[Zawgyi]

Apple ဟာ လာမယ့္ ႏွစ္မွာ ပထမဦးဆုံး 5G ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ Cellular MacBook ကို ပြဲထုတ္ဖို႔ႀကိဳးစားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ Digitimes ရဲ႕ေဖာ္ျပခ်က္အရ ဒီ Cellular MacBook ကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အတြင္းမွာ ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Apple အေနနဲ႔ ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ 5G ခ်ိတ္ဆက္မႈရဖို႔အတြက္ Ceramic antenna ကို အသုံးျပဳမယ္လို႔လည္း သိရပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး တျခားဘယ္သူကမွ ေဖာ္ျပျခင္းမရွိေသးေပမယ့္ Digitimes ကေတာ့ အခိုင္အမာကို ေရးသားေဖာ္ျပထားတာလည္း ျဖစ္ပါတယ္။

Apple အေနနဲ႔ Cellular အသုံးျပဳ Notebook ေတြအတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ ဒီဇိုင္းေတြကို ျပဳလုပ္ေကာင္း ျပဳလုပ္ေနႏိုင္ပါတယ္။ Digitimes ရဲ႕သတင္းေတြနဲ႔ပတ္သက္ရင္ ရာႏႈန္းျပည့္နီးပါး ယုံၾကည္ရတယ္ဆိုေပမယ့္၊ ၂၀၂၀ ဒုတိယႏွစ္ဝက္မွာ ထြက္လာဖို႔က လုံေလာက္တဲ့အခ်ိန္ရွိရဲ႕လားဆိုတာ သံသယျဖစ္ရပါတယ္။ ထြက္လာရင္ေတာင္မွ 5G iPhone ေတြရဲ႕ ေနာက္မွသာ ျဖစ္ႏိုင္ပါတယ္။

Digitimes ကေတာ့ Apple ဟာ 5G အင္တင္နာဘုတ္အတြက္ အျခားထုတ္လုပ္မႈေတြက အသုံးျပဳေနတဲ့ ပုံမွန္သတၱဳေတြအစား ေႂကြထည္ပစၥည္းကို အသုံးျပဳလိမ့္မယ္လို႔ ဆိုပါတယ္။ ဒီလိုမ်ိဳး ေႂကြထည္ကိုသုံးျခင္းအားျဖင့္ ဆယ္လူလာ လက္ခံျခင္းနဲ႔ ထုတ္လႊတ္ျခင္းျမန္ႏႈန္းကို သိသိသာသာ တိုးျမင့္လာေစမယ္လို႔လည္း သိရပါတယ္။

ေႂကြထည္ပစၥည္းေၾကာင့္ 5G ျမန္ႏႈန္းကိုလည္း ႏွစ္ဆတိုးေစသလို ျဖစ္လာလိမ့္မယ္လို႔လည္း Digitimes က အခိုင္အမာ ေရးသားေဖာ္ျပထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေႂကြထည္ပစၥည္းကိုသုံးမယ္ဆိုရင္ေတာ့ ကုန္က်စရိတ္က ပုံမွန္သုံးစြဲေလ့ရွိတဲ့ အစိတ္အပိုင္းေတြထက္ ေျခာက္ဆေလာက္ ျမင့္တက္သြားဖြယ္ ရွိပါတယ္။ ဒါေပမယ့္လည္း Apple ဟာ ေဈးႏႈန္းျမင့္တဲ့ ပရီမီယံထုတ္ကုန္ေတြကိုပဲ ထုတ္လုပ္ေရာင္းခ်တာေၾကာင့္ ဘာေတြဆက္ျဖစ္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: 9To5Mac

[Unicode]

၂၀၂၀ မှာ Apple ရဲ့ 5G ဆယ်လူလာ MacBook ကို မြင်တွေ့ရဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ

Apple ဟာ လာမယ့် နှစ်မှာ ပထမဦးဆုံး 5G ချိတ်ဆက်အသုံးပြုနိုင်တဲ့ Cellular MacBook ကို ပွဲထုတ်ဖို့ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ Digitimes ရဲ့ဖော်ပြချက်အရ ဒီ Cellular MacBook ကို လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Apple အနေနဲ့ ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ 5G ချိတ်ဆက်မှုရဖို့အတွက် Ceramic antenna ကို အသုံးပြုမယ်လို့လည်း သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တခြားဘယ်သူကမှ ဖော်ပြခြင်းမရှိသေးပေမယ့် Digitimes ကတော့ အခိုင်အမာကို ရေးသားဖော်ပြထားတာလည်း ဖြစ်ပါတယ်။

Apple အနေနဲ့ Cellular အသုံးပြု Notebook တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းတွေကို ပြုလုပ်ကောင်း ပြုလုပ်နေနိုင်ပါတယ်။ Digitimes ရဲ့သတင်းတွေနဲ့ပတ်သက်ရင် ရာနှုန်းပြည့်နီးပါး ယုံကြည်ရတယ်ဆိုပေမယ့်၊ ၂၀၂၀ ဒုတိယနှစ်ဝက်မှာ ထွက်လာဖို့က လုံလောက်တဲ့အချိန်ရှိရဲ့လားဆိုတာ သံသယဖြစ်ရပါတယ်။ ထွက်လာရင်တောင်မှ 5G iPhone တွေရဲ့ နောက်မှသာ ဖြစ်နိုင်ပါတယ်။

Digitimes ကတော့ Apple ဟာ 5G အင်တင်နာဘုတ်အတွက် အခြားထုတ်လုပ်မှုတွေက အသုံးပြုနေတဲ့ ပုံမှန်သတ္တုတွေအစား ကြွေထည်ပစ္စည်းကို အသုံးပြုလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ကြွေထည်ကိုသုံးခြင်းအားဖြင့် ဆယ်လူလာ လက်ခံခြင်းနဲ့ ထုတ်လွှတ်ခြင်းမြန်နှုန်းကို သိသိသာသာ တိုးမြင့်လာစေမယ်လို့လည်း သိရပါတယ်။

ကြွေထည်ပစ္စည်းကြောင့် 5G မြန်နှုန်းကိုလည်း နှစ်ဆတိုးစေသလို ဖြစ်လာလိမ့်မယ်လို့လည်း Digitimes က အခိုင်အမာ ရေးသားဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေထည်ပစ္စည်းကိုသုံးမယ်ဆိုရင်တော့ ကုန်ကျစရိတ်က ပုံမှန်သုံးစွဲလေ့ရှိတဲ့ အစိတ်အပိုင်းတွေထက် ခြောက်ဆလောက် မြင့်တက်သွားဖွယ် ရှိပါတယ်။ ဒါပေမယ့်လည်း Apple ဟာ ဈေးနှုန်းမြင့်တဲ့ ပရီမီယံထုတ်ကုန်တွေကိုပဲ ထုတ်လုပ်ရောင်းချတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: 9To5Mac