Apple ရဲ့ iOS Device တွေမှာ ယခင်ထဲက Widget တွေပါဝင်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် iOS မှာပါဝင်တဲ့ Widget ဟာ သီးသန့် Screen တစ်ခုထဲမှာပဲကြည့်ရှုနိုင်တာဖြစ်ပြီး Android မှာလိုမျိုး Home Screen ရဲ့ ကြိုက်နှစ်သက်တဲ့နေရာမှာ ထားလို့ မရခဲ့ပါဘူး။

အခု 9to5Mac ကနေ ဖော်ပြခဲ့တဲ့သတင်းအရဆိုရင် Apple ကနေ လာမယ့် iOS 14 မှာ Home Screen ရဲ့ကြိုက်တဲ့နေရာမှာ Widget ထားနိုင်မယ့်စနစ်တစ်ခုကို စီစဥ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီ Feature ကိုတော့ iOS 14 ရဲ့ Code တွေကနေ သိရှိခဲ့ရတာဖြစ်ပြီး လောလောဆယ်မှာ အဆိုပါ Feature ရဲ့ Codename ကို Avocado လို့နာမည်ပေးထားပါတယ်။

တစ်ခုရှိတာက Apple ကနေ ဒီလိုမျိုး Widget တွေကို Home Screen မှာကြိုက်တဲ့နေရာမှာထားနိုင်အောင်ပြုလုပ်နေတယ်ဆိုတာက စမ်းသပ်ဆဲဖြစ်နေပြီး တကယ်တမ်းထွက်ရှိလာတဲ့အချိန်မှာတော့ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်။ ယခင်တုန်းကလည်း Apple ကနေ iOS 14 မှာ Home Screen ကို App Drawer ပုံစံပါ ပြောင်းလဲသွားဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။

နောက်ထပ်ထွက်ရှိလာတဲ့ သတင်းတွေအရ iOS 14 မှာ Wallpaper အသစ်တွေပါဝင်လာမှာဖြစ်သလို Home Screen ပေါ်မှုတည်ပြီးတော့ နောက်ခံ Background ကို Blur ပေးတာ သို့မဟုတ် Dark နဲ့ Flat ပုံစံပြောင်းလဲပေးနိုင်တဲ့ Dynamic Wallpaper Setting တွေလည်းထည့်သွင်းလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ iOS 14 ဟာ ယခင် iOS Version တွေနဲ့ယှဥ်ရင် Performance ပိုင်းထက် Design ပိုင်းမှာ သိသိသာသာပြောင်းလဲမှုအများအပြားရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Engadget