[Unicode]

လအနည်းငယ်ကြာအောင် ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက် Apple Pay Express Transit ဟာ မြေအောက်သယ်ယူပို့ဆောင်ရေးများ၊ ဘတ်စကားနဲ့ ရထားတွေအပါအဝင် လန်ဒန်မြို့ရဲ့ Yellow Reader ရှိတဲ့ ဘယ်နေရာမှာမဆို အသုံးပြုလို့ရနိုင်ပြီ ဖြစ်ပါတယ်။

Apple Pay Express Transit ကို အသုံးပြုဖို့အတွက် အခြေခံအားဖြင့် iPhone ဒါမှမဟုတ် Apple Watch ရှိဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် လန်ဒန်မြို့ရဲ့ အထင်ကရ Oyster ကဒ်ကို ချန်ထားခဲ့လို့ရပြီ ဖြစ်ပါတယ်။ Express Transit feature ကို စတင်အသုံးပြုမယ်ဆိုရင် ငွေပေးချေဖို့ ကြိုက်နှစ်သက်ရာ ကဒ်တစ်ခုကို ရွေးဖို့ပဲလိုအပ်တယ်လို့ သိရပါတယ်။

အမည်မှာပါဝင်တဲ့ “Express” ဆိုတဲ့ အဓိပ္ပါယ်ဟာ ပုံမှန် Authentication ကို ကျော်ပြီး မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လို့လည်း သိရပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူရဲ့ iPhone ဒါမှမဟုတ် Apple Watch မှာ ဘက်ထရီအားကုန်သွားပြီးနောက် ၅ နာရီကြာတဲ့အထိ ဆက်ပြီးအလုပ်လုပ်သေးတယ်ဆိုတာပါပဲ။

ဒါပေမယ့် ဘက်ထရီအားကုန်ပြီး ၅ နာရီထိဆက်အလုပ်လုပ်ရာမှာ iPhone XS, XR နဲ့ နောက်ပိုင်းမျိုးဆက်သစ် iPhone တွေဖြစ်ဖို့တော့ လိုအပ်ပါတယ်။ အကယ်၍ ဖုန်းကို ပိတ်ထားတယ်ဆိုရင်တော့ ဒီ Transit feature ကို ပိတ်ထားတာနဲ့ အတူတူပဲဖြစ်တာကြောင့် ဖုန်းဖွင့်ထားဖို့တော့ လိုအပ်တယ်လို့ သိရပါတယ်။

Authentication ဟာ ပုံမှန် Apple Pay ငွေကြေးလွှဲပြောင်းမှုအတွက် လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ iPhone ဒါမှမဟုတ် Apple Watch ပျောက်ဆုံးသွားရင်လည်း Express Transit feature ကိုအဝေးကနေ လှမ်းပိတ်နိုင်ပါတယ်။ ဒီ Feature ကို အခြားဒေသတွေက ပြည်သူလူထု သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေဖြစ်တဲ့ နယူးယောက် (MTA)၊ ပေါ့လန် (TriMet)၊ ဂျပန် (Suica)၊ ပေကျင်းနဲ့ ရှန်ဟိုင်း စတဲ့နေရာတွေမှာလည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref: GSM Arena

[Zawgyi]

လန္ဒန္မွာ အသုံးျပဳလို႔ရေနၿပီျဖစ္တဲ့ Apple Pay Express Transit

လအနည္းငယ္ၾကာေအာင္ ပူးေပါင္းေဆာင္႐ြက္ၿပီးတဲ့ေနာက္ Apple Pay Express Transit ဟာ ေျမေအာက္သယ္ယူပို႔ေဆာင္ေရးမ်ား၊ ဘတ္စကားနဲ႔ ရထားေတြအပါအဝင္ လန္ဒန္ၿမိဳ႕ရဲ႕ Yellow Reader ရွိတဲ့ ဘယ္ေနရာမွာမဆို အသုံးျပဳလို႔ရႏိုင္ၿပီ ျဖစ္ပါတယ္။

Apple Pay Express Transit ကို အသုံးျပဳဖို႔အတြက္ အေျခခံအားျဖင့္ iPhone ဒါမွမဟုတ္ Apple Watch ရွိဖို႔ပဲ လိုအပ္ပါတယ္။ ဒါေၾကာင့္ လန္ဒန္ၿမိဳ႕ရဲ႕ အထင္ကရ Oyster ကဒ္ကို ခ်န္ထားခဲ့လို႔ရၿပီ ျဖစ္ပါတယ္။ Express Transit feature ကို စတင္အသုံးျပဳမယ္ဆိုရင္ ေငြေပးေခ်ဖို႔ ႀကိဳက္ႏွစ္သက္ရာ ကဒ္တစ္ခုကို ေ႐ြးဖို႔ပဲလိုအပ္တယ္လို႔ သိရပါတယ္။

အမည္မွာပါဝင္တဲ့ “Express” ဆိုတဲ့ အဓိပၸါယ္ဟာ ပုံမွန္ Authentication ကို ေက်ာ္ၿပီး ျမန္ျမန္ဆန္ဆန္ ျပဳလုပ္ႏိုင္တယ္ဆိုတဲ့ အဓိပၸါယ္လို႔လည္း သိရပါတယ္။ စိတ္ဝင္စားစရာေကာင္းတာကေတာ့ ဒီလုပ္ေဆာင္ခ်က္ဟာ အသုံးျပဳသူရဲ႕ iPhone ဒါမွမဟုတ္ Apple Watch မွာ ဘက္ထရီအားကုန္သြားၿပီးေနာက္ ၅ နာရီၾကာတဲ့အထိ ဆက္ၿပီးအလုပ္လုပ္ေသးတယ္ဆိုတာပါပဲ။

ဒါေပမယ့္ ဘက္ထရီအားကုန္ၿပီး ၅ နာရီထိဆက္အလုပ္လုပ္ရာမွာ iPhone XS, XR နဲ႔ ေနာက္ပိုင္းမ်ိဳးဆက္သစ္ iPhone ေတြျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။ အကယ္၍ ဖုန္းကို ပိတ္ထားတယ္ဆိုရင္ေတာ့ ဒီ Transit feature ကို ပိတ္ထားတာနဲ႔ အတူတူပဲျဖစ္တာေၾကာင့္ ဖုန္းဖြင့္ထားဖို႔ေတာ့ လိုအပ္တယ္လို႔ သိရပါတယ္။

Authentication ဟာ ပုံမွန္ Apple Pay ေငြေၾကးလႊဲေျပာင္းမႈအတြက္ လိုအပ္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ အကယ္၍ iPhone ဒါမွမဟုတ္ Apple Watch ေပ်ာက္ဆုံးသြားရင္လည္း Express Transit feature ကိုအေဝးကေန လွမ္းပိတ္ႏိုင္ပါတယ္။ ဒီ Feature ကို အျခားေဒသေတြက ျပည္သူလူထု သယ္ယူပို႔ေဆာင္ေရးဝန္ေဆာင္မႈေတြျဖစ္တဲ့ နယူးေယာက္ (MTA)၊ ေပါ့လန္ (TriMet)၊ ဂ်ပန္ (Suica)၊ ေပက်င္းနဲ႔ ရွန္ဟိုင္း စတဲ့ေနရာေတြမွာလည္း အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSM Arena