Apple ရဲ့ လက်ရှိ iPhone တွေမှာ အသုံးပြုနေတဲ့ A Series Bionic Chip တွေဟာ Taiwan Semiconductor Manufacturing Company (TSMC) ဆီကနေပဲ မှာယူနေတာဖြစ်ပါတယ်။ အခုလည်း TSMC ကနေ လာမယ့်နှစ်ကုန်ပိုင်းမှာမိတ်ဆက်လာမယ့် iPhone 12 Series ဖုန်းတွေအတွက် 5nm Chip တွေကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ TSMC ရဲ့ 5nm Chip တွေဟာ Apple အတွက် A14 Bionic Chip တွေမှာ အသုံးပြုလာမယ့်အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း သိသိသာသာကိုတိုးတက်လာဖို့ရှိနေပါတယ်။ TSMC အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်အတွင်းမှာ အဆိုပါ 5nm Chip တွေအမြောက်အများထုတ်လုပ်မှုကို စတင်မယ်လို့ ကြေညာထားတဲ့အတွက် ယခု ဧပြီလအတွင်းမှာ စတင်နိုင်ဖွယ်ရှိနေပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Apple ကနေ TSMC ကို ယခင်ပြောထားတဲ့ပမာဏထက်ပိုပြီး 5nm Chip တွေကို မှာယူလိုက်တယ်လို့ သိရပါတယ်။ အခုလိုမျိုး မှာယူမှုဟာ Apple အတွက် iPhone 12 မိတ်ဆက်မယ့်အချိန်ကို အများကြီးနှောင့်နှေးမှာကို ရှောင်လွှဲနိုင်ဖို့အပြင် ယခင် iPhone တွေထက်ပိုပြီး ရောင်းချရမယ်လို့ ခန့်မှန်းထားတာကြောင့်ဖြစ်နိုင်ပါတယ်။

TSMC ဟာ Apple အတွက် Chipset တွေကိုပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက ထောက်ပံ့လာခဲ့တာဖြစ်ပြီး 5nm Architecture ကို အခြေခံထားမယ့် A14 Bionic Chip ဟာ လည်း ကမ္ဘာ့ပထမဆုံး 3GHz Clock Speed ကို ကျော်တဲ့ Chipset ဖြစ်လာမှာဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း စမတ်ဖုန်းတွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်လာမှာပါ။

Ref – Gizmo China