US Patent and Trademark Office မှာ မှတ်ပုံတင်ထားတဲ့ Apple ရဲ့ Patent အသစ် ၁ ခုအရ Apple ဟာ နောက်ထုတ်မယ့် Watch စမတ်နာရီတွေ ပိုပါးလွှာအောင် Haptic Feedback Engine ကို ဖယ်ရှားတော့မယ်လို့ ထင်ရပါတယ်။

Apple might use the battery as a haptic engine in its future Watches

Haptic Feedback ဟာ User Experience အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ အဲဒါကို ဖယ်ရှားဖို့အတွက် Apple က နည်းလမ်း ၁ ခု စဉ်းစားထားပါတယ်။ Apple က ဘက်ထရီကို Haptic Engine အဖြစ် အသုံးချမှာ ဖြစ်ပါတယ်။ Apple က Patent Description မှာ ဘက်ထရီကို လှုပ်ရှားစေခြင်းဖြင့် Haptic Feedback ကို ဖန်တီးမယ်လို့ ဖော်ပြထားပါတယ်။

Best Apple Watch apps: These 9 are the only ones you'll ever really need - CNET

Vibration Motor ကို ဖယ်ရှားလိုက်တဲ့အတွက် Apple စမတ်နာရီမှာ Space ပိုထွက်လာမှာ ဖြစ်ပြီး ပိုကြီးမားတဲ့ ဘက်ထရီ ထည်သွင်းနိုင်တဲ့အတွက် ဘက်ထရီ သက်တမ်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုနေရာမှာ Apple က တခြား နည်းပညာတွေကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကို လှုပ်ရှားစေခြင်းဖြင့် Haptic Engine လို အသုံးချနိုင်တဲ့ နည်းပညာကို ဘယ်အချိန်ကျမှ Apple Watch စမတ်နာရီတွေမှာ ထည့်သွင်းထားမလဲဆိုတာတော့ မသိရသေးပါဘူး။

နည်းပညာ ကုမ္ပဏီတွေဟာ Patent များစွာကို မှတ်ပုံတင်ထားကြပေမယ့် အားလုံးကိုတော့ တကယ့် ထုတ်ကုန် အဖြစ် ထုတ်လုပ်ရောင်းချခြင်း မရှိပါဘူး။ အခု Apple Patent ဟာလည်း တကယ် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena