[Zawgyi]

၂၀၁၇ ခုႏွစ္ စက္တင္ဘာလတုန္းက Apple ဟာ AirPower ေတြထုတ္လုပ္ေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီလို သတင္းထုတ္ျပန္ၿပီးတဲ့ေနာက္ပိုင္း Apple ပရိသတ္ေတြအားလုံးက ႀကိဳးမဲ့အားသြင္းျပားေတြကို ေစာင့္ဆိုင္းခဲ့ၾကေပမယ့္ Apple ကေတာ့ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ရက္ကေတာ့ Apple အေနနဲ႔ AirPower ေတြကို ထုတ္လုပ္ဖို႔ တကယ္ပဲ လက္ေလွ်ာ့လိုက္ၿပီလို႔ ထုတ္ျပန္ေၾကညာလိုက္တာပါ။ AirPower ေတြကို မထုတ္လုပ္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ရတာက ကုမၸဏီက လိုခ်င္တဲ့ “ျမင့္မားတဲ့ အဆင့္အတန္းနဲ႔ေလ်ာ္ညီေအာင္ မထုတ္လုပ္ႏိုင္တာေၾကာင့္” လို႔ Apple ရဲ႕ ဟာ့ဒ္ဝဲအင္ဂ်င္နီယာ အႀကီးတန္း ဒုတိယဥကၠ႒ Dan Riccio က ေျပာပါတယ္။

Dan က Apple အေနနဲ႔ AirPower ေတြကို အေကာင္းဆုံးရလဒ္ျဖစ္ေအာင္ ႀကိဳးစားခဲ့ေပမယ့္ ကုမၸဏီက သတ္မွတ္ထားတဲ့ ျမင့္မားတဲ့အဆင့္အတန္းကို မျပည့္မီဘူးလို႔ သတ္မွတ္ခဲ့ရတာေၾကာင့္ ဆက္လက္မႀကိဳးစားေတာ့ဖို႔ ဆုံးျဖတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ AirPower ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ Apple ရဲ႕အမာခံေဖာက္သည္ေတြကိုလည္း ေတာင္းပန္စကားဆိုၿပီး ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ပတ္သက္ၿပီး ဆက္လက္ႀကိဳးစားသြားဦးမွာ ျဖစ္တယ္လို႔ Dan က ထပ္မံေျပာဆိုခဲ့ပါတယ္။

AirPower ေတြသာ အမွန္တကယ္ ထြက္ေပၚလာမယ္ဆိုရင္ေတာ့ Apple Watch, AirPod, iPhone စတဲ့ ထုတ္ကုန္ေတြကို တစ္ခုခ်င္းျဖစ္ျဖစ္၊ အားလုံးတစ္ၿပိဳင္နက္ပဲျဖစ္ျဖစ္ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Device မွာလည္း အားဘယ္ေလာက္ထိဝင္ေနၿပီလဲဆိုတာကို ျပသေပးဦးမွာ ျဖစ္ပါတယ္။ AirPower ေတြ ထြက္ေပၚမလာရတဲ့ အဓိကျပႆနာက အပူလြန္ကဲျခင္းကို မေျဖရွင္းႏိုင္တာေၾကာင့္ ျဖစ္တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ Apple ကေတာ့ တရားဝင္ ေျပာဆိုျခင္းမရွိခဲ့ပါဘူး။

Ref: GSMArena

[Unicode]

၁၈ လကြာ နှောင့်နှေးနေပြီးတဲ့နောက် AirPower ထုတ်လုပ်ဖို့ ပယ်ဖျက်လိုက်ပြီလို့ Apple တရားဝင်ကြေညာ

၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက Apple ဟာ AirPower တွေထုတ်လုပ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို သတင်းထုတ်ပြန်ပြီးတဲ့နောက်ပိုင်း Apple ပရိသတ်တွေအားလုံးက ကြိုးမဲ့အားသွင်းပြားတွေကို စောင့်ဆိုင်းခဲ့ကြပေမယ့် Apple ကတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ကတော့ Apple အနေနဲ့ AirPower တွေကို ထုတ်လုပ်ဖို့ တကယ်ပဲ လက်လျှော့လိုက်ပြီလို့ ထုတ်ပြန်ကြေညာလိုက်တာပါ။ AirPower တွေကို မထုတ်လုပ်တော့ဖို့ ဆုံးဖြတ်လိုက်ရတာက ကုမ္ပဏီက လိုချင်တဲ့ “မြင့်မားတဲ့ အဆင့်အတန်းနဲ့လျော်ညီအောင် မထုတ်လုပ်နိုင်တာကြောင့်” လို့ Apple ရဲ့ ဟာ့ဒ်ဝဲအင်ဂျင်နီယာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Dan Riccio က ပြောပါတယ်။

Dan က Apple အနေနဲ့ AirPower တွေကို အကောင်းဆုံးရလဒ်ဖြစ်အောင် ကြိုးစားခဲ့ပေမယ့် ကုမ္ပဏီက သတ်မှတ်ထားတဲ့ မြင့်မားတဲ့အဆင့်အတန်းကို မပြည့်မီဘူးလို့ သတ်မှတ်ခဲ့ရတာကြောင့် ဆက်လက်မကြိုးစားတော့ဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် AirPower ကို စောင့်မျှော်နေကြတဲ့ Apple ရဲ့အမာခံဖောက်သည်တွေကိုလည်း တောင်းပန်စကားဆိုပြီး ကြိုးမဲ့အားသွင်းစနစ်နဲ့ပတ်သက်ပြီး ဆက်လက်ကြိုးစားသွားဦးမှာ ဖြစ်တယ်လို့ Dan က ထပ်မံပြောဆိုခဲ့ပါတယ်။

AirPower တွေသာ အမှန်တကယ် ထွက်ပေါ်လာမယ်ဆိုရင်တော့ Apple Watch, AirPod, iPhone စတဲ့ ထုတ်ကုန်တွေကို တစ်ခုချင်းဖြစ်ဖြစ်၊ အားလုံးတစ်ပြိုင်နက်ပဲဖြစ်ဖြစ် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Device မှာလည်း အားဘယ်လောက်ထိဝင်နေပြီလဲဆိုတာကို ပြသပေးဦးမှာ ဖြစ်ပါတယ်။ AirPower တွေ ထွက်ပေါ်မလာရတဲ့ အဓိကပြဿနာက အပူလွန်ကဲခြင်းကို မဖြေရှင်းနိုင်တာကြောင့် ဖြစ်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် Apple ကတော့ တရားဝင် ပြောဆိုခြင်းမရှိခဲ့ပါဘူး။

Ref: GSMArena