[Zawgyi]

Apple ဟာ ကိုယ္ပိုင္ Modem ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတာ အားလုံးအသိပဲျဖစ္ပါလိမ့္မယ္။ ကယ္လီဖိုးနီးယား၊ ဆန္ဒီေယဂိုမွာ လုပ္ငန္းအထိုင္ခ်ဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ဒီအတြက္ ေနာက္သံုးႏွစ္အတြင္း အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၁၂၀၀ အထိ ေပၚေပါက္လာေစမယ္လို႔ Apple က ေၾကညာလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္က ထုတ္ျပန္သြားတဲ့ သတင္းထဲမွာေတာ့ ဒီ ၂၀၁၉ ႏွစ္ ကုန္ဆုံးခ်ိန္မွာတင္ အလုပ္အကိုင္အခြင့္အလမ္း ၂၀၀ အထိ ျဖစ္ေပၚလာႏိုင္ဖြယ္ရွိဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။ Qualcomm ကလည္း ဆန္ဒီေယဂိုမွာ အေျခခ်ထားတာျဖစ္တာေၾကာင့္ တရားရင္ဆိုင္မႈေတြျဖစ္ခဲ့ၾကတဲ့ ကုမၸဏီႏွစ္ခုၾကား ၿပိဳင္ဆိုင္မႈဟာ ပိုၿပီးျပင္းထန္လာႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ Apple အေနနဲ႔ Modem ေတြကို စတင္ထုတ္လုပ္ဖို႔ ေျခလွမ္းစ႐ုံသာ စရေသးတာျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့လက ထြက္ေပၚခဲ့တဲ့ သတင္းအရေတာ့ ဒီလုပ္ငန္းစဥ္အတြက္ ဦးေဆာင္သူေနရာကို အေျပာင္းအလဲလုပ္ခဲ့ၿပီး အရွိန္အဟုန္ ျမႇင့္တင္ခဲ့တာကို ေတြ႕ရပါတယ္။

Apple ဟာ ကိုယ္ပိုင္ Chipset နဲ႔ Modem ေတြကို ထုတ္လုပ္ျခင္းအားျဖင့္ ေရရွည္ ကုန္က်စရိတ္ကိုေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ CPU နဲ႔ Modem ကို ေပါင္းစပ္ႏိုင္ခဲ့ရင္ အနာဂတ္ထုတ္ကုန္ေတြမွာ ဘက္ထရီသက္တမ္းကိုလည္း ပိုမိုတိုးတက္ေကာင္းမြန္ေအာင္ ျပဳလုပ္ႏိုင္လာမွာ ျဖစ္ပါတယ္။

Apple ရဲ႕ ကိုယ္ပိုင္ Modem ထုတ္လုပ္မႈဟာ ၂၀၂၀ အထိ အေကာင္အထည္ေပၚဦးမွာ မဟုတ္ေသးတဲ့အတြက္ အဆိုပါအခ်ိန္အထိေတာ့ အျခား Supplier ေတြဆီကပဲ ဝယ္ယူသုံးစြဲရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Apple ကြောင့် ဆန်ဒီယေဂိုမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၂၀၀၀ ပေါ်ပေါက်လာဦးမည်

Apple ဟာ ကိုယ်ပိုင် Modem ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ အားလုံးအသိပဲဖြစ်ပါလိမ့်မယ်။ ကယ်လီဖိုးနီးယား၊ ဆန်ဒီယေဂိုမှာ လုပ်ငန်းအထိုင်ချဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီအတွက် နောက်သုံးနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၂၀၀ အထိ ပေါ်ပေါက်လာစေမယ်လို့ Apple က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်က ထုတ်ပြန်သွားတဲ့ သတင်းထဲမှာတော့ ဒီ ၂၀၁၉ နှစ် ကုန်ဆုံးချိန်မှာတင် အလုပ်အကိုင်အခွင့်အလမ်း ၂၀၀ အထိ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ Qualcomm ကလည်း ဆန်ဒီယေဂိုမှာ အခြေချထားတာဖြစ်တာကြောင့် တရားရင်ဆိုင်မှုတွေဖြစ်ခဲ့ကြတဲ့ ကုမ္ပဏီနှစ်ခုကြား ပြိုင်ဆိုင်မှုဟာ ပိုပြီးပြင်းထန်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ Apple အနေနဲ့ Modem တွေကို စတင်ထုတ်လုပ်ဖို့ ခြေလှမ်းစရုံသာ စရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ သတင်းအရတော့ ဒီလုပ်ငန်းစဉ်အတွက် ဦးဆောင်သူနေရာကို အပြောင်းအလဲလုပ်ခဲ့ပြီး အရှိန်အဟုန် မြှင့်တင်ခဲ့တာကို တွေ့ရပါတယ်။

Apple ဟာ ကိုယ်ပိုင် Chipset နဲ့ Modem တွေကို ထုတ်လုပ်ခြင်းအားဖြင့် ရေရှည် ကုန်ကျစရိတ်ကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် CPU နဲ့ Modem ကို ပေါင်းစပ်နိုင်ခဲ့ရင် အနာဂတ်ထုတ်ကုန်တွေမှာ ဘက်ထရီသက်တမ်းကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်လာမှာ ဖြစ်ပါတယ်။

Apple ရဲ့ ကိုယ်ပိုင် Modem ထုတ်လုပ်မှုဟာ ၂၀၂၀ အထိ အကောင်အထည်ပေါ်ဦးမှာ မဟုတ်သေးတဲ့အတွက် အဆိုပါအချိန်အထိတော့ အခြား Supplier တွေဆီကပဲ ဝယ်ယူသုံးစွဲရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena