Apple ရဲ့ MacBook Air တွေဟာ ပါးလွှာပြီးပေါ့ပါးတဲ့ Ultrabook ဈေးကွက်ကို စတင်ခဲ့တဲ့ Laptop ကွန်ပျူတာတွေလို့ သတ်မှတ်လို့ရမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အခြားသော Windows OS အသုံးပြုထားတဲ့ Ultrabook တွေက စွမ်းဆောင်ရည်အလွန်ကောင်းမွန်လာသလို Apple ကိုယ်တိုင်ကလည်း MacBook Pro တွေကို ပိုပြီးပါးလွှာအောင်ပြုလုပ်နေသလို 12″ MacBook ကိုလည်း အသစ်ထုတ်လုပ်ခဲ့တဲ့အတွက် MacBook Air ကို အသုံးပြုတဲ့သူတွေနည်းပါးလာပါတယ်။

အဲ့ဒီအတွက်အချို့က Apple ဟာ MacBook Air ကို ဆက်ပြီးထုတ်လုပ်ဖို့မရှိလောက်တော့ဘူးလို့ ယူဆနေကြပေမယ့် အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အဆိုပါ ကောလဟာလတွေက မှားယွင်းနေတဲ့ပုံပါပဲ။

ဘာဖြစ်လို့လဲဆိုရင် Apple နဲ့ပတ်သတ်တဲ့သတင်းတွေကို ခန့်မှန်းတဲ့နေရာမှာ အလွန်တိကျတဲ့ KGI Securities က Ming-Chi Kuo ကနေ Apple ဟာ ဒီနှစ်ထဲမှာပဲ 13″ MacBook Air အသစ်ကိုထုတ်လုပ်သွားမယ်လို့ ပြောခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် Ming-Chi Kuo ရဲ့ပြောကြားချက်အရတော့ အဆိုပါ MacBook Air အသစ်ဟာ Processor နဲ့ ဒီဇိုင်းပိုင်းကို သိသိသာသာအဆင့်မြှင့်တင်ပေးသွားမှာတော့မဟုတ်ပေမယ့် ဈေးနှုန်းကိုတော့ ဝယ်လိုအားပြန်လည်မြင့်တက်လာစေဖို့အတွက် ဈေးနှုန်းကို လျော့ချပြီးရောင်းချသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာ Apple MacBook Air တွေကို ဒေါ်လာ ၉၉၉ ကနေ စတင်ရောင်းချနေတာဖြစ်ပြီးတော့ တကယ်လို့သာ ဒေါ်လာ ၇၉၉ ဝန်းကျင်လောက်နဲ့ MacBook Air တွေကို ဝယ်ယူနိုင်ခဲ့ရင် Apple MacBook တွေရဲ့ ရောင်းအားက ပြန်ပြီးတက်လာနိုင်တယ်လို့ပြောလို့ရမှာပါ