လက်ရှိအချိန်မှာ Apple နဲ့ Fortnite Game Developer ကုမ္ပဏီဖြစ်တဲ့ Epic တို့က App Store နဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ Fortnite ကို လက်ရှိ Apple App Store ကနေ Ban ထားသလိုပဲ Fortnite ကလည်း Apple Device တွေမှာ Game Season အသစ်တွေကို ဆော့ကစားနိုင်မှာမဟုတ်တော့ဘူးလို့ ကြေညာထားပြီးဖြစ်ပါတယ်။

Apple Devices တွေပေါ်မှာ Fortnite ကို တခြားသော Platform တွေနဲ့ ချိတ်ဆက်ပြီးတော့လည်း ကစားနိုင်မှာ မဟုတ်တော့ပါဘူး။ ပုံမှန်အားဖြင့် Fortnite ဟာ Apple Device တွေအပြင် PlayStation ၊ Xbox ၊ PC ၊ Nintendo Switch နဲ့ Android OS မှာပါ အတူဆော့ကစားနိုင်တဲ့ Battle Royale ဂိမ်းတစ်ခုဖြစ်ပါတယ်။

အဲ့ဒီအတွက် iOS Device တွေ၊ macOS Device တွေအနေနဲ့ တခြားသော Platform တွေနဲ့အတူ ဆော့ကစားနိုင်မှာမဟုတ်တော့ပေမယ့် Apple Device အချင်းချင်းပဲ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Season Update လည်းရရှိမှာမဟုတ်တော့တဲ့အတွက် အခုအတိုင်းဆက်သွားမယ်ဆိုရင် Apple Device တွေအတွက် Fortnite ဟာ နောက်ပိုင်းမှာ ဆော့ကစားနိုင်ဖို့တောင် ခဲယဥ်းနေပါပြီ။

အခုလိုမျိုး Epic နဲ့ Apple တို့ရဲ့ တရားရင်ဆိုင်မှုတွေဟာ Epic ကနေ Apple ကိုပေးဆောင်ရတဲ့ အခွန် ၃၀ ရာခိုင်နှုန်းကို ရှောင်လွှဲဖို့ ကြိုးစားတာကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref – Android Authority