Unicode

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Smartwatch တစ်ခုဖြစ်တဲ့ Apple Watch Series 5 ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Smartwatch တစ်ခုလို့ ပြောရင်လည်းမမှားပါဘူး။ Apple ဟာ ဒီ Apple Watch Series 5 ကို ပုံမှန် Stainless Steel နဲ့ Aluminum Version တွေအပြင် Titanium နဲ့ Ceramic Version ဆိုပြီးလည်း အသစ်ထပ်မံမိတ်ဆက်ထားခဲ့သေးတာဖြစ်ပါတယ်။

အခုလည်း Apple ကနေ ဒီ Apple Watch Series 5 ကို လာမယ့်နှစ်မှာ နောက်ထပ် Version အသစ်တစ်ခု မိတ်ဆက်လာဖို့များနေပါတယ်။ ဒါကတော့ လက်ရှိ Apple ကနေ HIV/AIDS Program တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ (PRODUCT) RED Version အနေနဲ့ မိတ်ဆက်လာမှာပါ။

လက်ရှိအချိန်မှာ Apple ကနေ iPod ၊ Apple iPhone တွေအပြင် တခြားသော Product အများအပြားကို အနီရောင် (PRODUCT) RED နဲ့ မိတ်ဆက်ထားပေမယ့် Apple Watch အနေနဲ့ကတော့ အခု Series 5 က ပထမဆုံးဖြစ်လာမှာပါ။ အခုသတင်းကို WatchGeneration ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Apple Database ထဲမှာ ရှာတွေ့ခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်ပြီးဖျက်ချလိုက်တယ်လို့ သိရပါတယ်။

ဖြစ်နိုင်တာက ဒီ Apple Watch Series 5 (PRODUCT) RED Versio ဟာ လက်ရှိ Silver ၊ Space Grey နဲ့ Gold Casing တွေအနေနဲ့ ရောင်းချနေတဲ့ Aluminum Model ထဲမှာပဲ မိတ်ဆက်လာနိုင်ပြီးတော့ iPod Touch မှာလိုမျိုး အနီရောင်ကို အသုံးပြုလာနိုင်ပါတယ်။

Apple Watch Series 5 ဟာ Always-on OLED Display ၊ ECG Feature ၊ 32GB Storage နဲ့ Custom Apple S5 Chipset ပါဝင်မှာဖြစ်ပြီးတော့ ဖြစ်နိုင်တာက ဒီ (PRODUCT) RED Version ကို လာမယ့် ၂၀၂၀ မတ်လ မတိုင်ခင်မှာမိတ်ဆက်လာဖို့များနေပါတယ်။

Ref – Phone Arena

Zawgyi

Apple ကေန ေနာက္ဆုံးမိတ္ဆက္ထားတဲ့ Smartwatch တစ္ခုျဖစ္တဲ့ Apple Watch Series 5 ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆုံး Smartwatch တစ္ခုလို႔ ေျပာရင္လည္းမမွားပါဘူး။ Apple ဟာ ဒီ Apple Watch Series 5 ကို ပုံမွန္ Stainless Steel နဲ႔ Aluminum Version ေတြအျပင္ Titanium နဲ႔ Ceramic Version ဆိုၿပီးလည္း အသစ္ထပ္မံမိတ္ဆက္ထားခဲ့ေသးတာျဖစ္ပါတယ္။

အခုလည္း Apple ကေန ဒီ Apple Watch Series 5 ကို လာမယ့္ႏွစ္မွာ ေနာက္ထပ္ Version အသစ္တစ္ခု မိတ္ဆက္လာဖို႔မ်ားေနပါတယ္။ ဒါကေတာ့ လက္ရွိ Apple ကေန HIV/AIDS Program ေတြအတြက္ ရန္ပုံေငြရွာေဖြတဲ့ (PRODUCT) RED Version အေနနဲ႔ မိတ္ဆက္လာမွာပါ။

လက္ရွိအခ်ိန္မွာ Apple ကေန iPod ၊ Apple iPhone ေတြအျပင္ တျခားေသာ Product အမ်ားအျပားကို အနီေရာင္ (PRODUCT) RED နဲ႔ မိတ္ဆက္ထားေပမယ့္ Apple Watch အေနနဲ႔ကေတာ့ အခု Series 5 က ပထမဆုံးျဖစ္လာမွာပါ။ အခုသတင္းကို WatchGeneration ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီး Apple Database ထဲမွာ ရွာေတြ႕ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္ၿပီးဖ်က္ခ်လိုက္တယ္လို႔ သိရပါတယ္။

ျဖစ္ႏိုင္တာက ဒီ Apple Watch Series 5 (PRODUCT) RED Versio ဟာ လက္ရွိ Silver ၊ Space Grey နဲ႔ Gold Casing ေတြအေနနဲ႔ ေရာင္းခ်ေနတဲ့ Aluminum Model ထဲမွာပဲ မိတ္ဆက္လာႏိုင္ၿပီးေတာ့ iPod Touch မွာလိုမ်ိဳး အနီေရာင္ကို အသုံးျပဳလာႏိုင္ပါတယ္။

Apple Watch Series 5 ဟာ Always-on OLED Display ၊ ECG Feature ၊ 32GB Storage နဲ႔ Custom Apple S5 Chipset ပါဝင္မွာျဖစ္ၿပီးေတာ့ ျဖစ္ႏိုင္တာက ဒီ (PRODUCT) RED Version ကို လာမယ့္ ၂၀၂၀ မတ္လ မတိုင္ခင္မွာမိတ္ဆက္လာဖို႔မ်ားေနပါတယ္။

Ref – Phone Arena