[Unicode]

Apple က Touchscreen MacBook ကို ဖန်တီးနေတဲ့ သတင်းတွေကို တောက်လျှောက် ငြင်းလာခဲ့ပါတယ်။ အခုတော့ Apple Touchscreen Laptop ၁ လုံးရဲ့ Patent ၁ ခု ထွက်ပေါ်လာပါတယ်။ အမေရိကန်မှာ မှတ်ပုံတင်ထားတာဖြစ်ပြီး “ Cross Device Interaction” လို့ Patent ကို နာမည်ပေးထားပါတယ်။ နောက်ပိုင်းထုတ် iPhone , iPad နဲ့ Macs တွေမှာ ပါလာမယ့် လုပ်ဆောင်ချက် နာမည်ထင်ပါတယ်။ Apple က Patent မှာ စမတ်ဖုန်းနဲ့ Laptop Computer ရဲ့ Display ကို ပြသထားပြီး သီးခြား Labels နဲ့ Descriptions တွေကို ဖော်ပြထားပါတယ်။

Description မှာ Touch Sensitive Display ဖြစ်ပြီး User က မတူညီတဲ့ Functions နဲ့ Commands တွေအတွက် Display မှာ လက်နဲ့ အလုပ်လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ Apple ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ Craig Federighi က လက်နဲ့ Display မှာ အလုပ်တွေလုပ်ရတာ ပိုအလုပ်ရှုပ်စေတယ်လို့ ယူဆတဲ့အတွက် Touchscreen Mac မထုတ်ဘူးလို့ အရင်က ပြောခဲ့ဖူးပါတယ်။

အခု Patent မှာ Cross Platform Function အသစ်ကိုလည်း ဖော်ပြထားပါတယ်။ User က Apple Device ၂ လုံး၊ ၃ လုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပြီး Screen ၁ ခုက Content တွေကို နောက် Screen ၁ ခုမှာ ကြည့်နိုင်မှာပါ။ ဥပမာအနေနဲ့ MacBook က ဓါတ်ပုံ ၁ ပုံကို iPhone သို့ ပို့ဆောင်ပြီး ကြည့်ရှုနိုင်မှာပါ။ Device များစွာက ဒေတာတွေကို အပြန်အလှန် ရယူနိုင်တဲ့ သဘော ဖြစ်ပါတယ်။

Apple က ဒီ Patent မှာ နည်းပညာ အစုံထည့်သွင်းထားပုံရပါတယ်။ Display Mirroring လုပ်ဆောင်ချက်ကို Touch Input ကနေ သာမကဘဲ Voice Command ကနေလည်း သုံးနိုင်မှာပါ။ Apple ထုတ်ကုန်တွေမှာ ဒီနည်းပညာ ဘယ်အချိန်ပါလာမလဲဆိုတာ ရင်ခုန်စောင့်စားရဦးမှာပါ။

Ref : gizmochina

[Zawgyi]

Apple က Touchscreen MacBook ကို ဖန္တီးေတာ့မလား ?

Apple က Touchscreen MacBook ကို ဖန္တီးေနတဲ့ သတင္းေတြကို ေတာက္ေလွ်ာက္ ျငင္းလာခဲ့ပါတယ္။ အခုေတာ့ Apple Touchscreen Laptop ၁ လုံးရဲ႕ Patent ၁ ခု ထြက္ေပၚလာပါတယ္။ အေမရိကန္မွာ မွတ္ပုံတင္ထားတာျဖစ္ၿပီး “ Cross Device Interaction” လို႔ Patent ကို နာမည္ေပးထားပါတယ္။ ေနာက္ပိုင္းထုတ္ iPhone , iPad နဲ႔ Macs ေတြမွာ ပါလာမယ့္ လုပ္ေဆာင္ခ်က္ နာမည္ထင္ပါတယ္။ Apple က Patent မွာ စမတ္ဖုန္းနဲ႔ Laptop Computer ရဲ႕ Display ကို ျပသထားၿပီး သီးျခား Labels နဲ႔ Descriptions ေတြကို ေဖာ္ျပထားပါတယ္။

Description မွာ Touch Sensitive Display ျဖစ္ၿပီး User က မတူညီတဲ့ Functions နဲ႔ Commands ေတြအတြက္ Display မွာ လက္နဲ႔ အလုပ္လုပ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ Apple ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌ Craig Federighi က လက္နဲ႔ Display မွာ အလုပ္ေတြလုပ္ရတာ ပိုအလုပ္ရႈပ္ေစတယ္လို႔ ယူဆတဲ့အတြက္ Touchscreen Mac မထုတ္ဘူးလို႔ အရင္က ေျပာခဲ့ဖူးပါတယ္။

အခု Patent မွာ Cross Platform Function အသစ္ကိုလည္း ေဖာ္ျပထားပါတယ္။ User က Apple Device ၂ လုံး၊ ၃ လုံးကို တစ္ၿပိဳင္နက္ အသုံးျပဳႏိုင္မွာ ျဖစ္ၿပီး Screen ၁ ခုက Content ေတြကို ေနာက္ Screen ၁ ခုမွာ ၾကည့္ႏိုင္မွာပါ။ ဥပမာအေနနဲ႔ MacBook က ဓါတ္ပုံ ၁ ပုံကို iPhone သို႔ ပို႔ေဆာင္ၿပီး ၾကည့္ရႈႏိုင္မွာပါ။ Device မ်ားစြာက ေဒတာေတြကို အျပန္အလွန္ ရယူႏိုင္တဲ့ သေဘာ ျဖစ္ပါတယ္။

Apple က ဒီ Patent မွာ နည္းပညာ အစုံထည့္သြင္းထားပုံရပါတယ္။ Display Mirroring လုပ္ေဆာင္ခ်က္ကို Touch Input ကေန သာမကဘဲ Voice Command ကေနလည္း သုံးႏိုင္မွာပါ။ Apple ထုတ္ကုန္ေတြမွာ ဒီနည္းပညာ ဘယ္အခ်ိန္ပါလာမလဲဆိုတာ ရင္ခုန္ေစာင့္စားရဦးမွာပါ။

Ref : gizmochina