[Zawgyi]

Apple က ၁၆ လက္မ MacBook Pro ကို လာမယ့္လမွာ ေၾကညာႏုိင္တယ္လို႔ သတင္းထြက္လာပါတယ္။ လက္ပ္ေတာ့ ေစ်းကြက္ကို သုေတသန ျပဳလုပ္တဲ့ TrendForce အဖြဲ႕အစည္းက ခန္႔မွန္းလိုက္တာပါ။ TrendForce က ေက်ာင္းေတြ ျပန္ဖြင့္မယ့္ အခ်ိန္ေရာက္လာေတာ့မယ့္အတြက္ Chromebooks ေတြဟာ ၀ယ္လိုအားမ်ားမွာ ျဖစ္ၿပီး ၁၆ လက္မ Apple MacBook Pro လို ထုတ္ကုန္ အသစ္ေတြလည္း ေရာင္းခ်ႏုိင္တယ္လို႔ ေျပာပါတယ္။

သုေတသန အဖြဲ႕အစည္း HIS Markit မွ ေလ့လာဆန္းစစ္သူ Jeff Lin က ၁၆ လက္မ MacBook Pro ကို စက္တင္ဘာလမွာ ေၾကညာၿပီး စတင္ ထုတ္လုပ္မယ္လို႔ မၾကာခင္က ေျပာခဲ့ဖူးပါတယ္။ ေၾကညာၿပီး သိပ္မၾကာခင္မွာ ေရာင္းခ်ႏုိင္တယ္လို႔ သူက ေျပာခဲ့ပါတယ္။

မၾကာခင္က DigiTimes ကလည္း ၁၆ လက္မ Apple MacBook Pro ကို စက္တင္ဘာလမွာ ေၾကညာၿပီး သိပ္မၾကာခင္မွာ ေရာင္းခ်မယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။ ထိုင္၀မ္က United Daily News (UDN) ကေတာ့ ေအာက္တိုဘာလမွာ ေရာင္းမယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီ သတင္းေတြအရ Apple ဟာ အဲဒီ လက္ပ္ေတာ့ကို အေစာဆံုးအေနနဲ႔ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလထဲမွာ ေရာင္းခ်ႏုိင္ပါတယ္။

Jeff Lin က ၁၆ လက္မ ေမာ္ဒယ္ထြက္လာမွာ ျဖစ္တဲ့ အတြက္ Apple က လက္ရွိ ၁၅.၄ လက္မ MacBook Pro ကို ေရာင္းေတာ့မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ ၁၆ လက္မ MacBook Pro မွာ ပိုႀကီးတဲ့ မ်က္ႏွာျပင္ပါလာမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ေဘးေဘာင္ေတြက ပါးလႊာမွာပါ။ ကိုယ္ထည္ အရြယ္အစားက လက္ရွိ ၁၅ လက္မ MacBook Pro နဲ႔ တူမွာပါ။

Ref : techradar

[Unicode]

၁၆ လက်မ Apple MacBook Pro ကို စက်တင်ဘာလမှာ ကြေညာနိုင်

Apple က ၁၆ လက်မ MacBook Pro ကို လာမယ့်လမှာ ကြေညာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ လက်ပ်တော့ ဈေးကွက်ကို သုတေသန ပြုလုပ်တဲ့ TrendForce အဖွဲ့အစည်းက ခန့်မှန်းလိုက်တာပါ။ TrendForce က ကျောင်းတွေ ပြန်ဖွင့်မယ့် အချိန်ရောက်လာတော့မယ့်အတွက် Chromebooks တွေဟာ ဝယ်လိုအားများမှာ ဖြစ်ပြီး ၁၆ လက်မ Apple MacBook Pro လို ထုတ်ကုန် အသစ်တွေလည်း ရောင်းချနိုင်တယ်လို့ ပြောပါတယ်။

သုတေသန အဖွဲ့အစည်း HIS Markit မှ လေ့လာဆန်းစစ်သူ Jeff Lin က ၁၆ လက်မ MacBook Pro ကို စက်တင်ဘာလမှာ ကြေညာပြီး စတင် ထုတ်လုပ်မယ်လို့ မကြာခင်က ပြောခဲ့ဖူးပါတယ်။ ကြေညာပြီး သိပ်မကြာခင်မှာ ရောင်းချနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။

မကြာခင်က DigiTimes ကလည်း ၁၆ လက်မ Apple MacBook Pro ကို စက်တင်ဘာလမှာ ကြေညာပြီး သိပ်မကြာခင်မှာ ရောင်းချမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ထိုင်ဝမ်က United Daily News (UDN) ကတော့ အောက်တိုဘာလမှာ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ သတင်းတွေအရ Apple ဟာ အဲဒီ လက်ပ်တော့ကို အစောဆုံးအနေနဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ရောင်းချနိုင်ပါတယ်။

Jeff Lin က ၁၆ လက်မ မော်ဒယ်ထွက်လာမှာ ဖြစ်တဲ့ အတွက် Apple က လက်ရှိ ၁၅.၄ လက်မ MacBook Pro ကို ရောင်းတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ ၁၆ လက်မ MacBook Pro မှာ ပိုကြီးတဲ့ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာမှာပါ။ ကိုယ်ထည် အရွယ်အစားက လက်ရှိ ၁၅ လက်မ MacBook Pro နဲ့ တူမှာပါ။

Ref : techradar