Apple ဟာ ရုပ်ပိုင်းဆိုင်ရာ ခလုတ်တွေကို နေရာအများကြီးမပေးလိုတဲ့ ဒီဇိုင်းအယူအဆနဲ့ပတ်သက်လာရင် မပြောင်းလဲသေးဘူးလို့ ဆိုရမှာပါ။ ကုမ္ပဏီဟာ ကျစ်လစ်သိပ်သည်းတဲ့ ကိရိယာကိုပြသတဲ့ “compact pivoting input device” ဒီဇိုင်းကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။

Apple က မူပိုင်ခွင့်တင်ခဲ့တဲ့ ဒီဇိုင်းပုံအရ ခလုတ်အတွက်နေရာကို လျှော့ချနိုင်ရုံသာမက Programmable feedback ကိုလည်း ပေးနိုင်တယ်လို့ ယူဆရပါတယ်။ ဒီခလုတ်ဟာ မတူညီတဲ့ Haptic တုံ့ပြန်ချက်ကိုပေးနိုင်ပြီး ဒီပေးပို့ချက်ကို Software က Configure လုပ်နိုင်ပြီး Force-sensitive လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

မူပိုင်ခွင့်ဒီဇိုင်းပုံမှာတော့ iPhone ရဲ့ ပါဝါခလုတ်တစ်ခုနဲ့ ဥပမာထားပြီးဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ့အကောင်အထည်ဖော်တဲ့အခါ iPhone ပါဝါခလုတ်မှာပဲ အသုံးပြုလာဖွယ်ရှိပါတယ်။ ဒါပေမယ့် ဒီ Device ဟာ အခြားအသုံးပြုမှုတွေကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ခလုတ်တွေအဖြစ်သာမကဘဲ Toggles အတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုထားပြီး အခြား အသုံးပြုမှုဆိုင်ရာတွေလည်း ရှိလာနိုင်ပါတယ်။ မူပိုင်ခွင့်အရ ဒီ Mechanism ဟာ စပီကာနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး အီလက်ထရစ်ကွိုင်ဟာ သံလိုက်ကို ဝန်းရံထားတဲ့ပုံစံလည်း ဖြစ်ပါတယ်။ ပါဝါကို အသုံးပြုတဲ့အခါ သံလိုက်ကိုလှုံ့ဆော်ပြီး တုံ့ပြန်မှု ပြန်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

Apple အနေနဲ့ iPhone ပေါ်က Home ခလုတ်ကို Capacitive sensor အဖြစ် အသွင်ပြောင်းထားပြီး ဖြစ်ပါတယ်။ ဒါကလည်း Taptic Engine ပေါ်မှာ မှီခိုနေပြီး “click” sensation ကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ MacBook မှာရှိတဲ့ Touchpad တွေနဲ့ သဘောသဘာဝချင်း အတူတူပဲလို့ ဆိုနိုင်ပါတယ်။

Ref: GSM Arena