[Zawgyi]

Apple အေနနဲ႔ သူတို႔ရဲ႕ မ်ိဳးဆက္သစ္စမတ္ဖုန္းေတြမွာ ကိုယ္ပိုင္ Modem ေတြသုံးဖို႔ ႀကိဳးစားေနတာ အားလုံး သိမယ္လို႔ ထင္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္ကတည္းက ဆန္တီေယဂိုမွာ ကြၽမ္းက်င္အင္ဂ်င္နီယာေတြ ငွားၿပီး အလုပ္စဖို႔ ႀကိဳးစားေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာဘာသတင္းမွ မၾကားရေတာ့ျပန္ေပမယ့္ အခုေတာ့ Apple ဟာ Hardware နည္းပညာမ်ားဆိုင္ရာဌာနရဲ႕ အႀကီးတန္းဒုတိယဥကၠ႒ Johny Srouji ဦးေဆာင္မႈေအာက္မွာ လုပ္ငန္းစတင္ေနခဲ့တယ္လို႔ သိရပါတယ္။ Johny Srouji ဟာ ၂၀၀၈ ခုႏွစ္ကတည္းက Apple အတြက္ ဦးေဆာင္ Chip Designer အျဖစ္လုပ္ကိုင္ခဲ့တာပါ။

Johny Srouji ဟာ Apple ရဲ႕ နာမည္ေက်ာ္ A-series chipsets ေတြအတြက္ ဦးေဆာင္ခဲ့သလို၊ ေနာက္ပိုင္းမွာလည္း AirPods ေတြမွာ အသုံးျပဳတဲ့ Proprietary chip ေတြအတြက္လည္း အလုပ္လုပ္ေပးခဲ့သူ ျဖစ္ပါတယ္။ Apple ဟာ ကိုယ္တိုင္ Modem ထုတ္လုပ္ဖို႔အတြက္ ဦးေဆာင္သူေနရာကို အနည္းငယ္ အေျပာင္းအလဲလုပ္ခဲ့ရတာလည္း ျဖစ္ပါတယ္။

Apple အေနနဲ႔ Modem ကိစၥနဲ႔ပတ္သက္ၿပီး ထိခိုက္နစ္နာမႈေတြ အေတာ္မ်ားမ်ား ႀကဳံေတြ႕ခဲ့ရတဲ့အတြက္ အခုလိုမ်ိဳး ကိုယ္တိုင္ထုတ္လုပ္ႏိုင္ဖို႔ အသည္းအသန္လုပ္ေနတာလည္း ျဖစ္ပါတယ္။ ဒီ Modem အတြက္ပဲ Qualcomm ကို သာမန္ထက္ပိုမ်ားတဲ့ ေဈးႏႈန္းေတြေပးခဲ့ရသလို မူပိုင္ခြင့္အတြက္ဆိုင္ရာ ျပႆနာေတြလည္း ရင္ဆိုင္ေျဖရွင္းခဲ့ရတာ ျဖစ္ပါတယ္။

Modem chips ေတြဟာ Apple ထုတ္ကုန္ေတြအတြက္ အဓိကအစိတ္အပိုင္းေနရာကေနပါဝင္ေနေပမယ့္လည္း Apple အေနနဲ႔ ၂၀၂၀ အထိ 5G Modem ကို ကိုယ္တိုင္ထုတ္လုပ္ႏိုင္ဦးမွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ထုတ္ iPhone ေတြမွာေတာ့ အျခားကုမၸဏီေတြဆီကေနပဲ ဝယ္ယူသုံးစြဲရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ကိုယ်တိုင် Modem ထုတ်တဲ့လုပ်ငန်းကို ဒီဇိုင်းထုတ်ခြင်းနဲ့ စတင်နေပြီဖြစ်တဲ့ Apple

Apple အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းတွေမှာ ကိုယ်ပိုင် Modem တွေသုံးဖို့ ကြိုးစားနေတာ အားလုံး သိမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်းက ဆန်တီယေဂိုမှာ ကျွမ်းကျင်အင်ဂျင်နီယာတွေ ငှားပြီး အလုပ်စဖို့ ကြိုးစားနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာဘာသတင်းမှ မကြားရတော့ပြန်ပေမယ့် အခုတော့ Apple ဟာ Hardware နည်းပညာများဆိုင်ရာဌာနရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ Johny Srouji ဦးဆောင်မှုအောက်မှာ လုပ်ငန်းစတင်နေခဲ့တယ်လို့ သိရပါတယ်။ Johny Srouji ဟာ ၂၀၀၈ ခုနှစ်ကတည်းက Apple အတွက် ဦးဆောင် Chip Designer အဖြစ်လုပ်ကိုင်ခဲ့တာပါ။

Johny Srouji ဟာ Apple ရဲ့ နာမည်ကျော် A-series chipsets တွေအတွက် ဦးဆောင်ခဲ့သလို၊ နောက်ပိုင်းမှာလည်း AirPods တွေမှာ အသုံးပြုတဲ့ Proprietary chip တွေအတွက်လည်း အလုပ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ Apple ဟာ ကိုယ်တိုင် Modem ထုတ်လုပ်ဖို့အတွက် ဦးဆောင်သူနေရာကို အနည်းငယ် အပြောင်းအလဲလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Apple အနေနဲ့ Modem ကိစ္စနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာမှုတွေ အတော်များများ ကြုံတွေ့ခဲ့ရတဲ့အတွက် အခုလိုမျိုး ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အသည်းအသန်လုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီ Modem အတွက်ပဲ Qualcomm ကို သာမန်ထက်ပိုများတဲ့ ဈေးနှုန်းတွေပေးခဲ့ရသလို မူပိုင်ခွင့်အတွက်ဆိုင်ရာ ပြဿနာတွေလည်း ရင်ဆိုင်ဖြေရှင်းခဲ့ရတာ ဖြစ်ပါတယ်။

Modem chips တွေဟာ Apple ထုတ်ကုန်တွေအတွက် အဓိကအစိတ်အပိုင်းနေရာကနေပါဝင်နေပေမယ့်လည်း Apple အနေနဲ့ ၂၀၂၀ အထိ 5G Modem ကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၉ ထုတ် iPhone တွေမှာတော့ အခြားကုမ္ပဏီတွေဆီကနေပဲ ဝယ်ယူသုံးစွဲရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena