[Zawgyi]

ဂ်ပန္ရဲ႕ ကိုရီးယားအေပၚ ပို႔ကုန္ကန႔္သတ္ခ်က္ဟာ Apple ကို စိုးရိမ္မႈေတြ ျဖစ္လာေစပါတယ္။ ဒီ ကန႔္သတ္ခ်က္ဟာ OLED display panels ထုတ္လုပ္မႈေတြကို အေႏွာင့္အယွက္ျဖစ္လာေစမွာပါ။ သက္ေရာက္မႈကေတာ့ ကိုရီးယားကုမၸဏီႏွစ္ခုလုံးျဖစ္တဲ့ Samsung နဲ႔ LG တို႔ အခက္ေတြ႕ေစျခင္းပါ။ ၾကားထဲက မ်က္ခုံးလႈပ္ရတာကေတာ့ Apple ပါပဲ။

Apple ဟာ ၂၀၁၉ ထုတ္ iPhone ေတြအားလုံးကို OLED ေတြအသုံးျပဳဖို႔ အစီအစဥ္ဆြဲထားတာ ျဖစ္ပါတယ္။ အခုထြက္ေပၚလာတဲ့သတင္းအရဆိုရင္ ၂၀၁၉ iPhone ေတြအတြက္ OLED ေထာက္ပံ့မယ့္ကုမၸဏီသစ္ကို ရွာေဖြရဖြယ္ ရွိေနပါတယ္။ ေကာလာဟလေတြထြက္ေနတာကေတာ့ အေမရိကန္ကုမၸဏီႀကီးဟာ ဒီကိစၥအတြက္ တ႐ုတ္ရဲ႕ BOE နဲ႔ စကားေျပာၿပီးသြားၿပီလို႔ ဆိုတာပါပဲ။

iPhone XS ႏွစ္မ်ိဳးလုံးအတြက္ မ်က္ႏွာျပင္ေတြကို Samsung ကပဲ ေထာက္ပံ့ေပးတာပါ။ အခုလို BOE နဲ႔ ခ်ိတ္ဆက္မယ္ဆိုရင္ေတာ့ Apple အေနနဲ႔ Samsung တစ္ခုတည္းအေပၚ မွီခိုအားထားေနရျခင္းကို ေလွ်ာ့ခ်ႏိုင္မွာလည္း ျဖစ္ပါတယ္။ Japan Display Inc ကေတာ့ လာမယ့္ Apple Watch ေတြအတြက္ ေသးငယ္တဲ့ OLED panel ေတြကိုပဲ ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

JDI ရဲ႕ OLED panel အႀကီးေတြထုတ္လုပ္ဖို႔ အဆင္သင့္မျဖစ္ေသးတဲ့ အေျခအေနကလည္း Apple ကို BOE ဆီ တြန္းပို႔ေပးလိုက္သလို ျဖစ္ေကာင္းျဖစ္ေနပါလိမ့္မယ္။ BOE ကေတာ့ Huawei Mate 20 Pro ေတြအတြက္ေထာက္ပံ့ေပးခဲ့သလို Foldable Mate X ေတြအတြက္လည္း OLED panel ေတြကို အဓိက ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။ အခ်ိဳ႕သတင္းရင္းျမစ္ေတြကေတာ့ ထုတ္လုပ္မႈလုပ္ငန္းစဥ္သစ္ႏွစ္ခုဟာ မၾကာခင္မွာ စတင္ေတာ့မယ္လို႔ အခိုင္အမာ ေျပာဆိုေနၾကပါတယ္။

Ref: GSMArena

[Unicode]

BOE OLED Display တွေ သုံးလာနိုင်တဲ့ Apple

ဂျပန်ရဲ့ ကိုရီးယားအပေါ် ပို့ကုန်ကန့်သတ်ချက်ဟာ Apple ကို စိုးရိမ်မှုတွေ ဖြစ်လာစေပါတယ်။ ဒီ ကန့်သတ်ချက်ဟာ OLED display panels ထုတ်လုပ်မှုတွေကို အနှောင့်အယှက်ဖြစ်လာစေမှာပါ။ သက်ရောက်မှုကတော့ ကိုရီးယားကုမ္ပဏီနှစ်ခုလုံးဖြစ်တဲ့ Samsung နဲ့ LG တို့ အခက်တွေ့စေခြင်းပါ။ ကြားထဲက မျက်ခုံးလှုပ်ရတာကတော့ Apple ပါပဲ။

Apple ဟာ ၂၀၁၉ ထုတ် iPhone တွေအားလုံးကို OLED တွေအသုံးပြုဖို့ အစီအစဉ်ဆွဲထားတာ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းအရဆိုရင် ၂၀၁၉ iPhone တွေအတွက် OLED ထောက်ပံ့မယ့်ကုမ္ပဏီသစ်ကို ရှာဖွေရဖွယ် ရှိနေပါတယ်။ ကောလာဟလတွေထွက်နေတာကတော့ အမေရိကန်ကုမ္ပဏီကြီးဟာ ဒီကိစ္စအတွက် တရုတ်ရဲ့ BOE နဲ့ စကားပြောပြီးသွားပြီလို့ ဆိုတာပါပဲ။

iPhone XS နှစ်မျိုးလုံးအတွက် မျက်နှာပြင်တွေကို Samsung ကပဲ ထောက်ပံ့ပေးတာပါ။ အခုလို BOE နဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ Apple အနေနဲ့ Samsung တစ်ခုတည်းအပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချနိုင်မှာလည်း ဖြစ်ပါတယ်။ Japan Display Inc ကတော့ လာမယ့် Apple Watch တွေအတွက် သေးငယ်တဲ့ OLED panel တွေကိုပဲ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

JDI ရဲ့ OLED panel အကြီးတွေထုတ်လုပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေကလည်း Apple ကို BOE ဆီ တွန်းပို့ပေးလိုက်သလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ BOE ကတော့ Huawei Mate 20 Pro တွေအတွက်ထောက်ပံ့ပေးခဲ့သလို Foldable Mate X တွေအတွက်လည်း OLED panel တွေကို အဓိက ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အချို့သတင်းရင်းမြစ်တွေကတော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်သစ်နှစ်ခုဟာ မကြာခင်မှာ စတင်တော့မယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

Ref: GSMArena