Apple ကနေ အခုအချိန်မှာ $399 ကနေ စတင်တဲ့ iPhone SE ကို မိတ်ဆက်ထားပြီးတော့ တခြား Mid Range Android ဖုန်းတွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်နေပြီဖြစ်ပါတယ်။ အဆိုပါ iPhone SE ဟာ လက်ရှိ iPhone 11 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ A13 Bionic Chip ကိုပဲ အသုံးပြုထားပေမယ့် အားနည်းချက်အနည်းငယ်ရှိနေပါသေးတယ်။

ဒါကတော့ iPhone SE ဟာ Design ပိုင်းအနေနဲ့ iPhone 8 Design ကိုပဲ အသုံးပြုထားတဲ့အတွက် Date အောက်နေပြီလို့ ပြောနိုင်သလို $399 ကနေ စတင်တယ်ဆိုပေမယ့် 64GB Storage ပဲ ပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ကနေ လာမယ့် ဇွန်လအစောပိုင်းမှာ ရောင်းချမယ့် Google Pixel 4a စမတ်ဖုန်းဟာ $349 ကနေ စတင်မယ့်အပြင် Storage အနေနဲ့ 128GB ကနေ စတင်လာမှာဖြစ်တဲ့အတွက် iPhone SE အတွက် အကြီးမားဆုံးပြိုင်ဘက်ဖြစ်လာမှာပါ။

Pixel 4a စမတ်ဖုန်းဟာ လက်ရှိသိထားတဲ့သတင်းတွေအရတော့ Snapdragon 730 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး iPhone SE ရဲ့ A13 Bionic Chip ကို မမှီပေမယ့် Design ပိုင်းနဲ့ Camera ပိုင်းမှာ ပိုပြီးသာနိုင်တယ်လို့ ယူဆရပါတယ်။

ဒီအတွက် Apple ကနေ Pixel 4a ကို ယှဥ်ပြိုင်နိုင်ဖို့အတွက် iPhone SE စျေးနှုန်းကို လက်ရှိ $399 ကနေ စျေးလျော့သွားဖို့ စဥ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ လောလောဆယ်မှာ Apple ကနေ iPhone SE အတွက် ရရှိနေတဲ့အမြတ်ရာခိုင်နှုန်းဟာ ၅၄ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ပုံမှန် ၃၀.၄ ရာခိုင်နှုန်းထက်ပိုများနေပြီး အဲ့ဒီအတွက် စျေးထပ်လျော့နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒါက တရားဝင်မဟုတ်သေးတဲ့အတွက် တကယ် Apple အနေနဲ့ Pixel 4a ကို ယှဥ်ပြိုင်ဖို့ စျေးတကယ်လျော့ပြီးရောင်းချနိုင်မလားဆိုတာကိုတေ့ာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Phone Arena