Apple ဟာ M2 Chip ပါတဲ့ MacBook Air အသစ်ကို မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာတော့ပါဘူး။ Bloomberg ရဲ့ Mark Gurman က MacBook Air အသစ်ကို ဒီနှစ် ဒုတိယ နှစ်ဝက်ကျမှ ကြေညာမယ်လို့ သတင်းပေးလာပြီး ဒီဇိုင်း လုံးဝ ဆန်းသစ်ထားမှာ ဖြစ်ကာ M2 Chip ထည့်ထားမယ်လို့ ပြောပါတယ်။

Apple MacBook Pro 2021

ဒါ့အပြင် သူက ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro အသစ်တွေကို ၂၀၂၃ ခုနှစ်ကျမှ ကြေညာမှာ ဖြစ်ပြီး M2 Pro သို့မဟုတ် M2 Max Chip ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

MacBook Air with M1 review: A near-perfect laptop | Laptop Mag

လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ MacBook Air အသစ်ကို ကွာတား ၂ (ဧပြီ ကနေ ဇွန်လအတွင်း) နှောင်းပိုင်း သို့မဟုတ် ကွာတား ၃ (ဇူလိုင် ကနေ စက်တင်ဘာလအတွင်း) အစောပိုင်းမှာ အမြောက်အများ ထုတ်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဒီနှစ် ဒုတိယ နှစ်ဝက်လောက် ဖြစ်သွားနိုင်တဲ့အတွက် အထက်ပါ သတင်းနဲ့ တူညီနေပါတယ်။

အချုပ်ပြောရရင် ၁၃ လက်မ မျက်နှာပြင် ပါတဲ့ MacBook Air နဲ့ MacBook Pro အသစ်တွေကို ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ ထင်ရပြီး ကြေညာပြီးတာနဲ့ ရောင်းချနိုင်ပါတယ်။ အဲဒီ လက်ပ်တော့တွေမှာ နောက်မျိုးဆက် Apple M2 Chipset ပါလာနိုင်ပါတယ်။

Apple ဟာ MacBook အသစ်တွေနဲ့အတူ M2 Chip ပါတဲ့ Mac Mini  အသစ်ကိုလည်း ကြေညာနိုင်ပါတယ်။ Apple ဟာ Mac Series အသစ်တွေကို ၂ နှစ် ၁ ကြိမ် ကြေညာလေ့ရှိပြီး M1 ပါတဲ့ Mac တွေကို ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်ထားတဲ့အတွက် ဒီနှစ်ထဲမှာ Mac အသစ်တွေ မြင်ရမှာပါ။

Ref : gizmochina