Zawgyi

လက္ရွိအခ်ိန္မွာ Android ဖုန္းေတြေတာ္ေတာ္မ်ားမ်ားက 5G ကို စတင္ Support ျပဳလုပ္လာၾကပါျပီ။ ဒီဖုန္းေတြထဲမွာ Xiaomi Mi Mix 3 5G ၊ OnePlus 7 Pro 5G ၊ Samsung Galaxy S10 5G အပါအဝင္ဖုန္းေတြအမ်ားအျပားပါဝင္ေနတာျဖစ္ပါတယ္။

ဒီလုိမ်ိဳး Android ဖုန္းေတြက 5G ကို ဒီႏွစ္ထဲက စျပီးထုတ္ေနၾကေပမယ့္ တဖက္က Apple ကေတာ့ လာမယ့္ ၂၀၂၀ ခုႏွစ္ၾကမွ 5G ကို Support ေပးသြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ကို ေလာေလာဆယ္မွာ အျဖစ္ႏုိင္ဆံုးက Intel ကေန Apple ကို 5G Modem ေတြကို Support ေပးသြားမွာပါ။ ဒါေပမယ့္ Apple အေနနဲ႔ Intel က Support ေပးမယ္ဆုိတာနဲ႔တင္မလံုေလာက္တဲ့ပံုပါပဲ။

ဘာေၾကာင့္လဲဆုိရင္ Apple ကေန Intel ရဲ႕ ဂ်ာမနီႏုိင္ငံအေျခစိုက္ Modem Business ကို ဝယ္ယူဖုိ႔ စိတ္ကူးေနတယ္ဆုိျပီး သတင္းေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။ အဆိုပါ ဂ်ာမနီႏုိင္ငံက Modem Business ကိုေရာင္းခ်ဖုိ႔ Intel ကိုယ္တုိင္ကလည္း စိတ္ကူးေနတာျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ထဲက Intel ကေန ေဒၚလာ ၁.၄ ဘီလီယံနဲ႔ အပိုင္ဝယ္ယူခဲ့တဲ့လုပ္ငန္းတစ္ခုလည္းျဖစ္ပါတယ္။

ဒီလုိမ်ိဳး Apple ကသာ Intel ရဲ႕ 5G Modem Business တစ္ခုလံုးကို ဝယ္ယူခဲ့မယ္ဆုိရင္ ေနာက္ပိုင္း iPhone ေတြမွာ ပိုျပီးေကာင္းမြန္တဲ့ 5G Modem ေတြကို ထည့္သြင္းလာႏုိင္ပါတယ္။ အခုေလာေလာဆယ္မွာ 5G Modem ေတြကို ေသခ်ာထုတ္ႏုိင္တာဆိုလုိ႔ Qualcomm ၊ Huawei နဲ႔ Samsung လုိ ကုမၸဏီေတြပဲရွိေနေသးတဲ့အတြက္ Apple အတြက္ကေတာ့ အခုအခြင့္အေရးကို အသံုးခ်ျပီး 5G iPhone ေတြနဲ႔ လာမယ့္ႏွစ္မွာ ေသခ်ာကို ယွဥ္ျပိဳင္လာႏုိင္ပါတယ္။

Ref – Ars Technica

Unicode

လက်ရှိအချိန်မှာ Android ဖုန်းတွေတော်တော်များများက 5G ကို စတင် Support ပြုလုပ်လာကြပါပြီ။ ဒီဖုန်းတွေထဲမှာ Xiaomi Mi Mix 3 5G ၊ OnePlus 7 Pro 5G ၊ Samsung Galaxy S10 5G အပါအဝင်ဖုန်းတွေအများအပြားပါဝင်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး Android ဖုန်းတွေက 5G ကို ဒီနှစ်ထဲက စပြီးထုတ်နေကြပေမယ့် တဖက်က Apple ကတော့ လာမယ့် ၂၀၂၀ ခုနှစ်ကြမှ 5G ကို Support ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကို လောလောဆယ်မှာ အဖြစ်နိုင်ဆုံးက Intel ကနေ Apple ကို 5G Modem တွေကို Support ပေးသွားမှာပါ။ ဒါပေမယ့် Apple အနေနဲ့ Intel က Support ပေးမယ်ဆိုတာနဲ့တင်မလုံလောက်တဲ့ပုံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple ကနေ Intel ရဲ့ ဂျာမနီနိုင်ငံအခြေစိုက် Modem Business ကို ဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အဆိုပါ ဂျာမနီနိုင်ငံက Modem Business ကိုရောင်းချဖို့ Intel ကိုယ်တိုင်ကလည်း စိတ်ကူးနေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲက Intel ကနေ ဒေါ်လာ ၁.၄ ဘီလီယံနဲ့ အပိုင်ဝယ်ယူခဲ့တဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုမျိုး Apple ကသာ Intel ရဲ့ 5G Modem Business တစ်ခုလုံးကို ဝယ်ယူခဲ့မယ်ဆိုရင် နောက်ပိုင်း iPhone တွေမှာ ပိုပြီးကောင်းမွန်တဲ့ 5G Modem တွေကို ထည့်သွင်းလာနိုင်ပါတယ်။ အခုလောလောဆယ်မှာ 5G Modem တွေကို သေချာထုတ်နိုင်တာဆိုလို့ Qualcomm ၊ Huawei နဲ့ Samsung လို ကုမ္ပဏီတွေပဲရှိနေသေးတဲ့အတွက် Apple အတွက်ကတော့ အခုအခွင့်အရေးကို အသုံးချပြီး 5G iPhone တွေနဲ့ လာမယ့်နှစ်မှာ သေချာကို ယှဉ်ပြိုင်လာနိုင်ပါတယ်။

Ref – Ars Technica