[Zawgyi]





Ref: GSMArena

[Unicode]

iPhone XS နဲ့ XS Max အနီရောင်ကို တရုတ်ဈေးကွက်မှာ ဦးဆုံးရောင်းမယ်လို့ သတင်းထွက်ပေါ်

Apple ရဲ့ iPhone တွေနဲ့ ပတ်သက်လာရင် အနီရောင် iPhone တွေကလည်း လူကြိုက်များခဲ့ကြပါတယ်။ Apple ဟာ iPhone XS နဲ့ XS Max ကို အနီရောင်ကို ထပ်မံထုတ်လုပ်ပြီး တရုတ်နိုင်ငံ ဈေးကွက်ထဲကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ စတင်မိတ်ဆက်ရောင်းချသွားမယ်လို့ သတင်းထွက်လာပါတယ်။

အနီရောင် iPhone တွေကို iPhone 7 မှာကတည်းက စတင် ထုတ်လုပ်ခဲ့တာပါ။ ဒီ Version တွေဟာ အာဖရိကရဲ့ HIV/AIDS ဝေဒနာသည်တွေကို ကူညီပေးတဲ့ Foundation အတွက် ရည်ရွယ်ထုတ်လုပ်တယ်လို့ သိရပါတယ်။ အဲဒီ အနီရောင်ဗားရှင်းတွေဟာ PRODUCT (RED) လို့ လူသိများခဲ့ကြတာလည်း ဖြစ်ပါတယ်။

Apple ဟာ တရုတ်နိုင်ငံတွင်းမှာ ရောင်းချခဲ့တဲ့ အနီရောင် iPhone တွေကိုတော့ PRODUCT (RED) Branding အဖြစ် အသုံးမပြုခဲ့တာတော့ ထူးခြားချက်တစ်ရပ်လို့ ဆိုရပါမယ်။ ဒီတစ်ကြိမ်မှာလည်း တရုတ်မဟုတ်တဲ့ အခြားနိုင်ငံတွေမှာတော့ PRODUCT (RED) Branding ကို အသုံးပြုဖွယ်ရှိပေမယ့် တရုတ်နိုင်ငံမှာတော့ China Red လို့ပဲ ခေါ်ဆိုသွားဖွယ် ရှိပါတယ်။

iPhone XS နဲ့ XS Max တွေကို အနီရောင်အဖြစ် ထုတ်လုပ်လိုက်ပေမယ့် ဈေးနှုန်းကတော့ အခြားအရောင်တွေဖြစ်တဲ့ Space Gray, silver, gold စတာတွေနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ XS နဲ့ XS Max PRODUCT (RED) တွေကို တရုတ်မဟုတ်တဲ့ အခြားနိုင်ငံတကာ ဈေးကွက်တွေမှာ ဘယ်အချိန် ရောင်းချမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: GSMArena