲ သြားေရာက္ျပင္ဆင္ဖို႔ Apple ကိုယ္တိုင္ကလည္း Recommend ျပဳလုပ္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္ Apple ရဲ႕ Professional ေတြအတြက္ ရည္႐ြယ္တဲ့ Mac Pro ကြန္ပ်ဴတာကေတာ့ ယခင္ Apple Product ေတြနဲ႔ မတူညီဘဲ Teardown Website ျဖစ္တဲ့ iFixit ကေန အျမင့္ဆုံး Repairability Score ျဖစ္တဲ့ 9 out of 10 ရရွိသြားခဲ့ပါတယ္။ ဒါက လက္ရွိ Apple Product ေတြထဲမွာ ျပန္လည္ျပင္ဆင္ဖို႔အလြယ္ကူဆုံး Product တစ္ခုလည္း ျဖစ္လာတာပါ။

iFixit ကေန ဒီ Apple Mac Pro မွာ Internal Compartment ေတြကို Access လုပ္ဖို႔ အလြန္လြယ္ကူတဲ့အျပင္ Hardware Upgrade အမ်ားစုကိုလည္း Tool အသုံးျပဳစရာမလိုဘဲ ေဆာင္႐ြက္ႏိုင္တဲ့အတြက္ ခ်ီးက်ဴးခဲ့ပါတယ္။

Apple Mac Pro ဟာ Housing Case ကို ဖယ္ရွားဖို႔အတြက္ အေပၚက Handle ကေန ဆြဲလိုက္ဖို႔ပဲ လိုအပ္မွာျဖစ္ၿပီး RAM Module ေတြ Upgrade လုပ္ဖို႔ Diagram ကိုပါ ထည့္သြင္းထားတဲ့အျပင္ Tool တစ္ခုမွ မလိုဘဲ ျပဳလုပ္ႏိုင္တာလည္းျဖစ္ပါတယ္။ ဒ့ါအျပင္ Apple ကိုယ္တိုင္ကလည္း Repair ျပဳလုပ္ဖို႔အတြက္ Guide ေတြကို ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

အခုလိုမ်ိးပဲ Case အတြင္းက Compartment အမ်ားစုကလည္း Tools မလိုအပ္ဘဲ Thumb-screw ေတြ၊ Eject Switch ေတြကို အသုံးျပဳၿပီး ဖယ္ရွားႏိုင္မွာျဖစ္ပါတယ္။ Tools လိုအပ္တဲ့ေနရာေတြက ေအာက္ေျခကို ဖယ္ရွားဖို႔ 4mm Hex Head ၊ Power Supply အတြက္ Single T8 Torx Screw နဲ႔ CPU အတြက္ T15 Torx Plus Screw ေတြပဲျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ Apple Mac Pro မွာပါဝင္တဲ့ SSD Module ေတြကေတာ့ Apple ကေန Custom ျပဳလုပ္ထားတာေတြျဖစ္တဲ့အတြက္ Storage ကို Upgrade လုပ္ခ်င္တယ္ဆိုရင္ေတာ့ Apple ကေနတစ္ဆင့္ သို႔မဟုတ္ မွာယူတဲ့အခ်ိန္ထဲက Storage ပမာဏမ်ားျပားတဲ့ Version ကို မွာယူဖို႔လိုအပ္မွာျဖစ္ပါတယ္။ ျဖစ္ႏိုင္တာက အခုလိုမ်ိဳး ျဖဳတ္ရလြယ္ေနတဲ့အတြက္ Data ခိုးယူမႈကေန ကာကြယ္ႏိုင္ေအာင္ အခုလိုမ်ိဳး ျပဳလုပ္ထားတာျဖစ္ႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Apple ရဲ႕ ေစ်းအႀကီးဆုံး ကြန္ပ်ဴတာလို႔ ေျပာလို႔ရတဲ့ Mac Pro က အခုလိုမ်ိဳး ျပင္ဆင္ရလြယ္ကူတာကေတာ့ အားသာခ်က္လို႔ ေျပာရမွာပါ။

Ref – GSM Arena