Apple ဟာ မနှစ်တုန်းက MacBook Pro 15 ထက် စွမ်းဆောင်ရည်ပိုင်းပိုကောင်းတဲ့အပြင် Design ပိုင်းပါ ပြောင်းလဲထားတဲ့ MacBook Pro 16 ကို 16-inch Display နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာလည်း MacBook Pro 13 ကို MacBook Pro 14 အနေနဲ့ ပြောင်းလဲမိတ်ဆက်မယ့်အပြင် တခြားထူးခြားတဲ့ Feature တွေပါ ပါဝင်လာမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲခန့်မှန်းတတ်တဲ့ Analyst Ming-Chi Kuo ကနေ Apple ဟာ mini-LED Display ကိုအသုံးပြုထားတဲ့ 14.1-inch MacBook Pro အသစ်ကို မိတ်ဆက်လာမယ်လို့ ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ ယခုနှစ်အတွင်း မိတ်ဆက်ဖို့ရှိနေတဲ့ 27-inch iMac Pro ၊ 7.9-inch iPad Mini ၊ 12.9-inch iPad Pro ၊ 10.2-inch iPad နဲ့ 16-inch MacBook Pro တွေအကုန်လုံးလည်း mini-LED Display ကိုပြောင်းလဲအသုံးပြုလာမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါ Product တွေထဲမှာ 14.1-inch MacBook Pro က အစောဆုံး mini-LED Display နဲ့ Apple Product ဖြစ်လာမှာဖြစ်ပြီး iPad Pro အသစ်က လာမယ့် ၂၀၂၀ ခုနှစ် စတုတ္ထ ၄ လပတ်မှမိတ်ဆက်လာမယ်လို့ သိရပါတယ်။ ကျန်တဲ့ Product မိတ်ဆက်မယ့်အချိန်တွေကိုတော့ Ming-Chi Kuo ကနေ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Ming-Chi Kuo ရဲ့ ပြောကြားချက်အရတော့ Apple အနေနဲ့ OLED Display တွေအစား mini-LED ကို ရွေးချယ်လိုက်တာက OLED ရဲ့ အားသာချက်တွေဖြစ်တဲ့ Localized Dimming ၊ Wide Color Gamut လိုမျိုး Feature တွေကို အသုံးပြုနိုင်တဲ့အပြင် အားနည်းချက်တွေဖြစ်တဲ့ Display Burn-in လိုမျိုး ကိစ္စတွေကိုလည်း ရှောင်ရှားနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Ref – The Verge