Apple ရဲ့ Music Streaming Service ဖြစ်တဲ့ Apple Music ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iOS Device တွေအတွက် ကြီးမားတဲ့ Upgrade တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကတော့ Spatial Audio ၊ Dolby Atmos နဲ့ Lossless Format တွေကိုပါ Support ပေးလာခဲ့တာဖြစ်ပါတယ်။

အခုလည်း Apple ကနေ iOS Device တွေတင်မဟုတ်ဘဲ Android အတွက်ပါ အဆိုပါ Feature အသစ်တွေကို ထုတ်ပေးလိုက်ပါပြီ။ ဒါပေမယ့်လည်း Apple Music Beta Version အသုံးပြုသူတွေပဲ အရင်ဆုံးရရှိမှာဖြစ်ပြီး Stable Version အနေနဲ့ကတော့ မကြာခင် Update ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Android အတွက်ရရှိလာတဲ့ Feature တွေထဲမှာ Spatial Audio ၊ Dolby Atmos နဲ့ Lossless Audio Playback တွေအပြင် Automatic Crossfade ၊ Music Library အတွက် Search Enhancement တွေပါဝင်လာမယ်လို့ သိရပါတယ်။ Lossless Audio အတွက်ကတော့ Settings – Audio Quality – Lossless Audio ထဲမှာ “High Efficiency” ၊ “High Quality” ၊ “Lossless” နဲ့ “High-Resolution Lossless” ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ Apple Music ဟာ Bluetooth Headphone တွေ Earbuds တွေအတွက် AAC Format ကိုပဲ အသုံးပြုတာဖြစ်ပြီး Lossless ALAC Format နဲ့ နားထောင်မယ်ဆိုရင် Audio DAC ကောင်းကောင်းနဲ့ Wired Headphone ၊ Earphone တွေနဲ့ပဲ နားထောင်နိုင်မှာဖြစ်ပါတယ်။

Ref – 9to5Google