Apple ဟာ iPhone ဘူးထဲမှာ Charging brick နဲ့ wired earbuds တွေကို ထည့်သွင်းမပေးတော့တာ ပြီးခဲ့တဲ့နှစ် iPhone 12 စတင်ရောင်းချကတည်းက ဖြစ်ပါတယ်။ အခု 2021 iPhone သစ်တွေမှာလည်း အားသွင်းခေါင်းနဲ့ နားကြပ်တွေ ထည့်သွင်းခြင်းမရှိဘဲ ရောင်းချနေတာပါ။ ဒါပေမဲ့ ပြင်သစ်နိုင်ငံဈေးကွက်မှာတော့ Apple ဟာ သူ့ရဲ့မူဝါဒကို ပြင်ဆင်ခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံဈေးကွက်တွင်းကိုပို့ဆောင်တဲ့ iPhone သစ်တွေမှာတော့ ဘူးထဲမှာ ကြိုးတပ်နားကြပ်ကို ထည့်သွင်းပေးရပါတယ်။ ဒါဟာ ပြင်သစ်အစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေအရဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်ခဲ့တာပါ။ ပြင်သစ်အစိုးရဟာ ကလေးသူငယ်တွေနဲ့ (အထူးသဖြင့် အသက် ၁၄ နှစ်နဲ့အောက်) အရွယ်ရောက်ပြီးသူတွေအနေနဲ့ ဖုန်းကိုခေါင်းဘေးမှာထားရှိခြင်းကို အားမပေးပါဘူး။

ပြင်သစ်အစိုးရအနေနဲ့ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေဟာ iPhone ကို ဦးခေါင်းနားမှာကပ်ပြီးအသုံးပြုခြင်းကြောင့် RF radiation ရရှိမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတဲ့အခါ ကြိုးတပ်နားကြပ်နဲ့ပဲအသုံးပြုဖို့ နှိုးဆော်ထားသလို၊ စမတ်ဖုန်းတွေရောင်းချတဲ့အခါမှာ ကြိုးတပ်နားကြပ်ကို ထည့်သွင်းပေးဖို့ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။ Radio-frequency energy ဟာ လူ့ရဲ့ဦးနှောက်ကို အဆက်မပြတ်ထိုးနှက်မှာကို စိုးရိမ်ကြပါတယ်။

ဥပ ဒေမှာပြဌာန်းထားတာက ဖုန်းအသုံးပြုနေစဉ်မှာ ဦးခေါင်းဆီကို Radioelectric ထုတ်လွှတ်ခြင်းကို ကန့်သတ်နိုင်တဲ့ Accessory တစ်ခုကို ဖုန်းနဲ့တစ်ပါတည်းထည့်ထည့်သွင်းပေးဖို့ ဖြစ်ပါတယ်။ MacRumors ဖိုရမ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Recklesssstook ကတော့ “Box inside the box” ဆိုတဲ့ဓါတ်ပုံနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပြင်သစ်ဥပဒေအရ Apple အသုံးပြုခဲ့တဲ့နည်းလမ်းကို ပြသခဲ့ပါသေးတယ်။

Ref: Phone Arena