Apple ကနေ ယခုနှစ်အတွင်းမှာ iPhone 12 Series ဖုန်းသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ iPhone 5G Model ဟာ စျေးနှုန်းအနေနဲ့ $649 ကနေ စတင်မှာဖြစ်ပြီး တချို့သောစျေးကွက်တွေမှာလည်း 4G iPhone 12 ကို $549 ကနေ စတင်ရောင်းချသွားမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး စျေးပိုသက်သာသွားတဲ့အတွက် Apple ကနေ iPhone 12 Series ဖုန်းတွေမှာ EarPods ကို ထည့်သွင်းပေးမှာမဟုတ်ဘူးဆိုတာကိုတော့ ယခင်ထဲက သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအစား Apple ရဲ့ ကိုယ်ပိုင် Wireless Earbuds တွေဖြစ်တဲ့ AirPods တွေကိုပဲ Bundle အနေနဲ့ ရောင်းချသွားဖို့ရှိနေတယ်ဆိုပြီးလည်း သိရပါတယ်.

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple ဟာ iPhone 12 Series ဖုန်းတွေမှာ EarPods အပြင် Charger ကိုပါ ထည့်သွင်းပေးတော့မှာမဟုတ်ဘဲ ဖုန်းသီးသန့်ပဲ ရောင်းချပေးတော့မယ်ဆိုပြီး သတင်းတွေထပ်မံထွက်ရှိလာပါတယ်။ မကြာသေးခင်တုန်းက Apple ကနေ iPhone 12 Series ဖုန်းတွေအတွက် 20W Charger အသစ်ကိုပါ မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သတင်းထွက်ခဲ့ဖူးတဲ့အတွက်ဖြစ်နိုင်တာကတော့ အဆိုပါ Fast Charger ကိုပဲ သီးသန့်ရောင်းချသွားဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ Android စမတ်ဖုန်းတွေမှာ Charging Speed အလွန်မြန်ဆန်တဲ့ 65W Charger တွေကိုတောင်မှ ဖုန်းနဲ့အတူထည့်သွင်းရောင်းချနေတဲ့အချိန်မှာ Apple အနေနဲ့ iPhone 12 Series ဖုန်းတွေမှာ EarPods အပြင် Charger ကိုပါ ထည့်သွင်းပေးမှာမဟုတ်ဘူးဆိုတာကတော့ ဝေဖန်မှုတွေခံရဖို့များနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ iPhone Model အဟောင်းတွေကနေ အသစ်ကိုပြောင်းလဲတဲ့သူတွေအတွက်တော့ ယခင် Charger ကိုပဲ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် Charger တစ်ခုအပိုဖြစ်နေတာကိုတော့ လျော့ချနိုင်မှာပါ။

Ref – Gizmo China