Sony PlayStation 5 ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Gaming Console တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း US မှာ Nintendo Switch ရဲ့ ၃ နှစ်အချိန်အထိ ရောင်းအားအကောင်းဆုံး Game Console နေရာကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Sony PlayStation 5 အသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုထွက်ရှိလာပြီဖြစ်ပါတယ်။ ဒါကတော့ Sony PlayStation 5 မှာ Apple Music ကို တရားဝင်အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

အခုလိုမျိုး Apple Music App ကို PlayStation 5 မှာ အသုံးပြုနိုင်တဲ့အတွက် Apple Music Content တွေဖြစ်တဲ့ သီချင်းပေါင်း သန်း ၉၀ ကျော်၊ Playlist ပေါင်း ၃၀,၀၀၀ ကျော်နဲ့ Music Video ၊ Music Radio တွေကို စိတ်ကြိုက်နားထောင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple Music ကိုတော့ လစဥ်ကြေးပေးပြီး ဝယ်ယူအသုံးပြုနေဖို့ လိုအပ်မှာပါ၊

Apple Music ဟာ PlayStation 5 အတွက် သီးသန့် App တစ်ခုအနေနဲ့ ထွက်ရှိလာတာကြောင့် DualSense Controller မှာရှိတဲ့ PS Button ကိုနှိပ်ပြီး Control Center ကနေ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဆော့ကစားတဲ့ Game ပေါ်မှုတည်ပြီးလည်း သီချင်းတွေကို Recommend ပေးသွားမှာဖြစ်သလို Background Playback ကိုလည်း Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိတခြား Apple Device အပြင် Android Device တွေမှာလိုမျိုး PS5 အတွက် Apple Music App ဟာ Hi-Res Lossless Audio သို့မဟုတ် Dolby Atmos ကို Support ပြုလုပ်မလားဆိုတာကိုတော့ Sony ရော၊ Apple ရော တရားဝင်ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Apple Music ကို အသုံးပြုနေတယ်ဆိုရင်တော့ PlayStation 5 က အလိုက်ဖက်ဆုံး Game Console တစ်ခုဖြစ်နေပြီလို့တောင် ပြောနိုင်ပါတယ်။

Ref – GSM Arena